Channel Myanmar

Billy Howle

Chloe (2022) 6.9
Chloe (2022) Chloe (2022)BBC Oneမှာ ပြသခဲ့ပြီး Amazon Primeမှာ streamingလုပ်ခဲ့တဲ့ ဗြိတိန် psycho: thrillerစီးရီးတစ်ခုကို တင်ဆက်​ပေးလိုက်ပါတယ်၊ အပိုင်း ၆ပိုင်းပါဝင်တဲ့ Miniseriesဖြစ်ပြီး IMDb 6.5, RTမှာ 94% ရထားပါတယ်။ အစအဆုံး ထွက်ရှိထားပြီး CMက​နေ ဆက်တိုက်ပဲ တင်ဆက်​ပေးသွားပါ့မယ်။လူတိုင်းမှာ စိတ်ထဲကအားကျရသူ၊ သ​ဘောကျရသူဆိုတာ ရှိစမြဲပါ။ ဘက်ကီဂရင်းအတွက် အဲဒီလူဟာ ကလိုဝီဖဲရ်ဘွန်းဆိုတဲ့ မိန်းက​လေး တစ်​ယောက်ပါ။ Instagramလိုမျိုး လူမှုကွန်ရက်​ပေါ်က ဘဝ​​တွေနဲ့ သူ့ရဲ့ လက်​တွေ့ဘဝကို ယှဉ်​တွေး​နေတတ်တဲ့ ဘက်ကီအဖို့ ကလိုဝီရဲ့ ဘဝဟာ လုံးဝပြီးပြည့်စုံ​နေခဲ့တာပါ။ဒါ​ပေမဲ့ တစ်​​ရက်မှာ​​ ကလိုဝီသတ်​သေသွား​ကြောင်း သတင်းတစ်ခုကို ဘက်ကီတစ်​ယောက် မထင်မှတ်ဘဲ ​တွေ့လိုက်ပါတယ်။ ထူးဆန်းတာ တစ်ခုက ကလိုဝီ ​သေ​ကြောင်းမကြံခင်ညက ဘက်ကီကို ဖုန်းဆက်ဖို့ ကြိုးစားခဲ့တာပါ။ သူအားကျတဲ့ မိန်းက​လေးက ​သတ်​သေသွား​တော့ ဘက်ကီဟာ ဒီတိုင်းမ​ကျေနပ်နိုင်ဘဲ ဆာရှာမိုင်းစ်ဆိုတဲ့နာမည်အတုနဲ့ ကလိုဝီရဲ့ လူကုံထံမိတ်​​ဆွေအသိုင်းအဝိုင်းကြား ဝင်​ရောရင်း ကလိုဝီ သတ်​သေသွားရတဲ့ အ​ကြောင်းရင်းအမှန်ကိုရှာ​ဖွေရင်း ထင်တာထက် ပိုနက်နဲတဲ့အ​​ဖြေ​တွေ ထွက်​​ပေါ်လာပါ​တော့တယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။Genre..... ...
6.9
TMDb: 6.9/10 14 votes
tv

Chloe (2022)

2022
Under the Banner of Heaven (2022)
Under the Banner of Heaven (2022) Under The Banner of Heaven (2022)(Completed Limited Series) ~ IMDb - 8.9/10, RT - 75%, Meta - 83% ~ လက်ပေါက်အကပ်ဆုံး အမြင်ကပ်စရာအကောင်းဆုံး ကြောက်စရာအကောင်းဆုံးလူတွေကို ပြပါဆိုရင် ဘာသာရေးအစွန်းရောက်တွေကိုပြရမယ်ထင်တယ်။ ကမ္ဘာအရှည်ကြာဆုံး ခရူးဆိတ် စစ်ပွဲဆိုတာ ဘာသာရေးအစွန်းရောက်တွေကြောင့် ဖြစ်တာလို့ ပြောချင်ပါတယ်။ ဘာသာရေးအစွန်းရောက်တွေကြောင့် တခြားအယူဝါဒတွေ၊ သိပ္ပံပညာ၊ လွတ်လပ်တဲ့ အတွေးအခေါ်ဟာ မိစ္ဆာဒိဌိဖြစ်လာတယ်။ အယူဝါဒကွဲပြားမှုတွေကြောင့် ကောင်းကင်ဘုံရဲ့အလံတော်အောက်ကနေ တိုက်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကမ္ဘာပေါ်မှာ သွေးမြေကျခဲ့တဲ့ လူတွေ ဘယ်လောက်တောင်များနေပြီလဲ... Under The Banner of Heaven က အဲဒီဇာတ်လမ်းတွေထဲက တစ်ပုဒ်ပါ။ ဖြစ်ရပ်မှန်ကို အခြေခံတဲ့ ဇာတ်လမ်းတွေကို ရေးတဲ့ စာရေးဆရာ Jon Krakauer ရဲ့ နာမည်တူ ဝတ္ထုကို ရုပ်ရှင် အဖြစ်ပြောင်းလဲ ...

Under the Banner of Heaven (2022)

2022