Channel Myanmar

Boss Jettanut Mahattanapruet

La Pluie (2023) 10
La Pluie (2023) La Pluie / အချစ်ရဲ့စကားသံ (2023)ဒီတစ်ခေါက်တင်ဆက်သွားမယ့် စီးရီးလေးကတော့ "La Pluie" ဆိုတဲ့ ဝတ္ထုကိုမှီငြမ်းပြီး ရိုက်ကူးထားတဲ့ ထိုင်း BL စီးရီးလေးပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ ဆန်တိုင် ဆိုတဲ့ကောင်လေးက မိုးရွာတဲ့အချိန်ရောက်တိုင်း အကြားအာရုံပျောက်သွားတတ်တဲ့ ရောဂါတစ်မျိုးကို ခံစားနေရသူဖြစ်ပါတယ်။ ဒီရောဂါဟာ သူတို့နေထိုင်နေတဲ့ ကမ္ဘာကြီးမှာဆိုရင် မထူးဆန်းတော့တဲ့ ရောဂါတစ်မျိုးလိုဖြစ်နေပါပြီ။ တချို့ကတော့ ဒီရောဂါဟာ ဆန်းကြယ်မှုတစ်ခုလို့ သတ်မှတ်ကြပြီး တချို့ကတော့ ကျိန်စာလို့ သတ်မှတ်ကြတယ်။ ဘာကြောင့်လဲဆိုတော့ ဒီရောဂါဟာ လုံးဝ နားမကြားရတာမဟုတ်ဘဲ မိုးရွာတဲ့အချိန်မှသာ ဘယ်လိုအသံမျိုးကိုမှမကြားရတော့တာကြောင့်ဖြစ်ပါတယ်။ ဒီအကြားအာရုံပျောက်တဲ့ လက္ခဏာတွေထဲမှာ ထူးဆန်းတာတစ်ခုလည်းရှိနေပါသေးတယ်။ ဒီရောဂါခံစားနေရတဲ့သူတွေမှာ အသက် ၂၀ပြည့်တာနဲ့ ကိုယ့်နှလုံးသားနဲ့ ထပ်တူကျတဲ့ ဖူးစာရှင်ရဲ့ အသံကို ကြားလာရတတ်တယ်ဆိုတဲ့ လက္ခဏာတစ်ခုပါပဲ။ ဒါကို အချစ်စစ်ရဲ့ စတင်မှုတစ်ခုလို့လည်း လူတွေက ယုံကြည်ကြပါသေးတယ်။ဆန်တိုင် ဆိုတဲ့ ကောင်လေးကတော့ ငယ်ဘဝကမိဘတွေရဲ့အိမ်ထောင်ရေးကြောင့် ဒီလိုမျိုး အချစ်စစ်နဲ့ ဖူးစာရှင်ဆိုတာမျိုးကို မယုံကြည်နိုင်ခဲ့ပါဘူး။ အသက် ၂၀ ပြည့်တဲ့နေ့ ဖူးစာရှင်ရဲ့ အသံကို စပြီးကြားလိုက်ရတဲ့နေ့မှာ ဆန်တိုင်တစ်ယောက် ...
10
TMDb: 10/10 1 votes
tv

La Pluie (2023)

2023