Channel Myanmar

Carlotta Antonelli

Suburræterna (2023) 6.742
Suburræterna (2023)  အတိတ်ကာလ ရောမမြို့..(function(f,b,n,j,x,e){})(); မြူနီစပယ်နိုင်ငံရေးနဲ့ ပုပ်ရဟန်းမင်းကြီးရဲ့အုပ်ချုပ်မှုတွေကြားမှာရောမမြို့ဟာ ပဋိပက္ခတွေထဲ နစ်မွန်းနေခဲ့တဲ့ကာလ..လူတွေက မြို့တော်ကောင်စီရဲ့အုပ်ချုပ်ရေးပုံစံကို မကျေနပ်လို့ လမ်းမတွေပေါ်မှာဆန္ဒပြရုန်းရင်းဆန်ခတ်ဖြစ်နေကြတဲ့အချိန်..မြို့တော်ကောင်စီနဲ့ ဗာတီကန်တွေ အရေးအခင်းတွေဖြစ်နေကြတဲ့အချိန်မှာမြေအောက်လောကကိုအပိုင်စိုးထားကြတဲ့ ရောမမြို့ရာဇဝတ်ဂိုဏ်းတွေရဲ့ပဋိပက္ခတွေကလည်း စတင်လာပါတော့တယ်။“အာဏာဆိုတာ ပျက်စီးစေတဲ့အရာပဲ။ အကြွင်းမဲ့အာဏာဆိုတာအကုန်လုံးကိုဖျက်ဆီးပစ်နိုင်တယ်။”ဒီဇာတ်ကားမှာ အဖြစ်အပျက်တော်တော်များများက အော်စတီယာဆိုတဲ့ပြည်နယ်လေးမှာဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။ အော်စတီယာဆိုတဲ့ပြည်နယ်ကိုထိန်းချုပ်တာက မူးယစ်ဆေးတရားမဝင်ရောင်းဝယ်နေတဲ့ အန်နာလဲတစ်ဆိုတဲ့ဂိုဏ်းတစ်ခုဖြစ်ပါတယ်။ သူတို့က နိုင်ငံရေးမှာလည်း ပါဝင်ပတ်သက်နေကြပြီးတော့ နိုင်ငံရေးသမားတွေရဲ့လက်ပါးစေလည်းဖြစ်ပါတယ်။ တစ်ရက်မှာတော့အန်နာလဲတစ်ဂိုဏ်းက လုပ်ကြံခံရပြီး အန်နာလဲတစ်ဂိုဏ်းရဲ့သခင်မနဲ့ အခြားမိသားစုဝင်တစ်ချို့ အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒါ့အပြင် သူတို့ရဲ့စံအိမ်တွေနဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးကိုလည်း လုယူခံလိုက်ရပါတယ်။ အန်နာလဲတစ်ဂိုဏ်းရဲ့ဆက်ခံသူဖြစ်တဲ့ စပါဒီနိုက အဲဒီအဖြစ်အပျက်ကြောင့် သူ့မိသားစုအတွက်လက်စားပြန်ချေဖို့ကြိုးစားရာကနေ အစချီပြီး နိုင်ငံရေးလောကမတည်ငြိမ်မှုတွေ၊ရောမမြို့ရဲ့လူတန်းစားမျိုးစုံတွေကြားက အငြင်းပွားမှုတွေကို ရိုက်ကူးပုံဖော်ပြထားတာပဲဖြစ်ပါတယ်။ပြိုင်ဘက်ကိုရှုံးနိမ့်အောင်လုပ်ဖို့အတွက် ဘာမဆိုလုပ်ရလုပ်ရဆိုတဲ့လူတွေအာဏာအတွက် သံယောဇဥ်ကိုစတေးခဲ့တဲ့လူတွေ၊ လောဘရမ္မက်မီးအောက်မှာကျေးကျွန်ဖြစ်သွားကြတဲ့သူတွေစတဲ့ လူတန်းစားမျိုးစုံကိုရိုက်ကူးပုံဖော်ထားတဲ့အတွက် ကြည့်ရင်းနဲ့မွန်းကြပ်လာနိုင်ပေမဲ့ ဘဝအတွက် အသိတစ်ခုတော့ရသွားစေမယ့်စီးရီးကောင်းတစ်ခုပဲဖြစ်ပါတယ်။အပိုင်း ၈ ပိုင်းပါဝင်ပြီးတော့ မကြာသေးခင်ကမှ Netflix က ထွက်ရှိထားတာဖြစ်ပါတယ်။ ( ဒီစီးရီးအတွက်  Yee Wai နဲ့ Thinn တို့က ဘာသာပြန်ပေးထားပြီးအညွှန်းကိုတော့ Yee ...
6.742
TMDb: 6.742/10 33 votes
tv

Suburræterna (2023)

2023
Bang Bang Baby (2022) 7.8
Bang Bang Baby (2022) Bang Bang Baby (2022)ဒီဇာတ်လမ်းတွဲလေးကတော့ အီတလီ ဇာတ်လမ်းတွဲ Crime Drama အမျိုးအစားဖြစ်ပါတယ် ဇာတ်လမ်းကတော့ စိတ်အားငယ်တတ်တဲ့ အဲလစ်ဆိုတဲ့ သာမန်ကောင်မလေးတစ်ယောက် ပေါ်အခြေခံထားပါတယ်အမေနဲ့ပဲ ကြီး​​ပြင်းခဲ့ရပြီး အဖေက​တော့သေသွားခဲ့ပါပြီ သူအဖေက ရာဇဝတ်သားတစ်ယောက်ပါ အဲလစ်က သူ့အဖေကိုပဲ အမြဲသတိရနေခဲ့ပြီး သေသွားပြီဆိုတာကိုလည်း မယုံနိုင်ဖြစ်နေခဲ့ပါတယ် တစ်ရက်မှာ​​ သူငယ်ချင်းတစ်ယောက်နဲ့ သူ့အဖေရဲ့ အမျိုးတွေရှိတဲ့ မြို့ဆီသွားပြီး သူအဖေအကြောင်းစုံစမ်းခဲ့ကြပါတယ် အဲမှာ သူ မယုံကြည်နိုင်လောက်တဲ့ကိစ္စဖြစ်ခဲ့ပြီး အများကြီး ပြောင်းလဲသွားခဲ့ရပါတယ်။ ဘာကိစ္စတွေ ဖြစ်လို့ သူ ဒီလောက်ထိ ပြောင်းလဲသွားခဲ့ရလဲ ဘယ်လိုတွေ ပြောင်းလဲသွားခဲ့တာလဲ ဆိုတာကတော့ ဒီဇာတ်လမ်းတွဲထဲမှာ ဆက်လက်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။စုစုပေါင်း ၁၀ ပိုင်းတိတိ ပါဝင်မှာ ဖြစ်ပြီးတော့ ဆက်တိုက်ဆိုသလို တင်ပေးသွားမှာပဲ ဖြစ်ပါတယ်။Genre.....Drama, Crime Quality…. 1080p | 720p File size… 400MB | 200MB Format… mp4 Duration…. 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kuz, Leonard ...
7.8
TMDb: 7.8/10 14 votes
tv

Bang Bang Baby (2022)

2022