Channel Myanmar

Chang Ryul

The Golden Spoon (2022)
The Golden Spoon (2022) MBC ကနေ Big Mouth အစားအပတ်စဉ် သောကြာ စနေတိုင်းထုတ်လွှင့်ပြသသွားမယ့် "Golden Spoon"...မှင်စာကားထဲက မင်းသားရဲ့တူဖြစ်တဲ့ဒေါ့ဟွာလေးကို မှတ်မိပြီးMystic Pop-Up Bar ကြည့်ဖူးတဲ့သူဆိုဒီကားကို လုံးဝ ကြည့်ချင်ကြမှာ ပြောရဲပါတယ်...ဟုတ်ပါတယ် အဓိကဇာတ်ဆောင်ကBTOB အဖွဲဝင်ဖြစ်ခဲ့တဲ့ အဆိုတော်မင်းသား Yook Sung-Jae ပါပဲဇာတ်လမ်းလေးကလည်းအတော်စိတ်ဝင်စားဖိုကောင်းပါတယ်ကိုရီးယားနိုင်ငံမှာ အဆင့်အတန်းကို ရွှေဇွန်း ၊ ငွေဇွန်း ဆိုပြီးခွဲခြားပြောတတ်ကြတာကို ကြားဖူးမှာပါLee SeungCheon ဆိုတဲ့ အထက်တန်းကျောင်းသားလေးဟာဆင်းရဲတဲ့မိဘတွေနဲ့ တစ်ဘဝလုံး ငွေဇွန်းလိုအပြောခံပြီးရုန်းကန်ကြီးပြင်းလာခဲ့ရတယ်နုံချာတဲ့ အသိုင်းအဝိုင်းကို စိတ်ကုန်နေပြီးချမ်းသာချင်နေတဲ့အချိန်မှာ တိုက်ဆိုင်စွာနဲ့အဘွားအိုကြီး တစ်ယောက် ဈေးရောင်းနေတာကိုကြားလိုက်ရတယ်"မချမ်းသာချင်ဘူးလား?ချမ်းသာအောင်လုပ်ပေးမယ့် ရွှေဇွန်းလေးတစ်ချောင်းတည်းကို ဝမ် သုံးသောင်းတည်းပါ"Seung-Cheon စိတ်ဝင်စားသွားပြီးရွှေဇွန်းကို ဝယ်တဲ့အခါ အဘွားအိုက ဒီလိုမှာလိုက်တယ်"ချမ်းသာတဲ့ မင်းနဲ့ရွယ်တူတစ်ယောက်အိမ်မှာဒီရွှေဇွန်းနဲ့ ထမင်းသုံးနပ်အတူစားပါ အဲလိုဆိုသူ့မိဘတွေက မင်းမိဘတွေဖြစ်လာလိမ့်မယ်"သူလည်း အဘွားအိုပြောတဲ့အတိုင်းအရမ်းချမ်းသာတဲ့ သူနဲ့ရွယ်တူ သူငယ်ချင်းHwang Tae-Yong ရဲ့ အိမ်မှာ အဲရွှေဇွန်းနဲ့ထမင်းသုံးနပ်စားလိုက်တယ် သိပ်မကြာခင်မှာပဲသူ့ရဲ့ ဘဝပြောင်းလဲသွားပါတော့တယ်... **********Yook SungJae ...

The Golden Spoon (2022)

2022
Bargain (a.k.a) Ransom (2022) [Complete] 8
Bargain (a.k.a) Ransom (2022) [Complete] Bargain (a.k.a) Ransom (2022) [အစ-အဆုံး] အပိုင်းသစ် - ၄ မှ ၆ (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ)လူသားဆန်မှု .. တရားဥပဒေ .. အဲ့ဒါတွေ ဒီနေရာမှာမရှိဘူး!!!ဇာတ်လမ်းအညွှန်း ...နိုဟျောင်းဆူ တစ်ယောက် ဘတ်ဂျူယောင်း နဲ့တွေ့ဖို့ မိုတယ် တစ်ခုမှာ တွေ့ဆုံဖို့ ချိန်းထားလိုက်တယ်။ တကယ်လည်းတွေ့ရော ဘတ်ဂျူယောင်းရဲ့ အလှအပတွေကို တအားကို စိတ်ကျေနပ်သွားပြီး ဝန်ဆောင်ခ အားလုံးကျေကျေနပ်နပ်ကြီး ပေးချေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့လည်း ကိစ္စတွေက သူထင်ထားသလို ပျော်ရွှင်စရာ အခိုက်အတန့်မဟုတ်ခဲ့ဘဲ လူတစ်စုက သူ့ကို ဝိုင်းထားလိုက်တဲ့အခါ နိုဟျောင်းဆူတစ်ယောက် အလွန်အံ့အားသင့်သွားခဲ့ရပါတယ်။အဲ့ဒီလူတစ်စုက လူကုန်ကူးတဲ့ ဂိုဏ်းတစ်ခုကလူတွေဖြစ်နေပြီး သူ့ရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ရောင်းထုတ်ဖို့ လုပ်ကိုင်နေကြတာပါ။ ဒီလိုနဲ့ နိုဟျောင်းဆူရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဝယ်ယူကြဖို့ ရွေးချယ်နေကြချိန်မှာ ရုတ်တရက် မြေငလျင်လှုပ်ခတ်လာတဲ့အခါမှာတော့ ... ဘာတွေဆက်ဖြစ်မလဲ? လောဘသားတွေအုပ်စိုးတဲ့ လူသားဆန်မှု ကိုယ်ချင်းစာမှု တရားဥပဒေတွေ ...
8
TMDb: 8/10 1 votes
tv

Bargain (a.k.a) Ransom (2022) [Complete]

2022
My Name(2021)S1 Complete
My Name(2021)S1 Complete My Name(2021) ဇာတ်လမ်းတွဲအညွှန်း*******************************အပိုင်း ( ၁ မှ ၈ ) ထိ စ/ဆုံး....ကဲ CM ကကွီးယားဖန်တွေအတွက် ဒီတစ်ခေါက် တင်ဆက်ပေးမယ့်ကားကတော့... လက်ရှိပြသနေတဲ့ ယူမီဆဲလ်ထဲကမင်းသား Ahn Bo-Hyun နဲ့ လိပ်ပြာကားထဲကမင်းသမီးချောလေးHan So-Hee တို့ရဲ့ ကြမ်းကြရမ်းကြမယ့် "My Name"ဆိုတဲ့ အက်ရှင်ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်...ဇာတ်လမ်းအကျဥ်းYoon Ji-Woo(Han So-Hee) က မူးယစ်ဆေးဂိုဏ်းရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ဖခင်ဖြစ်သူရုတ်တရက်သေဆုံးသွားတဲ့အတွက် အသည်းအသန်လက်စားချေချင်နေတဲ့သူတစ်ယောက်ပါ...ဒီလိုလက်စားချေနိုင်ဖို့ Dongcheonpa ဆိုတဲ့မူးယစ်ဆေးဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Choi Moo-Jin(Park Hee-Soon)ရဲ့ အကူအညီနဲ့ ရဲတပ်ဖွဲ့ထဲကို သူလျှိုအနေနဲ့ဝင်ရောက်ပြီး ဖခင်ဖြစ်သူသေဆုံးမှုရဲ့နောက်ကွယ်ကအကြောင်းရင်းကို ဖော်ထုတ်ဖို့ကြိုးစားပါတော့တယ်...Jeon Pil-Do(Ahn Bo-Hyun)ကတော့ မူးယစ်စုံစမ်းစစ်ဆေးရေးဌာနရဲ့ရဲတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး Yoon Ji-Wooရဲ့ ပါတနာတစ်ယောက်ဖြစ်လာခဲ့ပါတယ်...မူးယစ်ဆေးဂိုဏ်းခေါင်းဆောင်၊ရဲစုံထောက်နဲ့သူလျှို ဒီသုံးယောက်ကြားမှာဘယ်လိုမမျှော်လင့်ထားတဲ့ ဇာတ်လမ်းတွေဖြစ်ပေါ်လာမလဲဆိုတာတော့....အပိုင်း၈ပိုင်းလုံး တစ်နေ့တည်းအပြီးပြသသွားမှာဖြစ်လို့ သောကြာနေ့ညကိုMy Name လေးကြည့်ရင်းဖြတ်သန်းရအောင် CMကနေချက်ချင်းတင်ဆက်ပေးသွားမှာမို့ စောင့်မျှော်အားပေးကြပါဦးနော်...အညွှန်းကိုတော့ Ei Phyu Khin မှ ရေးသားထားပေးပါတယ်...Episodes: 8Duration: 50 MinGenres: ...

My Name(2021)S1 Complete

2021