Channel Myanmar

Charlotte Munck

Baby Fever (2022) 6.4
Baby Fever (2022) Netflix ရဲ့ စိတ်၀င်စားဖွယ် ဒိန်းမတ် စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ CM ပရိတ်သတ်ကြီးရေ....နာနာဆိုတဲ့ အသက် ၃၇ နှစ်အရွယ်အမျိုးသမီးဟာ သားဖွားမီးယပ်ဆရာ၀န်မ တစ်ယောက်ဖြစ်ပါတယ်။ ထူးချွန်ထက်မြက်တဲ့ ဆရာ၀န်ဖြစ်တဲ့အလျောက် သူ့ဆီလာတဲ့ အမျိုးသမီးလူနာတွေကို အမြဲ အကြံဉာဏ်ကောင်းတွေပေး စိတ်ဓာတ်မကျအောင် ဖေးမလို့ ဆေးကုသပေးသူပေါ့။ ကိုယ်၀န်မဆောင်နိုင်မှာ ကြောက်တဲ့သူတွေကိုလည်း သာဓကတွေ အမျိုးမျိုးပေးရင်း စိတ်ကျေနပ်စေတဲ့အပြင် သူ အကြံပေးလိုက်သူတိုင်းကလည်း ကိုယ်၀န်ဆောင်နိုင်သွားတဲ့ မိခင်တွေ ဖြစ်လာပါတယ် ....သို့ပေမဲ့ နာနာ့ရဲ့အဖြစ်က သွားမကောင်းတဲ့ သွားဆရာ၀န်တစ်ယောက်လိုပါပဲ။ အများအကျိူးဆောင်နေပေမယ့် ကိုယ်တိုင်ကျ အခုထိ ကလေးလိုချင်ပါလျက် ကလေးမရနိုင်သူပါ။ မိသားစု မျိုးရိုးဗီဇကြောင့် နောက်ခြောက်လလောက်နေရင် သွေးဆုံးတော့မယ့် နာနာဟာ အဲဒီခြောက်လအတွင်း ကိုယ်၀န်ဆောင်နိုင်ဖို့အရေးဟာ သူ့အတွက် ဘ၀နဲ့ချီ ကြီးမားတဲ့ ဆန္ဒတစ်ခု ဖြစ်နေပါတယ်။ဒီလိုအချိန်မှာ ထီပေါက်တယ်လို့ဆိုရပေမလား.... နာနာဟာ သူတို့ဆေးခန်းကို သုက်ပိုးလာလှူတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ချစ်လျက်နဲ့ လမ်းခွဲခဲ့ရတဲ့ ရည်းစားဟောင်းနဲ့ ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။ ဒါပေမဲ့လည်း လေယာဉ်ပျက်ကျတာ ...
6.4
TMDb: 6.4/10 5 votes
tv

Baby Fever (2022)

2022