Channel Myanmar

Chinaradee Anupongpichat

Shadow (2023)
Shadow (2023) Shadow / အရိပ် (2023)ချစ်ကြိုက်ညားတွေဖန်တရာထပ်နေတဲ့ BL ဇာတ်ကားတွေကို ငြီးငွေ့နေတဲ့ Fujoမမတို့အတွက် Singto နဲ့ Fluke တို့ရဲ့ Mystery suspense BLကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။Rom-comနဲ့ Action, gangsterကားတွေများတဲ့ BLလောကရဲ့ ရှားပါး horror Mysteryကားလေးမလွတ် လက်မလွတမ်း စောင့်ကြည့်ကြပါဦးစို့။ဒန်ဟာ မိခင်ဆုံးသွားပြီးနောက်မှာ အိပ်မက်ထဲကအရိပ်ရဲ့ နှိပ်စက်ခြင်းကို တစ်ရက်မပြတ် ခံစားနေရသူတစ်‌ယောက်ပါ။ အဲဒီအရိပ်ကြောင့်ပဲ သူ့ကိုကုသပေးနိုင်မယ့် ဘုန်းတော်ကြီးအနူရတ်ရှိတဲ့ စိန့်လောရန့်စ်ကျောင်းကို ပြောင်းဖို့ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ ဖာသာအနူရတ်ကလည်း ဒန်မြင်နေတဲ့အရိပ်က တကယ်မရှိဘဲ အိပ်နေတုန်းအကြောဆွဲတာလို့ပဲ ယူဆထားတာပါ။ဒီလိုနဲ့ဒန်တစ်ယောက် ကျောင်းစတက်တဲ့ပထမဆုံးနေ့မှာတင် လွန်ခဲ့တဲ့တစ်နှစ်က ရုတ်တရက်ပျောက်ဆုံးသွားတဲ့ တရင်ရဲ့ကျိန်စာသင့်နေတဲ့စားပွဲမှာ သွားထိုင်မိလိုက်ရာကနေ ပြဿနာတွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်လာတဲ့အခါ...တရင်ရဲ့ပျောက်ဆုံးမှုက ဒန်မြင်နေရတဲ့အရိပ်နဲ့ တကယ်ပဲ ဆက်စပ်နေတာလား။ တရင်ရဲ့ပဟေဠိဆန်ဆန်ပျောက်ဆုံးမှုနောက်ကွယ်မှာ ဘယ်သူရှိနေမလဲ။ တရင်ကိုလိုက်ရှာရင်းနဲ့ အရိပ်ပြဿနာကိုဖြေရှင်းဖို့ ဒန်ကိုဘယ်သူတွေက ကူညီပေးသွားမလဲဆိုတာ အားလုံးအတူတူ ကြည့်ရှုခံစားရင်း ပဟေဠိအဖြေညှိလိုက်ရအောင်ပါ။စုစုပေါင်း ၁၄ ပိုင်း ထွက်ရှိမှာ ဖြစ်ပြီးတာ့ အပတ်စဉ် အင်္ဂါနေ့တိုင်း တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။အညွှန်းကိုတော့ Mary Christ ...

Shadow (2023)

2023
Across the Sky (2023)
Across the Sky (2023) Across the Sky (2023)စကိုင်းဆိုတဲ့ ကောင်လေးက သူ့အဖေလို နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်ချင်တာကြောင့် နိုင်ငံခြားကနေ အဖေဖြစ်သူနာမည်ကြီးခဲ့တဲ့ ထိုင်းကို လာခဲ့ပါတယ်။စကိုင်းရဲ့ အဖေက TEMMAX ဆိုတဲ့ အဆိုတော်နှစ်ယောက် ပါဝင်တဲ့ နာမည်ကြီးအဖွဲ့က တမ်ဆိုသူဖြစ်ပြီး ကွယ်လွန်သွားခဲ့ပြီပဲဖြစ်ပါတယ်။TEMMAX အဖွဲ့မှ မက်ပဲ ကျန်ခဲ့ကာ မက်ကတော့ လက်ရှိမှာ Max Academy ဆိုတဲ့ အနုပညာကျောင်းထောင်ထားပြီး လူငယ်တွေကို အဆို အက လေ့ကျင့်ပေးနေတာပဲ ဖြစ်ပါတယ်။စကိုင်းကလည်း သူ့အဖေရဲ့ သူငယ်ချင်းဖြစ်တဲ့ ဦးလေးမက်ရဲ့ Max Academy မှာ တက်ချင်လို့ ထိုင်းအထိတောင် လာခဲ့ပေမဲ့ ဦးလေးမက်က မကြည်ဖြူတဲ့အခါ စကိုင်းတစ်ယောက် ဘယ်လိုဒုက္ခရောက်မလဲ... စကိုင်းတစ်ယောက် နာမည်ကြီးအဆိုတော်တစ်ယောက်ရော ဖြစ်လာနိုင်မလား....လေ့ကျင့်ရေးသင်တန်းသူ၊ သင်တန်းသား ငယ်ငယ်လေးတွေ အများကြီးနဲ့ လူငယ်ဇာတ်လမ်း ပေါ့ပေါ့ပါးပါးခံစားချက်လေးလည်း ရမှာဖြစ်ပါတယ်။(အညွှန်းရေးသားသူမှာ Kppks ဖြစ်ပါတယ်)Translated by Kppks, Thae Thae, Su MyatGenre..... Music, Drama Quality…. 1080p ...

Across the Sky (2023)

2023
Oh! My Sunshine Night (2022) [Complete]
Oh! My Sunshine Night (2022) [Complete] Oh! My Sunshine Night (2022) [အစ-အဆုံး]အပိုင်း - ၁၈ (ဇာတ်သိမ်းပိုင်း)BL FAN တွေအတွက် ဇာတ်ကားသစ်လေးတစ်ခု ထပ်မံတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဉ်းခင်မ်နဲ့ ရိန်းက ကန်နကွန် အိမ်ခြံမြေလုပ်ငန်းမိသားစုရဲ့ သားနှစ်ယောက်ဖြစ်တယ်ရိန်းကတော့ သဘောကောင်းဖော်ရွေပြီး လူချစ်လူခင်ပေါတဲ့ နောက်ဆုံးနှစ်ကျောင်းသားတစ်ယောက်ဖြစ်တယ် ညီဖြစ်သူ ခင်မ်ကတော့ အစ်ကိုနဲ့မတူဘဲ အနေအေးပြီး လူကြောက်တတ်တဲ့ တတိယနှစ်ကျောင်းသားလေးပါဖာယူကတော့ ကန်နကွန်အိမ်က အိမ်တော်ထိန်းရဲ့ သားဖြစ်ပြီး သူတို့ညီအစ်ကို နှစ်ယောက်ရဲ့ သူငယ်ချင်းဘော်ဒီဂတ်ပါကျောင်းပြောင်းလာတဲ့ Sun ဆိုတဲ့ကောင်လေးကြောင့် ခင်မ်ရဲ့ ကမ္ဘာကတော့ အပြောင်းလဲကြီးပြောင်းလဲ သွားခဲ့တယ်Sun က မွေးရာပါ နှလုံးရောဂါသည်ဖြစ်တယ် ဂီတာတီးရတာကြိုက်ပြီး အကောင်းမြင်စိတ်ရှိတဲ့ကောင်လေးတစ်ယောက်ပေါ့ဂန္တဝင်ဂီတကလပ်မှာ ခင်မ်နဲ့ Sun ရဲ့ကြားက အချစ်ပန်းလေးတွေ ဖူးပွင့်လာခဲ့တယ်ဒါပေမယ့် အထင်လွဲချော်မှု ယှဥ်ပြိုင်မှုနဲ့ မိသားစုပြဿနာတွေဟာ အနာဂတ်မှာ သူတို့ကိုစောင့်ကြိုနေတဲ့အခါ......ဘာတွေဆက်ဖြစ်မလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါရှင့်Episodes: TBAAired: July.4 , 2022Aired On: Mon Genres:  Romance Translated by Angel , Myo Myo Htet , Thynn  ...

Oh! My Sunshine Night (2022) [Complete]

2022
School Tales the Series (2022) Complete 10
School Tales the Series (2022) Complete School Tales the Series (2022) Completed Mini-Series ထိုင်းတွေဟာ သရဲတစ်လိုင်းနဲ့ အသေပေါက်လေတော့ Netflix ကနေ ထိုင်းသရဲမီနီစီးရီးအသစ်တစ်ခုကို တင်ဆက်လိုက်ပြန်ပါပြီ။ သူ့ရှေ့က ကျောင်းကိုအခြေတည်ရိုက်ထားတဲ့ သရဲစီးရီးလည်းအောင်မြင်ခဲ့လို့လားမသိ ကျောင်းအခြေတည် သရဲဇာတ်လမ်းတွေနဲ့ကိုပဲ ရွေးချယ်ရိုက်ကူးလိုက်ပါတယ်။ ဒီထိုင်းကျောင်းသရဲကားမှာ‌တော့ အပိုင်း၈ပိုင်းပါရှိပြီး Anthology စီးရီးဆိုတော့ တစ်ပိုင်းဇာတ်လမ်းတစ်ပုဒ် ပြောရရင် တစ်ပိုင်းတစ်ကားပါပဲ။ တစ်ပိုင်းကို သရဲတစ်ကောင်နဲ့ သရဲရှစ်ကောင်တိတိအခြောက်ခံရစေမယ့် စီးရီးလေးပါပဲ။ စော်ချောချော ဘဲချောချောလေးတွေရောပါတာမိုါ လူငယ်လည်းကြိုက်သလို လန့်လည်းလန့်ရမယ့် ထိုင်းစီးရီးလေးပါပဲ။ ကျောင်းမှာခြောက်တဲ့သရဲဆိုတော့ သေသွားတဲ့ဆရာမဝိညာဥ်တို့ ကျောင်းသားချင်းအနိုင်ကျင့်တာတို့ကို ရောစပ်ပြီး အချိုးအကွေ့တစ်ချို့ သုံးပြီး ပြသွားပါတယ်။ အပိုင်းတစ်ဆို ကျောင်းတွင်းအနိုင်ကျင့်မှုတစ်ချို့ကို သေချာပြထားပြီး သူငယ်ချင်းကို သူငယ်ချင်းလို မသတ်မှတ်ဘဲ အသုံးချစရာတစ်ခုလို မှတ်တဲ့ လူတွေရဲ့အဖြစ်သနစ်ကို ပြထားပါတယ်။ နောက် ကျောင်းမှာ မလှလို့ အနှိမ်ခံရရာကနေ လှချင်လို့ နတ်ဆိုးဆန်ဆန် ထိုင်းရိုးရာတစ္ဆေလိုဟာတွေနဲ့ အပေးအယူလုပ်မိတာတွေကိုပြထားပါတယ်။ သရဲဇာတ်လမ်းရှစ်ခုပေမဲ့ ...
10
TMDb: 10/10 1 votes
tv

School Tales the Series (2022) Complete

2022