Channel Myanmar

Chinmay Mandlekar

Kaala Paani (2023) 7
Kaala Paani (2023) Kaala Paani (2023) "သဘာ၀တရားရဲ့ဒဏ်ခတ်ခြင်း" IMDb - 8.1/10Netflixကနေ ထုတ်လွှင့်လိုက်တဲ့ ကပ်ရောဂါဘေးဇာတ်လမ်းတွဲ အမိုက်စားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ 3Idiotsဇာတ်ကားထဲမှာ မင်းသမီးရဲ့အစ်မဖြစ်သူနေရာက ဖုန်စုတ်စက်နဲ့ မီးဖွားခဲ့ရတဲ့ မင်းသမီးမိုနာဆင်းဂ်က ဒေါက်တာဆင်းဂ်အဖြစ် အဓိကသရုပ်ဆောင်ထားပါတယ်။ရေပတ်လည်ဝန်းရံနေတဲ့ ဆိပ်ကမ်းမြို့လေးတစ်ခု။ပွဲတော်ကြီးကျင်းပမှာမို့ ခရီးသွားတွေထောင်ချီလာရောက်လည်ပတ်ကြမယ့်နေရာ။ ရှားပါးသစ်ပင်ပန်းမန်တွေနဲ့ လူမျိုးနွယ်စုတွေ နေထိုင်နေတဲ့ တောတောင်တွေနဲ့။ အဲဒီလိုသဘာ၀တရားကြီးက ပေးထားတဲ့ကောင်းခြင်းတွေတည်ရှိရာနေရာ။ ရှားပါးလူရိုင်းမျိုးနွယ်စုနဲ့ တောတောင်ရေမြေပြုန်းတီးမှာစိုးရိမ်လို့ သဘာ၀တရားကြီးကိုကာကွယ်ပေးချင်သူတစ်စု။ သဘာ၀တရားကို ဖျက်ဆီးပြီး တကိုယ်ရည်ကောင်းကျိုးကိုရှာချင်ကြတဲ့လူက တစ်စု။အဲဒါတွေကြားထဲမှာ ကိုယ်လုပ်စရာရှိတာလုပ်ပြီး ထင်ရာစိုင်းခေါင်းမာတတ်တဲ့ ဒေါက်တာဆင်းဂ်။ ကိုဗစ်ကပ်ရောဂါကြီးအပြီး အဲဒီရေပတ်လည်ဝန်းရံနေတဲ့ ကျွန်းတွေထဲက အဒါမန်နဲ့ နီကိုဘာဆိုတဲ့ ကျွန်းပေါ်မှာ LHF-27 ဆိုတဲ့ကူးစက်မြန်ရောဂါပိုးတစ်ခုပျံ့နှံ့ဖြစ်ပွားလာပါတော့တယ်။ ဒီရောဂါပိုးကိုစတင်တွေ့ရှိခဲ့တာကတော့ ဒေါက်တာဆင်းဂ်။ရောဂါပိုးက အခုမှာဖြစ်တာတော့မဟုတ်။ လွန်ခဲ့တဲ့နှစ်လေးဆယ်ကလည်းဖြစ်ခဲ့ပြီး အဲဒီတုန်းကလည်း စုစုပေါင်းခုနစ်ယောက်ပဲသေခဲ့တာဆိုတော့ ဒေါက်တာဆင်းဂ်ပြောတာဆိုတာ ပိတ်ပင်တားဆီးတာတွေ ဘယ်သူကမှနားမထောင်။ ဒီလိုနဲ့ ကပ်ရောဂါကြီးက အရှိန်အဟုန်နဲ့ကူးစက်ပါတော့တယ်။လူ့ဘဝမှာ ပျော်ရွှင်စရာအဆုံးသတ်ဆိုတာ မရှိပါဘူး။ ဘာလို့လဲဆိုတော့ အဆုံးသတ်ဆိုတာကိုက မရှိလို့ပါတဲ့။ လူတွေကသေပြီးသွားရင် ကိုယ့်ကိုချစ်တဲ့လူတွေဆီမှာ မျက်ရည်တစ်ဖြစ် အပြုံးတစ်ဖုံနဲ့ ရှိနေတတ်ကြပါတယ်တဲ့။ အိုရ နာရ သေရတဲ့ ဒီတိုတောင်းလှတဲ့ဘဝလေးအတွင်း လူအများသိကြတဲ့ ကိုဗစ်ဗိုင်းရပ်စ်လိုမျိုး ကူးစက်မြန်ကပ်ရောဂါပျံ့နှံ့မှုကြောင့် ရှင်သန်ဖို့နည်းကို အသည်းအသန်ရှာကြရတဲ့ ဇာတ်လမ်းတွေထဲက စီးရီကောင်းလေးတစ်ခုမို့ ...
7
TMDb: 7/10 5 votes
tv

Kaala Paani (2023)

2023
Dharavi Bank (2022) 7
Dharavi Bank (2022) Dharavi Bank (2022) Imdb 8.9 / 10kမင်းသားကြီးSuniel Shettyအဓိကပါဝင်သရုပ်ဆောင်ထားပြီး မင်းသားချောVivekပါ ပါဝင်အားဖြည့်ထားတဲ့Crime/Thrillerစီးရီးကောင်းလေးတခု တင်ဆက်ပေးလိုက်ပါပြီဇာတ်လမ်းအကျဉ်းဒီအိန္ဒိယစီးရီးလေးကတော့ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာတည်ရှိတဲ့ အာရှရဲ့အဆင်းရဲဆုံးဖြစ်တဲ့ ဒါရာဗီရပ်ကွက်မှာ အခြေချတဲ့ ''သာလိန်ဗန်'' ဆိုတဲ့ ဂန်းစတားတစ်ယောက်ကို အခြေခံထားပါတယ်။ ဆင်းရဲပေမယ့် နှလုံးသားကြီးတဲ့သူတွေနေကြတယ်လို့ ကြွေးကြော်ကြပါတယ်။ ဆင်းရဲသားရပ်ကွက်က ဂန်းစတားဆိုပေမယ့် ကုဋေ ၃၀၀၀၀ အထိ ကြွယ်ဝပြီး နိုင်ငံရေးပိုင်းတွေအထိ စွက်ဖက်နိုင်တဲ့သူပါ။သူ့ရဲ့ အာဏာနဲ့ ကြွယ်ဝမှုတွေကြောင့် နိုင်ငံရေးအာဏာလိုချင်တဲ့သူတွေက ပူးပေါင်းချင်ကြပါတယ်။ အဲဒီထဲမှာမှ မာထရီဆိုတဲ့ နိုင်ငံရေးသမားတစ်ယောက်ကို လက်ခံပြီး ကူညီကြပါတယ်။ အဲဒီအတွက် လက်ရှိအာဏာရ အမျိုးသမီးဝန်ကြီးချုပ်ဖြစ်တဲ့ ဂျန်ဗီ ဆူဗီနဲ့ အပွတ်အတိုက်တွေရှိလာတဲ့အခါမှာတော့ ဂန်းစတား သာလိန်ဗန်ကို ရှင်းပစ်ဖို့ ကြိုးစားလာပါတယ်။သာလိန်ဗန်ဆိုတဲ့ဂန်းစတားကြီးကလည်း နှစ်ချီအောင် ကိုယ်ယောင်ဖျောက်နေတာမို့ ရှင်းပစ်ဖို့ ဖြစ်နိုင်ပါ့မလား...? ဒါရာဗီဆိုတဲ့ ဆင်းရဲသားရပ်ကွက်က ဂန်းစတားကြီးက ဘာကြောင့်ချမ်းသာနေရတာလဲ...? သာလိန်ဗန်နဲ့ ဂျန်ဗီဆူဗီတို့ရဲ့ နိုင်ငံရေးစစ်ပွဲကြီးမှာ ဘယ်သူအနိုင်ရသွားမလဲ...? ဘယ်သူကအမှန် ဘယ်သူကအမှားလဲ...? မေးခွန်းများစွာနဲ့ ရင်ခုန်စွာကြည့်ရမယ့် ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်ပါတယ်။File Size –600MB/ 400MBQuality – 1080p MX WEB DL ...
7
TMDb: 7/10 2 votes
tv

Dharavi Bank (2022)

2022