Channel Myanmar

Con O'Neill

Our Flag Means Death (2023) Season 02 Complete 7.8
Our Flag Means Death (2023) Season 02 Complete Our Flag Means Death (2023) Season 02 Complete ~ IMDb - 7.8/10, Rotten Tomatoes - 93% ~ လူကြီးလူကောင်း ပင်လယ်ဓားပြကြီး ပြန်လာပါပြီ။ ဘဲနဲ့ ကွဲပြီး ဘိုင်ကျနေတဲ့ စတိဒ်ဘွန်းနက်တစ်ယောက် ပင်လယ်ဓားပြနိုင်ငံက စပိန်သူ ဂျက်ကီရဲ့ ဆိုင်မှာ စားပွဲထိုးဝင်လုပ်ရင်း ချစ်သူကို ရှာဖို့ သင်္ဘောဝယ်မယ့် အိပ်မက်ကို တည်ဆောက်နေပါတယ်။ သူချစ်ရသူ နာမည်ကျော် ပင်လယ်ဓားပြကြီး မုတ်ဆိတ်နက်ခေါ် အက်ဒ်ဝက် တိခ်ျကလည်း ဘဲနဲ့ ကွဲတော့ စိတ်ထိခိုက်ပြီး တွေ့သမျှသင်္ဘော ဓားပြလိုက်တိုက်နေပါတယ်။ ဓားပြတိုက်တာများလွန်းလို့ တိုက်လို့ရတဲ့ ပစ္စည်းတွေကိုတောင် ပစ်ချပြီး ထပ်တိုက်ဖို့ ကြံပါသေးတယ်။ အမြဲတမ်းအလုပ်ပဲလုပ်နေရတော့ အဖွဲ့သားတွေလည်း ပင်ပန်းပြီး ကပ္ပတိန်ကို ငြိုငြင်လာကြပါတယ်။ ဒါပေမဲ့လည်း ဘာမှမပြောရဲပါဘူး။ ဆရာ့ဆရာကြီးမုတ်ဆိတ်နက်ကိုးဗျ။ သူတို့အချစ်ဇာတ်လမ်းလေး ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကို တွေ့ကြရမှာပါ။ နောက်ထပ် ဇာတ်ကောင်အသစ်ပါလာတာကတော့ တရုတ်ပင်လယ်ဓားပြ ဧကရီ ...
7.8
TMDb: 7.8/10 151 votes
tv

Our Flag Means Death (2023) Season 02 Complete

2023
Without Sin (2022) 5.7
Without Sin (2022) IMDB 6.9/10 ရရှိထားတဲ့ Crime/Drama/Thriller အမျိုးအစား British mini series လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ စုံထောက်ကားတွေ အရိုက်များတဲ့ UK မင်းသမီး Vicky Ann McClure (Line of Duty)နဲ့ မင်းသား Johnny Harris (Jawbone)တို့ အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။ ဇာတ်လမ်းအကျဉ်း သမီးဖြစ်သူ အသတ်ခံလိုက်ရတာကြောင့် ဘဝကိုရှေ့ဆက်နိုင်ဖို့ အခက်အခဲဖြစ်နေခဲ့တဲ့ မိခင်ဖြစ်သူစတယ်လာက သူ့သမီးကို သတ်လိုက်တဲ့ ထောင်ကျနေတဲ့ လူသတ်သမားဆီကနေ သူနဲ့လာတွေ့ပေးပါဆိုတဲ့ တောင်းဆိုချက်ကို လက်ခံရခဲ့ပါတယ်။ ကားသော့ခိုးရင်း လူသတ်တယ်ဆိုတာကိုသာ သိပြီး အခင်းနေရာမှာ သမီးရဲ့ဖုန်းရော၊ လူသတ်လက်နက်ရော ရှာမတွေ့ခဲ့တာမို့ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာ အမှန်အတိုင်း သိနိုင်ဖို့၊ လူသတ်သမားချားလ်စ်ဆီကို စတယ်လာက အားတင်းပြီး သွားတွေ့ခဲ့ပါတော့တယ်။ စတွေ့ကာစမှာတော့ ချားလ်စ်က စာနာနားလည်မှုတွေအကြောင်း ပြောခဲ့ပေမယ့် လူသတ်ရတဲ့အကြောင်းအရင်းကို မေးတဲ့အချိန်မှာတော့ ရုတ်တရက်ကြီး သူသတ်ခဲ့တာမဟုတ်ကြောင်း၊ ...
5.7
TMDb: 5.7/10 6 votes
tv

Without Sin (2022)

2022
Our Flag Means Death (2022) (Complete) 8.5
Our Flag Means Death (2022) (Complete) Our Flag means Death (2022) (Completed Limited Series) ~ IMDb - 7.4/10, RT - 90%, Meta - 61% ~ ပင်လယ်ဓားပြကားကောင်းလေးတွေကို လွမ်းနေမိတာတော်တော်ကြာပြီပဲဆိုပါတော့။ ကိုရီးယားပင်လယ်ဓားပြကားကောင်းလေးထွက်ထားပေမဲ့ အနောက်တိုင်းပင်လယ်ဓားပြ vibe လေးကိုလည်း ကြည့်ချင်နေမိတာဗျ။ အဲလိုမျှော်နေတုန်း ထွက်လာတဲ့ ပင်လယ်ဓားပြစီးရီးလေးကတော့ Our Flag means Death ပဲဖြစ်ပါတယ်။ အနောက်တိုင်းပင်လယ်ဓားပြတွေရဲ့ ဝတ်ပုံစားပုံတိုက်ပုံခိုက်ပုံတွေကို ပြန်လည်ရှုစားရမယ့်ပင်လယ်ဓားပြစီးရီးလေးဆို‌ပေမဲ့ ကပ္ပတိန်စပဲရိုးတို့နဲ့မတူတာက ဒီစီးရီးက ဟာသဘိုင်အိုဂရပ်ဖီစီးရီးလေးဗျ။ အဓိကကတော့ဗျာ ကာရေဘီယံပင်လယ်ပြင်ကြီးက ပင်လယ်ဓားပြတွေရဲ့ ဘဝကိုပြန်လည်‌မြင်တွေ့ရမှာရယ်၊ အနောက်တိုင်းပင်လယ်ပြင်တိုက်ပွဲတွေကိုပြန်ခံစားရမှာရယ်၊ ဘဝအမောတွေပြေအောင် ရယ်ရမောရမှာတွေရယ်ကြောင့် တော်တော်ကြည့်ရှုသင့်တဲ့စီးရီးလေးပါ။ ဇာတ်လမ်းလေးရဲ့အကျဉ်းလေးကိုပြောရမယ်ဆိုရင် ကြောက်တတ်၊ လန့်တတ်၊ အစိုးရိမ်လွန်တတ်တဲ့ ကပ္ပတိန်ကြီးစတိဘောနက်နဲ့ ကြမ်းချင် ရမ်းချင် မိုက်ချင် ကန်းချင် တပည့်ကျော်လူမိုက်ကြီးတွေနဲ့ ပင်လယ်ဓားပြလောကကို စတင်ဝင်ရောက်လာတဲ့ကားလေးပေါ့ဗျာ။ ဒီတော့ တစ်လွဲ‌တွေချည်းလုပ်နေတဲ့ကပ္ပတိန်ကြီးနဲ့ သူ့အောက်တပည့်ကျော်ကြီးတွေ ဘယ်လိုတစ်လွဲဟာသတွေ ...
8.5
TMDb: 8.5/10 2 votes
tv

Our Flag Means Death (2022) (Complete)

2022
Chernobyl (2019) [COMPLETE] 8
Chernobyl (2019) [COMPLETE] လူတစ်သိန်းလောက်ရဲ့ vote နဲ့ Imdb မှာ 9.7 ရပါတယ်လို့ ပြောရင် ဆက်ညွှန်းစရာမလိုဘဲတောင် ကြည့်ချင်ကြမယ်ထင်ပါတယ်။ဒါပေမယ့် နည်းနည်းလေး လျှာထပ်ရှည်ပါရစေ။ဒီစီးရီးကို HBO က ပြသခဲ့ပြီး အပိုင်း ၅ ပိုင်းပါဝင်မှာဖြစ်ပါတယ်။ HBO ရဲ့ အအောင်မြင်ဆုံးစီးရီးတွေထဲက တစ်ခုပါပဲ။၁၉၈၆ ဧပရယ်လမှာ ဆိုဗီယက်ပြည်ထောင်စု၊ ယူကရိန်း နဲ့ ဘီလာရုစ် နယ်မြေကြား ချာနိုဘယ်မှာဖြစ်ခဲ့တဲ့ ကမ္ဘာကျော် အနုမြူဓာတ်အားပေးစက်ရုံ ပေါက်ကွဲမှုအကြောင်း ဖြစ်ရပ်မှန်ကို အခြေခံပြီး တင်ဆင်ထားတာပါ။ဒီကပ်ဆိုးကို ထိန်းသိမ်းဖို့ ရူဘယ် ၁၈ ဘီလီယံကျော်ကုန်ကျခဲ့ပြီး လူသိန်းနဲ့ချီပြီး လုပ်ကိုင်ခဲ့ရတာပါ။အမေရိကန် နဲ့ အားပြိုင်နေချိန်မှာ ဖြစ်ခဲ့တဲ့ အဖြစ်ဆိုးဖြစ်တဲ့အတွက် တရားဝင်ကြေညာတဲ့ အသေအပျောက်စာရင်းဟာ အတော်ကိုလျှော့ပေါ့ထားမယ့်ပုံပေါ်ပါတယ်။သမိုင်းရဲ့အကြီးဆုံးအနုမြူကပ်ဘေးကို ကျော်လွှားဖို့ ပါဝင်ခဲ့ကြတဲ့ သူရဲကောင်းတွေအကြောင်းကို အဓိက ဇာတ်ကောင် သိပ္ပံပညာရှင်နှစ်ယောက်ကို အခြေတည်ပြီး ရိုက်ကူးပြထားပါတယ်။မပြန်လမ်းမှန်းသိသိကြီးနဲ့ ဝင်သွားခဲ့တဲ့ သူရဲကောင်းတွေ၊ ဝင်လိုက်တာနဲ့ သေမိန့်ချပြီးသားလိုဖြစ်နေတဲ့ ...
8
TMDb: 8/10 111 votes
tv

Chernobyl (2019) [COMPLETE]

2019