Channel Myanmar

Dai Wenwen

The Psychologist ( 2021 )
The Psychologist ( 2021 ) Hello…အခု မိတ်ဆက်ပေးမှာကတော့ (Ashes Of Love) ထဲက မင်းသမီး Yang Ziကအမျိုးသမီးစိတ်ပညာရှင် ဟဲ့သွမ့်အနေနဲ့ (Monster Hunt)ထဲက မင်းသား Jing Boranကရေဒီယိုအသံလွှင့် စီစဉ်တင်ဆက်သူ ချန်ခိုင်ယိအနေနဲ့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့The Psychologist ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အမျိုးသမီးစိတ်ပညာရှင်ဖြစ်တဲ့ဟဲ့သွမ့်က မိမိကိုယ်ကိုသေကြောင်းကြံစည်မှုအသိပေးတားမြစ်ရေးကြော်ငြာကြောင့်သူရဲ့အသက်မွေးဝမ်းကြောင်းအကြပ်ရိုက်ခဲ့တယ်။ စိတ်ဓာတ်ကျနေတဲ့ ဟဲ့သွမ့်ကသူ့အချစ်ဆုံးသူငယ်ချင်းနဲ့ စားသောက်ဆိုင်မှာတူတူရှိချိန်မှာဘဲ အမှတ်မထင် ရဲ့ကျားဝေးနဲ့ရေဒီယိုအသံလွှင့်ဌာနက တင်ဆက်သူ ချန်ခိုင်ယိနဲ့ ဆုံတွေ့သွားကြတယ်။ချန်ခိုင်ယိက ဟဲ့သွမ့်ကို စိတ်ပညာရေးဆိုင်ရာရေဒီယိုအစီအစဉ်လုပ်ဖို့ ကမ်းလှမ်းရာကနေ တူတူလုပ်ဖြစ်သွားကြတယ်။အဲ့အစီအစဉ်က လူသိများလားပြီး ဟဲ့သွမ့်လည်း အလုပ်တွေများလာသလို ဟဲ့သွမ့်အပေါ်ချန်ခိုင်ယိရဲ့လျှို့ဝှက်တဲ့ချစ်ခြင်းမေတ္တာတွေရှိလာပြီး နောက်ပိုင်းတော့……. အဲ့အချိန်မှာဘဲ ဟဲ့သွမ့်ရဲ့ကျေးဇူးရှင်ဆရာကျိမင်ချုံးက အရှုပ်တော်ပုံတွေနဲ့ရင်ဆိုင်ရတဲ့အခါ…. ဟဲ့သွမ့်က ပြဿနာ ဖြစ်ရပ်မှန်ကိုရှာဖွေရင်းသူ့ဆရာရဲ့လျှို့ဝှက်ချက်ကိုသိသွားတဲ့နောက်မှာ….. နောက်ပြီး အချစ်ဆုံးသူငယ်ချင်းရဲ့ အိမ်တွင်းရေးပြဿနာတွေ……ရဲ့ကျားဝေးက သူ့ကိုအသုံးချပြီး ကျေးဇူးရှင်ဆရာကို ကလဲ့စားချေတာကို ဟဲ့သွမ့်သိသွားတဲ့အခါ…..မထင်ထားတဲ့ အဖြစ်ပျက်တွေကြားမှာ စိုးရိမ်ပူပန်လွန်းတာကြောင့် စိတ်ဖိစီးလာတဲ့ ဟဲ့သွမ့်ဟာငယ်ငယ်ကမကောင်းတဲ့အတိတ်တွေပြန်နိုးလာပြီး Sleepwalkingရောဂါပြန်ပေါ်လာတဲ့နောက်…..ကျောက်ရှီးဖင်(ဟဲ့သွမ့် အမေ)နဲ့ ဟဲ့သွမ့်တို့ရဲ့ ...

The Psychologist ( 2021 )

2021
See You Again (2022)
See You Again (2022) See You Again (2022)ဒီတစ်ခါမှာတော့CM ပရိသတ်တွေအတွက်ရိုဆန်မှုတွေအပြည့်နဲ့အချစ်ဖန်တက်စီကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ main cast တွေအဖြစ်မင်းသားချော Hu Yi Tian(Checkmate) နဲ့မင်းသမီးချော Chen Yu Qi(Mirror: A Tale of Twin Cities) တိုကပါဝင်သရုပ်ဆောင်ထားပါတယ်နော်။ ဇာတ်လမ်းအကျဥ်းလေးကတော့1930ခုနှစ် Republican ခေတ်အချိန်ရဲ့နာမည်ကြီးကြယ်ပွင့်သရုပ်ဆောင်Xiang Qin Yu ကမမျှော်လင့်ဘဲကံကြမ္မာအလှည့်မှာ21ရာစုခေတ်ကိုအချိန်ခရီးသွားပြီးရောက်လာခဲ့ပါတယ်။1930နှစ်နဲ့မတူညီဘဲ ထူးခြားဆန်းသစ် နေတဲ့နေရာမှာတစ်ယောက်တည်း ယောင်လည်လည်ဖြစ်နေတဲ့အချိန်Xiang Qin Yu ရဲ့ ဖန်အကြီးစား,screenwriter ဖြစ်သူ Jin A Yin နဲ့ဆုံတွေ့ကြတဲ့အခါမှာတော့...နာမည်ကျော်သရုပ်ဆောင်တစ်ယောက်နဲ့သာမန်ဇာတ်ညွှန်းရေးဆရာမလေးရဲ့ဇာတ်လမ်းက ဘယ်လိုဖြစ်မလဲ။တစ်ယောက်ကိုတစ်ယောက်အပြန်အလှန် ကူညီကြရင်းရင်ခုန်သံတွေ နီးကပ်လာမှာလား။ဒါ့အပြင် 21 ရာစုကို ရောက်လာခဲ့ရတဲ့အကြောင်းရင်းကို ရှာဖွေတဲ့အခါမှာတော့အမှန်တရားကရော ဘာလဲ ဆိုတာတွေကိုရိုရိုချိုချို, ဟာသရသမျိုးစုံ ,ရင်ခုန်စိတ်လှုပ်ရှားစရာအပြည့်နဲ့ခံစားကြည့်ရှုရမှာပါနော်။(အညွှန်းရေးသားထားသူကတော့ Chan Mya Mya Thein ဖြစ်ပါတယ်) Quality : WEB-DL 720pTotal Episodes : 30Format : ...

See You Again (2022)

2022