Channel Myanmar

Daniel Choi

School 2013 (2012) [Complete] 7.7
School 2013 (2012) [Complete] School 2013 (2012)*******************အပိုင်း (၁ မှ ၁၆) စ/ဆုံး နာမည်ကြီး School Series ထဲက တစ်ကားဖြစ်တဲ့ School 2013 ကိုCM ပရိတ်သတ်ကြီးတွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။Cast တွေအနေနဲ့ Jang Nara, Choi Daneil အပြင် Lee Jong Suk,Kim Woo Bin, Shin Hye Sun, Lee Yi Kyung စတဲ့ နာမည်ကြီးသရုပ်ဆောင်တွေရဲ့ငယ်ဘဝက ပုံရိပ်တွေကို မြင်ရမှာပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်း)ဆွန်းရီအထက်တန်းကျောင်းက ဆိုးလ်မြို့တွင်းမှာရှိတဲ့ ၁၇၈ကျောင်းအနက်ပညာရေးရမှတ်အနိမ့်ဆုံးကျောင်းတစ်ကျောင်းအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ဆရာဂန်ဆယ်ချန်းကတော့ ဂန်နမ်ရဲ့နာမည်ကြီး ထိပ်တန်းဆရာတစ်ယောက်ပါ။ဒီလိုနဲ့ ဂန်ဆယ်ချန်းတစ်ယောက် ဆွန်းရီအထက်တန်းကျောင်းကို ပြောင်းဖြစ်လာခဲ့ပြီးအတန်းပိုင်ဆရာမ ဂျောင်အင်ဂျယ်နဲ့အတူ ဆိုးလှပါချည်ရဲ့ဆိုတဲ့အထက်တန်းဒုတိယနှစ် အခန်း၂ကို အတူတူစာသင်ကြားပေးဖို့ဖြစ်လာတဲ့အခါ...ဂျစ်ကန်ကန်နဲ့တစ်ယောက်တစ်မျိုးစီ ဆိုးပေ့ညံ့ပါပေ့ဆိုတဲ့ ကျောင်းသား၊ကျောင်းသူတွေကိုဘယ်လိုလိမ္မာရေးခြားရှိပြီး အဆင့်တက်လာအောင် ကြိုးစားသင်ကြားပေးသွားမလဲဆိုတာကိုအလွဲအချော်တွေကြားက ဟာသလေးနှောပြီး ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။ကျောင်းသားကားလေးတွေကိုမှ ကြိုက်ပါတယ်ဆိုတဲ့သူတွေအတွက် သူငယ်ချင်းသံယောဇဥ်တွေ၊ဆရာတပည့်ဆက်ဆံရေးလေးတွေကို ရသပေါင်းစုံနဲ့ ရိုက်ပြပေးထားတာမလို့ကြည့်ရတာမပျင်းစေမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းကိုတော့ ...
7.7
TMDb: 7.7/10 27 votes
tv

School 2013 (2012) [Complete]

2012
The Ghost Detective (2018) 5.7
The Ghost Detective (2018) The Ghost Detective (2018)*************************အပိုင်း ၁ မှ ၁၆စ/ဆုံး ဒီကားလေးကတော့ Extraordinary Attorney Woo, Castaway Diva တိုလိုမျိုး ဇာတ်ကားကောင်းတွေနဲ့ ပရိသတ်တွေရဲ့အချစ်တွေကိုဖမ်းစားထားနိုင်တဲ့ မင်းသမီးလေး Park Eun Bin နဲ့ Fly High Butterfly, School 2013 တိုလိုဇာတ်ကားမျိုးတွေမှာသရုပ်ဆောင်ထားတဲ့ Choi Daniel တိုရဲ့ တွေ့ဖူးနေကျစုံထောက်ဇာတ်ကားမျိုးမဟုတ်ဘဲ သရဲတွေနဲ့အမှုတွေကိုဖြေရှင်းရတဲ့မှုခင်းဇာတ်လမ်းတွဲအမျိုးအစာလေးပါဇာတ်လမ်းအကျဥ်း-------------------- အီဒါအီ(Choi Daniel )က စုံထောက်အေဂျင်စီတစ်ခုရဲ့အလွတ်တမ်းစုံထောက်တစ်ယောက်ပါ သူဟာ စစ်တပ်ထဲမှာ တပ်ကြပ်ကြီးရာထူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပေမယ့်လည်း သတင်းအချက်အလက်ပေါက်ကြားတဲ့အမှုနဲ့ တပ်ထဲကနှုတ်ထွက်ခဲ့ရပါတယ် ဂျောင်ယောအူကတော့ အကြောက်အလန့်မရှိတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြီးတော့ အီဒါအီတိုရဲ့စုံထောက်အေဂျင်စီမှာ အချိန်ပိုင်းအလုပ်သမားအဖြစ် အလုပ်လုပ်ဖြစ်သွားခဲ့ပါတယ် သူမဟာ သူမရဲ့ညီမလေးအသတ်ခံရတာနဲ့ပတ်သက်ပြီးတော့ တရားခံကိုရှာဖွေနေခဲ့တာပါအီဒါအီနဲ့ဂျောင်ယောအူတိုအမှုတစ်ခုကိုစုံစမ်းရင်း စုံထောက်အီဒါအီက သရဲမကြိုးကိုင်ထားတဲ့ အမျိုးသမီးတစ်ဦးဆီမှာ အသတ်ခံလိုက်ရပါတယ် မသေဆုံးဘဲနဲ့ ကိုမာအခြေအနေနဲ့ဖြစ်သွားပြီးတော့ ခန္ဓာကိုယ်လည်းပျောက်ဆုံးနေတဲ့အချိန်မှာ အီဒါအီက ဝိဉာဥ်အဖြစ် ခန္ဓာကိုယ်ရဲ့အဝေးမှာရှိနေခဲ့ပါတယ် ထူးဆန်းစွာနဲ့ အီဒါအီကိုလည်း ဂျောင်ယောအူက သာမာန်လူတစ်ယောက်အတိုင်း မြင်ရကြားရပါတယ်ဒါကြောင့် အီဒါအီအသတ်ခံရတဲ့အမှုကို ဘယ်လိုပြန်ပြီးဖော်ထုတ်ပြီးတော့ အလောင်းကိုပြန်ပြီးရှာဖွေသွားကြမလဲ ဂျောင်ယောအူရဲ့ညီမဖြစ်သူအမှုရဲ့ တရားကိုဘယ်လိုတွေရှာဖွေသွားမလဲ တရားခံကရော ဘယ်သူဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းကိုတော့ Kaung Htet Zin ...
5.7
TMDb: 5.7/10 9 votes
tv

The Ghost Detective (2018)

2018
Ghost (2012) [Complete] 7.214
Ghost (2012) [Complete] Ghost (2012) [အစ-အဆုံး]အပိုင်း ၁၁ မှ ၂၀ (ဇာတ်သိမ်းပိုင်း)ဆိုက်ဘာလောကမှာဆိုရင် ရာဇဝတ်မှုတွေဟာ လျှို့ဝှက်နက်နဲပြီး အင်မတန်မှဆန်းကြယ်လှပါတယ်။အဲဒီလိုဆိုက်ဘာရာဇဝတ်မှုတွေကို သဲလွန်စရှာပြီး ကိုင်တွယ်ဖြေရှင်းတဲ့ပုံစံနဲ့ ရဲအရာရှိ အမှုစစ်တွေရဲ့ အကျင့်ပျက်ခြစာပြီး ပူးပေါင်းကြံစည်ပုံတွေကို ရင်တမမနဲ့တစ်ပိုင်းပြီးတစ်ပိုင်း ဆက်ကြည့်ချင်လောက်တဲ့ စီးရီးလေးပါ။Kim Woo-hyun ကတော့ အဆင့်မြင့် ရဲအရာရှိတစ်ဦးရဲ့ သားတစ်ယောက်ပါ။ ထူးချွန်ထက်မြတ်တဲ့ Kim Woo Hyunဟာ ရဲတက္ကသိုလ်ကို အဆင့် ၁နဲ့ ဝင်လာပြီး အဆင့်၁နဲ့ပဲနဲ့ ဘွဲ့ရပြီးတဲ့နောက် ဆိုက်ဘာစုံစမ်းစစ်ဆေးရေးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တယ်။ဒီလိုနဲ့ စုံထောက် Kim ဟာ ဆိုက်ဘာလောက ထဲက ပုန်းအောင်းနေတဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ အကြောင်းဖန်လာခဲ့တယ်။ ဆိုက်ဘာစုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဦးဆောင်ပြီးတော့ တရားမဝင်နိုင်ငံတကာ လောင်းကစား ဝဘ်ဆိုဒ်တစ်ခုကို ဖယ်ရှားဖို့ လုပ်ဆောင်ရင်း ဆိုက်ဘာလောကအတွက် ရန်သူတော် ဟက်ကာ Hadesကို ခြေရာခံပြီး လိုက်လံဖမ်းဆီးဖို့ ကြိုးစားခဲ့တယ်။ဟက်ကာHadesရဲ့တည်နေရာကို ခြေရာခံလိုက်လံဖမ်းဆီးရင်း ...
7.214
TMDb: 7.214/10 14 votes
tv

Ghost (2012) [Complete]

2012
Mask Girl(2023)
Mask Girl(2023) Mask Girl(2023)**************** အပိုင်း(၁ မှ ၇) စ/ဆုံး(18+ ဆန်ဆန်အခန်းတွေပါဝင်တာကြောင့် မိသားစုနဲ့ ကြည့်မယ်ဆိုရင် အနည်းငယ်သတိပြုစေလိုပါတယ်.._ Mask Girl (Streaming television series) ကို Mae Mi ဆိုတဲ့ Webtoon ကို အခြေခံပြီးတော့ ဒါရိုက်တာ Kim Yong-hoon မှ ရိုက်ကူးထားတာ ဖြစ်တယ် Starring တွေအနေနဲ့ Go Hyun-jung, Aha Jae-hong, Yoon Hye-ran တို့ ပါဝင်ကြတယ်Kim Mo-Mi က ကိုယ့်ရုပ်ရည်နဲ့ ပတ်သက်ပြီးတော့ ယုံကြည်မှုမရှိတဲ့သာမန် ရုံးဝန်ထမ်းလေးတစ်ယောက်ဖြစ်တယ် သူငယ်စဉ်ကတည်းက တောက်ပတဲ့မီးရောင်အောက်က စတိတ်စင်ပေါ်မှာ ဖျော်ဖြေချင်တဲ့ စိတ်ကူးအိပ်မက်လေးတစ်ခု ရှိခဲ့တယ် အသက်ကြီးလာတဲ့အခါမှ ရုပ်ကတော့ တဖြည်းဖြည်း ဆိုးလာပေမဲ့ သူ့ရဲ့ လှပတဲ့ ခန္ဓာကိုယ်ကိုတော့ ဂုဏ်ယူနေခဲ့တယ် အလုပ်ကနေ အိမ်ပြန်ရောက်လာတဲ့အခါမှာ မျက်နှာဖုံးကို တပ်ပြီး သူ့ကိုယ်သူMask Girl အဖြစ် live တွေ လွှင့်ခဲ့တယ် ...

Mask Girl(2023)

2023
Salon De Nabi (2022)
Salon De Nabi (2022) Salon De Nabi (2022)မှုခင်းဇာတ်လမ်းတွေ အချစ်ဇာတ်လမ်းတွေပဲ ကြည့်နေရတာ ရိုးနေပြီလား ဒါဆိုရင်တော့ Idols တွေ အများကြီး ပါဝင်ထားပြီး တမူထူးခြားတဲ့ ဇာတ်လမ်းဇာတ်ကွက်လေးနဲ့ Salon De Nabi ဆိုတဲ့ ဇာတ်ကားလေးကို မိတ်ဆက်ပေးချင်ပါတယ်K-Drama လောကမှာ သိပ်ပြီးမြင်တွေ့နေကြမဟုတ်တဲ့ အလှပြင်ဆိုင်လောကအကြောင်းကို စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ပြထားတဲ့ ဒီဇာတ်ကားလေးမှာတော့ လုပ်ငန်းခွင်ဘဝအခြေအနေကိုလိုက်ပြီး မျက်နှာနှစ်ဖက်နဲ့ နေနေရတဲ့သူတွေရဲ့ ဘဝအကြောင်းကို တစေ့တစောင်း ရိုက်ကူးပြထားပါတယ်သူများနဲ့မတူဘဲ ထူးခြားနေတဲ့ Gi-Ppeum ဆိုတဲ့ ကောင်မလေးဟာ နာဘီအလှပြင်ဆိုင်မှာ သူ့ရဲ့လုပ်ငန်းခွင်ဘဝကို စတင်လိုက်ရချိန်မှာတော့ တစ်သက်လုံး ခေါက်ရိုးကျိုးလာခဲ့တဲ့ သူ့ရဲ့အကျင့်တွေကို ပြင်ဖို့ကြိုးစားရပါတော့တယ်Customers တွေနဲ့ ပြောဆိုဆက်ဆံရတဲ့ အလှပြင်ဆိုင်အလုပ်မှာ Gi-Ppeum မလုပ်နိုင်တာက Customers တွေနဲ့ပြောဆိုရတာပဲဖြစ်နေတဲ့အခါ ဒီပြဿနာကို သူဘယ်လိုဖြေရှင်းမလဲဆိုတာ အခွီလေးနှောပြီး စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားရမှာပါမင်းသမီး Kim Hyang-Gi နဲ့ မင်းသား Choi Daniel တို့က အဓိကပါဝင်ထားပြီး EXO's Xiumin နဲ့ MonstaX's HyungWon အပါအဝင် တခြား Idols ...

Salon De Nabi (2022)

2022
Today’s Webtoon (2022)
Today’s Webtoon (2022) Bussiness Proposal ထဲမှာ ဒရာမာပရိတ်သတ်တွေရဲ့ နှလုံးသားကို ဖမ်းစားသွားတဲ့ Kim Se Jeong (Shin Ha Ri)ရဲ့ အသစ်ထွက်ဇာတ်ကားလေးကို မိတ်ဆက်ပေးချင်ပါတယ်ဇာတ်ကြောင်းလေးကတော့...ဂျူဒိုလက်ရွေးစင်အသင်းရဲ့ အားကစားသမားဖြစ်တဲ့ အုံမာအွန်းတစ်ယောက် မမျှော်မှန်းထားတဲ့မတော်တဆမှုကြောင့် ခြေထောက်ဒဏ်ရာရပြီး သူ့တစ်ဘဝတာလုံးရင်းနှီးမြှုပ်နှံထားရတဲ့ အိပ်မက်ကိုလက်လျော့ကာ အားကစားလောကကနေ အပြီးတိုင်ထွက်ခွာလိုက်ရပါတယ်ကိုယ့်အတွက်အရာရာဦးစားပေးဖြစ်ခဲ့ရာ ဂျူဒိုကိုစွန့်လွှတ်ပြီး အတော်ကြာအောင်လမ်းပျောက်နေခဲ့ပေမဲ့ တစ်နေ့မှာ ဝက်ဘ်တွန်းတည်းဖြတ်ဌာနကို အစားအသောက်ပိုရင်း အုံမာအွန်းတစ်ယောက် သူ့ဘဝရဲ့အလင်းရောင်ဖြစ်တဲ့ အိပ်မက်အသစ်တစ်ခုကို တဖန်ပြန်ပေါ်ပေါက်လာခဲ့ပါတယ်သူ့ရဲ့အိပ်မက်သစ်ကို အကောင်အထည်ဖော်ဖိုအတွက် အကောင်းဆုံးကြိုးစားပြီး ဝက်ဘ်တွန်းတိုက်တစ်ခုရဲ့ တည်းဖြတ်ဌာနမှာ အလုပ်ရသွားချိန်မှာတော့ မရင်းနှီးတဲ့နယ်ပယ်တစ်ခုမှာ အနည်ထိုင်အခြေကျဖို အခက်အခဲမျိုးစုံကို ရင်ဆိုင်ကြုံတွေ့ရပါတော့တယ်ဒါပေမဲ့လည်း ဖြစ်လာသမျှပြဿနာတွေကို သူ့ရဲ့သူမတူထူးခြားတဲ့အမြင်ကိုအသုံးချ လုပ်ဖော်ကိုင်ဖက်တွေရဲ့အကူအညီနဲ့ ဘယ်လိုတွေ အားထုတ်ကြိုးပမ်းရင်း ဒီဝက်ဘ်တွန်းလောကမှာ ရင့်ကျက်လာမလဲဆိုတာကို အခုပဲ ဒေါင်းကြည့်လိုက်ရအောင်ပါနော်Native Title: 오늘의 웹툰 Episodes: 12 Aired: Jul 29, 2022 - Sep 3, 2022 Aired ...

Today’s Webtoon (2022)

2022