Channel Myanmar

David Dencik

The Ipcress File (2022) Complete 7.3
The Ipcress File (2022) Complete The Ipcress File (2022) ~ IMDb - 7.3/10, Rotten Tomatoes - 96% ~ ဒါကတော့ ၁၉၆၂ တုန်းကထွက်ရှိခဲ့တဲ့ နာမည်တူ စပိုင်ဝတ္ထုကို ပြန်လည်အသက်သွင်းထားတဲ့ စီးရီးတစ်ခုပါ။ ၁၉၆၅ မှာလည်း မင်းသားကြီး Michael Caine ခေါင်းဆောင်ပါဝင်ထားတဲ့ ဇာတ်ကားထွက်ထားပါသေးတယ်။ ခုဟာကတော့ IMDb မှာ 7.3/10 နဲ့ Rotten Tomatoes မှာ 96% ရထားတာဖြစ်တဲ့အတွက် တန်းတစ်ခုဝင်တဲ့ ဇာတ်လမ်းတွဲလို့ပြောရင်လည်း မမှားပါဘူး။ ဇာတ်လမ်းကိုတော့ အင်္ဂလန်ကနေ ပြန်ပေးဆွဲခံလိုက်ရတဲ့ ဗြိတိသျှ သိပ္ပံပညာရှင်တစ်ယောက်ကို တစ်ချိန်ကမှောင်ခိုသမားဘဝကနေ စပိုင်တစ်ယောက်ဖြစ်လာတဲ့ ဟယ်ရီပါလ်မာကနေ လိုက်ပြီးရှာဖွေရာကနေ အစပြုထားပါတယ်။ ဟယ်ရီဟာ ဘာလင်မှာရှိတဲ့ သူ့ရဲ့အဆက်အသွယ်ကိုသုံးပြီး သိပ္ပံပညာရှင်ကြီးကို ကယ်ပေးမှ လွတ်ငြိမ်းခွင့်ပေးမယ်ဆိုပြီးတော့ အကြပ်ကိုင်ခံထားရတာပေါ့။ ဘာမှမသိတဲ့ ဟယ်ရီတစ်ယောက်ဟာ ရတဲ့အခွင့်အရေးကိုယူပြီး ရန်သူ့နယ်မြေထဲသွားခဲ့ရပါတယ်။ စစ်ဆင်ရေးကိုထမ်းဆောင်နေရင်း မတော်တဆမှုတစ်ခုနဲ့ ...
7.3
TMDb: 7.3/10 40 votes
tv

The Ipcress File (2022) Complete

2022
The Chestnut Man (2021) Season 01 7.7
The Chestnut Man (2021) Season 01 The Chestnut Man (2021) S01 ~ IMDb - 7.7/10, Rotten Tomatoes - 100% ~ ဒီတစ်ခါတင်ဆက်ပေးချင်တဲ့စီးရီးကတော့ ပရိသတ်နဲ့သိပ်ရင်းနှီးမှာမဟုတ်တဲ့ ဒိန်းမတ် စီးရီးလေးတစ်ခုပါပဲ။ ဒီစီးရီးကို Netflix ကတင်ဆက်ထားတာဖြစ်ပြီး Season 1 မှာတော့ အပိုင်းခြောက်ပိုင်းပါဝင်လာပါတယ်။ ဇာတ်လမ်းအကျဥ်းကိုပြောရမယ်ဆိုရင်... ဒိန်းမတ်နိုင်ငံအနှံ့အပြားမှာ အသက်လတ်ပိုင်းအမျိုးသမီးတွေ တစ်ယောက်ပြီးတစ်ယောက်သတ်ခံရတဲ့ ကွင်းဆက်လူသတ်မှုတွေဖြစ်လာခဲ့ပါတယ်။ အဲဒီအမှုကိုစုံစမ်းဖို့ သူလင်မ်ဆိုတဲ့စုံထောက်အမျိုးသမီးနဲ့ ဟက်စ်ဆိုတဲ့နယ်ပြောင်းစုံထောက်အမျိုးသားတစ်ဦးက ဘယ်လိုလိုက်ဖြေရှင်းကြမလဲဆိုတာရှုစားရမှာဖြစ်ပါတယ်။ ဇာတ်ကားနာမည်ထဲက Chestnut Man ဆိုတာကတော့ အဲဒီလူသတ်မှုတွေအားလုံးနဲ့ဆက်စပ်နေတဲ့တစ်ခုထဲသောသဲလွန်စက တရားခံဟာ သစ်အယ်သီးကိုတုတ်လေးတွေထိုးပြီးလုပ်ထားတဲ့ အရုပ်လေးတွေကို အခင်းဖြစ်ပွားရာတိုင်းမှာ ချန်ခဲ့တတ်လို့ပါပဲ။ ဒီသဲလွန်စတစ်ခုကိုခြေရာကောက်ပြီး သစ်အယ်သီးလူသားလို့အမည်တပ်ထားတဲ့ ကွင်းဆက်လူသတ်တရားခံကို သူလင်မ်နဲ့ဟက်စ်တို့ ဘယ်လိုရှာဖွေဖော်ထုတ်ကြမှာလဲ... ဘာကြောင့်ဒီအရွယ်အမျိုးသမီးတွေကိုမှ လူသတ်သမားကပစ်မှတ်ထားတာလဲ... ဆိုတာတွေကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်တဲ့အပြင် ဇာတ်လမ်းဇာတ်ကွက်နဲ့  Plot Twist တွေကလည်း ဟာကနဲ၊ ဟင်ကနဲ ဖြစ်ရလောက်အောင် ကောင်းမွန်ပြီး အဆင့်သတ်မှတ်ချက်ကောင်းတွေလည်းရရှိထားတာကြောင့် လက်မလွှတ်သင့်တဲ့ လျှို့ဝှက်သည်းဖို၊ ...
7.7
TMDb: 7.7/10 404 votes
tv

The Chestnut Man (2021) Season 01

2021