Channel Myanmar

David Thewlis

The Artful Dodger (2023) 8.833
The Artful Dodger (2023)  ဒီကားလေးကတော့ ၁၈၀၀ပြည့်နှစ်ကို အခြေခံရေးထားတဲ့ Oliver Twist ဝတ္ထုလေးကို မှီခြမ်းပြီးရိုက်ကူးထာတဲ့ ကားကောင်းလေးတစ်ကားပါ.....ဇာတ်လမ်းလေးထဲမှာတော့ ဒေါ့ချ်ဟာ ခါးပိုက်နှိုက်ဂိုဏ်းက ခါးပိုက်နှိုက်လေးပါ သူ့ကို ခါးပိုက်နှိုက် ခေါင်းဆောင်ကြီး ဖာဂင်က ခေါ်ယူမွေးစားထားတာပါ။ ဒီလိုနဲ့ ခါးပါးနှိုက်ရင်း ထောင်ကျရာကနေ ဖာဂင်က ထောင်ဖောက်ပြေးရင်း သူ့ကို ထောင်ထဲမှာ ထားခဲ့ရာကနေ မထင်မှတ်ဘဲ ဗြိတိသျှရဲ့ ကိုလိုနီမြို့လေးတစ်မြို့မှာ ပြန်ဆုံကြပါလေရော.....အဲဒီအချိန် ဒေါ့ချ်က ခါးပါးနှိုက်မဟုတ်တော့ဘဲ ရေတပ်က ခွဲစိတ်ဆရာဝန်အရာရှိတစ်ယောက်တောင်ဖြစ်လို့နေပါပြီ.....အဲဒီ မြို့ကြီးရဲ့ မြို့စားကြီးသမီးကလည်း ခွဲစိတ်ပညာကို အင်မတန်စိတ်ဝင်စားနေတဲ့သူလေးတစ်ယောက်ပေါ့......ဒီလိုနဲ့ ခါးပါးနှိုက်ကနေ ခွဲစိတ်ဆရာဝန်ဖြစ်လာတဲ့ ဒေါ့ချ်ရယ် ခွဲစိတ်ပညာကို အရမ်းစိတ်ဝင်စားတဲ့ မြို့စားကြီးသမီးရယ် ကလေးကတည်းက မွေးစားပြီး ဒုစရိုက်သမားအဖြစ် ဒေါ့ချ်ကို ပျိုးထောင်ခဲ့တဲ့ ဖာဂင်ရယ် ကိုလိုနီမြို့လေးမှာ ဆုံကြတဲ့ခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်လမ်းလေးနဲ့ လိုက်ပါစီးမျောလိုက်ကြပါဦးလို့......အင်္ဂလိပ်တွေရဲ့ ရှေးခေတ်အသုံးအနှုန်းတွေ နေပုံထိုင်ပုံတွေနဲ့ အဲဒီခေတ်က ဆေးပညာတွေကို ပေါ့ပေါ့ပါးပါး လေ့လာချင်တယ်ဆိုရင်တော့ ဒီကားလေးကို ...
8.833
TMDb: 8.833/10 12 votes
tv

The Artful Dodger (2023)

2023
Landscapers (2021) 10
Landscapers (2021) ဖြစ်ရပ်မှန် မှုခင်း ဟာသ မီနီစီးရီးလေး တစ်ခုလောက်ကြည့်ရအောင်။ဒီရုပ်ရှင်ထဲမှာ ပါဝင်တဲ့ ခရစ္စတိုဖာနဲ့ ဆူဆန် အက်ဒ်ဝပ်ဆိုတဲ့ ဇာတ်ကောင်နှစ်ကောင်ဟာ အပြင်မှာ တကယ်ရှိပါတယ်။သူတို့ကို တရားရုံးက လူသတ်မှုအတွက် အနိမ့်ဆုံး ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခဲ့တာပါ။ဒါပေမဲ့ သူတို့က ဒီနေ့အထိ အပြစ်မရှိကြောင်း ထွက်ဆိုနေတုန်းပါပဲ။ဒီစီးရီးထဲမှာတော့ ဒီလင်မယားက အတော်ကို ချစ်ကြတာကိုပြပါတယ်။ပြင်သစ်မှာ အလုပ်မရှိ ငတ်ပြတ်ခါနီးအခြေအနေရောက်နေတဲ့အထိ တစ်ယောက်ကို တစ်ယောက်အားပေးရင်း ကြိုးစားနေကြတုန်းပါပဲ။ဒါပေမဲ့ ယောကျာ်းဖြစ်တဲ့သူက သူ့ရဲ့မိထွေးကို လှမ်းပြီး ငွေချေးလိုက်မိပါတယ်။ငွေချေးရင်းနဲ့ ပြင်သစ်ကိုရောက်နေတဲ့အကြောင်းရယ် စကားမစပ်ဆိုပြီး သူ့ယောက္ခနှစ်ယောက်အလောင်းကို အရင်အိမ်နောက်ဖေးမှာ မြှပ်ထားခဲ့တာ ၁၅ နှစ်ရှိပြီဆိုတာလေးပါ ပြောချလိုက်ပါရော။ဒီတော့မှ မိထွေးကြီးလည်း အပြေးအလွှားနဲ့ ရဲတိုင်၊ ရဲတွေက သွားစစ်တော့ တကယ်အလောင်းတွေတွေ့ပါလေရော။ခက်တာက ပြင်သစ်က လူနှစ်ယောက်ကို ဥရောပဖမ်းဝရမ်းထုတ်ဖို့ဆိုရင် သူတို့လူသတ်ကြောင်း အချိန်နေရာသက်သေအတိအကျလိုနေပါတယ်။ဒီတော့ ဝရမ်းလည်းထုတ်မရသေးတော့ စုံထောက်ကြီးခမျာ သူတို့လင်မယားကို အီးမေးလ်လေးပို့ပြီးတွေ့ခွင့်တောင်းရတာပေါ့။သူတို့လင်မယားကလည်း အေးအေးဆေးဆေးပါပဲ။ လာတွေ့မယ်လေ ...
10
TMDb: 10/10 2 votes
tv

Landscapers (2021)

2021