Channel Myanmar

Edip Saner

Sakla Beni (2023) 10
Sakla Beni (2023) စုန်းကိုက်ခံရတဲ့ နဂါးငွေ့တန်းSakla Beni (2023)***************************************အပိုင်းသစ်( ၄၉/၅၀)(A/Bတွေဖြစ်နေတော့ရှုတ်နေလို့ အပိုင်း15Bပြီးတဲ့အပိုင်းကစပြီး EP31ဖြစ်ပါ့မယ်...တစ်ဆက်တည်းဖြစ်ပါတယ် မျက်စိနောက်မသွားကြပါနဲ့)တစ်ချို့ဇာတ်လမ်းတွဲတွေဟာ  လူ့ကျင့်ဝတ်ဖောက်ပြားတာတွေကိုနည်းမျိုးစုံနဲ့ရိုက်ပြကြပါတယ်...တစ်ချို့ဆို ဖြစ်တောင်ဖြစ်နိုင်ပါ့မလားဆိုပြီးတွေးရလောက်အောင်ဆိုးဝါးတဲ့ လူမှုရေးဖောက်ပြန်မှုတွေကို ရိုက်ကူးပြသထားပါတယ်...သို့ပေမဲ့ လူတွေဟာ ဒီလိုလောင်မြိုက်ရတဲ့စီးရီးတွေကိုဘာလို့သဘောကျလဲဆိုတော့ ကျွန်မတို့လက်တွေ့ဘဝမှာလည်း ဒီလိုပျက်ပြားတဲ့ဖြစ်စဉ်မျိုးတွေတွေ့ကြုံနေရလို့ပါပဲ...ဒီလို ဇာတ်အိမ်မျိုးနဲ့ တူရကီစီးရီးသစ်တစ်ခုထွက်ရှိလာလို့ရွေပန်းကောင်လေးထက်ပိုပြီး လောင်ရမယ့်စီးရီးတစ်ခုထပ်တင်ပေးလိုက်ပါပြီ။ ဒီစီးရီးက တူရကီမှာ အခုမှထုတ်လွှင့်နေဆဲဖြစ်ပြီးတော့ လူကြိုက်များနေတဲ့စီးရီးဖြစ်တဲ့အတွက်CM က ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။မက်တဲနဲ့ နက်ဟာ လူကုံထံမိသားစုကနေ ရွေဇွန်းကိုက်မွေးဖွားလာတဲ့သူတွေဖြစ်ပါတယ်။​ကလေးဘဝတည်းက သူတို့နှစ်ယောက်ကို မိသားစုနှစ်ခုက ကြီးလာရင် လက်ထပ်ပေးဖို့စီစဥ်ပေးထားတာပါ။သူတို့အရွယ်ရောက်လာကြတဲ့အခါ နိုင်ငံခြားမှာပညာသင်နေတဲ့ မတ်တဲဟာ နက်နဲ့လက်ထပ်ဖို့ သူ့ရဲ့မြို့ကိုပြန်လာခဲ့ပါတယ်။နက်က အိမ်ရဲ့သခင်မလေးဆိုတော့ ထုံးစံအတိုင်း မောက်မာပြီးတော့ နိုင်ထက်စီးနင်းဆက်ဆံတတ်ပါတယ်။​သူအနိုင်ကျင့်တာကို အခံရဆုံးက အစေခံမလေး အိန်ဂျလာပါပဲ။အိန်ဂျလာဟာ နက်နဲ့ရွယ်တူဖြစ်ပြီးတော့ ငယ်ငယ်ကတည်းက သူ့အဒေါ်နဲ့အတူ နက်တို့အိမ်ကိုရောက်လာပြီးနက်ရဲ့ကိုယ်ပိုင်အခိုင်းအစေလိုမျိုးဖြစ်လာတာပါ။ဇာတ်က သုံးပင်လိမ်ချင်တော့ အိန်ဂျလာဟာ ငယ်ငယ်ကတည်းက မတ်တဲနဲ့တွေ့ခဲ့ဖူးပြီးမတ်တဲကိုကြိတ်သဘောကျနေခဲ့ပါတယ်။​ နိုင်ငံခြားကနေ နက်နဲ့လက်ထပ်ဖို့လာတဲ့ မတ်တဲကလည်းနက်နဲ့မတွေ့ခင် အိန်ဂျလာနဲ့အရင်တွေ့ပြီး အိန်ဂျလာကို စိတ်ဝင်စားမိသွားပါတော့တယ်။တူရကီစီးရီးတွေရဲ့ထုံးစံအတိုင်း မင်းသမီးတွေရဲ့အလှအပကို တစ်ဝကြီးခံစားရပြီးတော့ဇာတ်အလှည့်အပြောင်းတွေကလည်း ဟာခနဲဟင်ခနဲဖြစ်စေမှာမလို့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကိုအလောင်တလိုင်းနဲ့ ...
10
TMDb: 10/10 1 votes
tv

Sakla Beni (2023)

2023