Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Eileen Yañez
5.6
The Chosen One (2023)
The Chosen One (2023) ==================ဒီတစ်ခါမှာတော့ CMပရိတ်သတ်ကြီးတို့အတွက် သဘာဝလွန်စွမ်း အားတွေပါတဲ့ စပိန်စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဂျိုဒီဆိုတဲ့ ငယ်ငယ်ကတည်းကသဘာဝလွန်စွမ်းအားတွေပိုင်ဆိုင် ထားတဲ့ ကောင်လေးနဲ့ သူ့ဘေးနားက ဗရုတ်ဗရက်သူငယ်ချင်းလေး တွေရဲ့ အရှုပ်ထုပ်ပေါင်းသောင်းခြောက်ထောင်ပေါ့။ဂျိုဒီဟာ သူ့မှာစွမ်းအားတွေရှိတယ်ဆိုတာကို အသက်၁၂နှစ်ရောက် တဲ့အထိ မသိခဲ့ပါဘူး။ တစ်နေ့ကျ သူ့သူငယ်ချင်းတူကာဟာ သူ့ဦးလေး လှော်လက်နဲ့ရိုက်ချခဲ့တဲ့ ဒဏ္ဍာရီလာဆိုင်ရန်သတ္တဝါကို သွားရှာကြမယ်၊ ရှာတွေ့ရင် သူတို့ကျော်ကြားလို့ ချမ်းသာပြီဆိုပြီး ဂျိုဒီကို အပါခေါ်၊ သူ ငယ်ချင်းတစ်အုပ် မိဘတွေကိုညာ၊ သဲကန္တာရကိုတောင်ဖြတ်ပြီး ပင်လယ် ဆီခရီးထွက်ခဲ့ကြပါတယ်။ စိတ်ကူးနဲ့အရူးထခဲ့တဲ့ သူငယ်ချင်းတစ်အုပ် ဘယ်ပြောကောင်းမလဲ သဲကန္တရာထဲ မသေရုံတမယ်ပါပဲ။အဲဒီခရီးကအပြန်မှာ ဂျိုဒီဟာ သူ့မှာစွမ်းအားတွေရှိနေမှန်းသိသွားခဲ့ပြီး သူ့အကြောင်းကလည်း ဟိုးလေးတကျော်ဖြစ်လာပါတယ်။ ဘုရားလို ကိုးကွယ်တဲ့သူတွေတောင်ရှိလာတာမို့ ငယ်သေးတဲ့ဂျိုဒီလေးတစ်ယောက် အဲဒီဒဏ်တွေကို ဘယ်လိုကျော်ဖြတ်ရပါ့မလဲ။ သူ့မှာ ဘာလို့အစွမ်းတွေရှိ နေရတာလဲ။ သူ့အစွမ်းတွေကရော ရိုးစင်းရဲ့လား။ သူဘာတွေဆက်ပြီး ကြုံတွေ့ရဦးမလဲဆိုတာ "The Chosen One"ဆိုတဲ့စီးရီးထဲမှာ အဖြေရှာ လိုက်ကြပါဦး။(ဒီစီးရီးရဲ့ အညွှန်းကို Ngwe Zin မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသား ပေးသူများကတော့ Ngwe Zin, EL ဖြစ်ပါတယ်။)File Size.............(300 Mb) ...
5.6
TMDb:
5.6/10
1100 votes
tv
The Chosen One (2023)
2023