Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Estelle Chen
Love Like the Galaxy (2022)
ရှေးခေတ်ကားကောင်းကောင်းတွေကိုကြိုက်တဲ့CM ပရိသတ်တွေအတွက် ဒီတစ်ခါမှာတော့အသစ်ထွက်ရှိလာတဲ့ဇာတ်လမ်းတွဲတစ်ခုကိုရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။ Main casts တွေအနေနဲ့ငယ်စဥ်ကတည်းသသရုပ်ဆောင်လောကထဲဝင်ရောက်ခဲ့ပြီးNation's Little Brother အဖြစ်သတ်မှတ်ခံရထားရတဲ့ Leo Wu (Wu Lei) ၊အားလုံးရဲ့အသည်းကျော်လေး Zhao Lusi (Who rules the world) တို့ပဲဖြစ်ပါတယ်။ နာမည်ကြီးဝတ္ထုကိုအသက်သွင်းရိုက်ကူးထားတာဖြစ်ပြီးသရုပ်ဆောင်တွေကလည်း ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့သူတွေဆိုတော့ ကြည့်ရတာတန်စေမယ့်ဇာတ်ကားပါပဲ။ ဇာတ်လမ်းအကျဥ်းကတော့...ချန်ရှောင်ရှန်းဟာစစ်ပွဲကြောင့်မိဘတွေနဲ့ခွဲခွာခဲ့ရပြီးအဒေါ်ဖြစ်သူရဲ့အိမ်မှာနေထိုင်ရပါတယ်။အဒေါ်ဖြစ်သူဟာ သူမကိုနှိမ်ထားပြီးဘာမှမတတ်တဲ့အသုံးမကျသူသာဖြစ်စေလိုတယ်။သူ့ကိုယ်သူကာကွယ်ဖို့အတွက် ချန်ရှောင်ရှန်းဟာဘာမှမသိ ပြဿနာပဲရှာတတ်တဲ့ငတုံးငအပုံစံ ဟန်ဆောင်နေခဲ့ပါတယ်။ဒါပေမဲ့လည်း ဘာလုပ်လုပ်အကောင်းမမြင်ဘဲမျက်မုန်းကျိုးနေတဲ့အဒေါ်ဖြစ်သူမိသားစုနဲ့အတူနေထိုင်ရတာဟာ သူမအတွက် မလွယ်ကူခဲ့ပါဘူး။ လင်ပုယီကတော့ မင်းကြီးရဲ့မွေးစားသားဖြစ်ပြီး၊လျို့ဝှက်ချက်တွေ ရန်ငြိုးတွေကိုသိုဝှက်ထားတဲ့သူပေါ့။သူဟာလည်း ချန်ရှောင်ရှန်းလိုပဲ မေတ္တာငတ်မွတ်နေသူဖြစ်ပါတယ်။ မိသားစုရဲ့မေတ္တာကိုငတ်မွတ်နေကြတဲ့သူနှစ်ဦး တွေ့ကြတဲ့အခါမှာနှစ်ဦးသားဟာတစ်ယောက်ရဲ့ကွက်လပ်ကို တစ်ယောက်ဖြည့်နိုင်ခဲ့ကြပါတယ်။ဘာအခက်အခဲ ပြဿနာနဲ့ပဲကြုံလာပါစေအတူရင်ဆိုင်ကူညီဖြေရှင်းကြပြီး ၊ တဖြည်းဖြည်းနဲ့ရင့်ကျက်လာကြတဲ့ဇာတ်လမ်းတစ်ပုဒ်ကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းရေးသားထားသူကတော့ Yin Wai Phyo ...
Love Like the Galaxy (2022)
2022