Channel Myanmar

Fabio Ide

[18+] An/Na (2022) Complete
[18+] An/Na (2022) Complete An/Na (2022) Completed Mini-Series အန်နာက အွန်လိုင်းအရောင်းလုပ်ငန်းမှာအလုပ်လုပ်ပါတယ်၊ အလိုဆန္ဒများလွန်းတဲ့မိသားစုကိုထောက်ပံ့နေရတဲ့အတွက် သူ့ဝင်ငွေဟာ ဘယ်တော့မှလောက်ငတယ်မရှိသလို အိမ်လခပေးဖို့ပါနောက်ကျတဲ့အထိဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် သဘောကောင်းသူ အေးချမ်းတည်ငြိမ်သူတစ်ဦးလို့ပတ်ဝန်းကျင်ရော မိတ်ဆွေတွေကပါ အသိအမှတ်ပြုထားကြပြီး လူချစ်လူခင်များ မုန်းတဲ့သူမရှိသလောက်ပါ။ တစ်နေ့မှာတော့ အန်နာ အသတ်ခံလိုက်ရပါတယ်။ သူ့ငှားနေတဲ့အိပ်ခန်းရဲ့အိပ်ယာပေါ်မှာမျက်နှာကိုကျွတ်ကျွတ်အိတ်အနက်နဲ့စွပ်ပြီး မှောက်ရက်အနေအထားနဲ့သေဆုံးနေတာပါ။ ဒီအမှုကို ထဲထဲဝင်ဝင်စုံစမ်းဖို့ဖြစ်လာတဲ့အခါ တာဝန်ရှိသူတွေဟာ သူနဲ့ အနီးအပါးက အိမ်ရှင်အမျိုးသမီး၊ အိမ်ဖော်၊ အတူနေသူငယ်ချင်း၊ ရုံးက လုပ်ဖော်ကိုင်ဖက်စတဲ့သူတွေကို မေးစမ်းရင်း သူ့ဘဝကို တစ်ဖြည်းဖြည်းသိမြင်လာရပါတော့တယ်။ သဘောကောင်းအေးချမ်းလွန်းတဲ့ အန်နာ၊ မုန်းတဲ့သူမရှိလူချစ်လူခင်များတဲ့အန်နာကို ဘယ်လိုလူက ဒီလိုလုပ်သွားရက်တာလဲ၊ ဒါမှမဟုတ် သူတို့မမြင်နိုင်တဲ့ မသိခဲ့တဲ့ အန်နာရဲ့ တစ်ခြားသောမျက်နှာစာ တစ်ခုများရှိနေဦးမှာလား...? ပြီးခဲ့တဲ့တနင်္ဂနွေဇာတ်လမ်းတွဲတွေနေရာကို အသစ်ဝင်လာတဲ့ Mini-Series အသစ်လေးဖြစ်ပါတယ်။ Janelle Tee (The Escort Wife,Putahe) နဲ့ Rob Guinto (Bula, Purificacion) တို့ခေါင်းဆောင်ပါဝင်ထားပြီး ဇာတ်ပို့ဇာတ်ရံ မင်းသမီးအလှလေးတွေအများကြီးနဲ့ အရင်ဇာတ်လမ်းတွဲတွေလိုပဲ မနားတမ်းဆွဲဆောင်နိုင်ဦးမယ့် ...

[18+] An/Na (2022) Complete

2022