Channel Myanmar

Gao Zhiting

Rising With the Wind ( 2023 ) 5
Rising With the Wind ( 2023 ) ဒီဇာတ်လမ်းလေးကတော့ စီးပွားရေးလောကရဲ့ အရှုပ်အထွေးအတက်အကျတွေကြား မင်းသားနဲ့မင်းသမီးနှစ်‌ယောက်သား ကြိုးစားရုန်းကန်ရင်းချစ်မိသွားကြမဲ့ လုပ်ငန်းခွင်ချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ် ။ ခေါင်းဆောင်မင်းသားအဖြစ် နာမည်ကြီးမင်းသား Gong Jun ၊ ခေါင်းဆောင်မင်းသမီးအဖြစ် Zhong Chu Xi တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ။ဇာတ်လမ်းအကျဉ်းလေးကတော့ ဟောင်ကောင်ရင်းနှီးမြှပ်နှံမှုဘဏ်ကနေ တရုတ်ပြည်မကြီးကိုပြန်လာတဲ့ရင်းနှီးမြှပ်နှံသူ ရွှီစစ်ဟာ ပြည်တွင်းအဝတ်အထည်လုပ်ငန်းစု ကျစ်ယိုချီလုပ်ငန်းစုရဲ့ တစ်ဦးတည်းသောသမီးဖြစ်သူ ကျန်းဟူနဲ့တွေ့ဆုံခဲ့ပါတယ် ။ သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်မတူညီတဲ့ စီးပွားရေးအတွေးအခေါ်တွေရှိတာကြောင့် အစပိုင်းမှာသဘောထားကွဲလွဲမှုလေးတွေရှိပါတယ်။ဒါပေမဲ့ကျန်းဟူတို့အဖေကုမ္ပဏီကျစ်ယိုချီက မသမာသူတွေရဲ့စနက်နဲ့ ရုတ်တရက်ကြီးဒေဝလီခံလိုက်ရတဲ့အချိန်မှာ ကျန်းဟူတစ်ယောက် ဒုက္ခပင်လယ်ဝေခဲ့ရတော့ပါတယ် ။ သူ့ဘေးပတ်ကျင်မှာကလည်း ရေနစ်သူဝါးကူထိုးမဲ့သူတွေကအပြည့်ဆိုတော့ ထိပ်ဆုံးအခြေအနေကနေ အောက်‌ဆုံးထိကျဆင်းသွားတော့တာပေါ့ ။အဲဒီအချိန် ရည်မှန်းချက်ကြီးမားတဲ့ ရွှီစစ်က ကျစ်ယိုချီရဲ့လက်အောက်ခံ အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ ထန်ယွဲ့ဖိနပ်လုပ်ငန်းကိုမျက်စိကျနေတဲ့အချိန်လည်းဖြစ်ပါတယ် ။ အဲဒီလိုနဲ့ ထန်ယွဲ့ကိုရှိသမျှအင်အားအကုန်သုံးပြီးကာကွယ်ဖို့ပြင်ထားတဲ့ကျန်းဟူနဲ့ ကျန်းဟူကိုရော ထန်ယွဲ့လုပ်ငန်းကိုပါမျက်စိကျသွားတဲ့ရွှီစစ်တို့ အပြိုင်အဆိုင်များတဲ့စီးပွားရေးလောကထဲဘယ်လိုမျိုး တိုက်ပွဲဝင်သွားမလဲဆိုတာကို ဆက်လက်စောင့်မျှော်ကြည့်ရှု့ပေးကြပါ================================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Drama , Romance Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
5
TMDb: 5/10 1 votes
tv

Rising With the Wind ( 2023 )

2023