Channel Myanmar

Geum Sae-rok

Soundtrack #2 (2023) [Complete]
Soundtrack #2 (2023) [Complete] Soundtrack #2 (2023)*********************အပိုင်း (၁ မှ ၆) စ/ဆုံး မနှစ်က ထွက်ရှိခဲ့တဲ့ Soundtrack #1 အပြီးမှာ နောက်ထပ် မတူညီတဲ့ရသမျိုးပေးစွမ်းဦးမယ့် Soundtrack #2 ထွက်ရှိလို့လာပါပြီ။ဒီတစ်ခေါက် S2 မှာ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့သူတွေကတော့Keum Sae Rok နဲ့ Noh Sang Hyun တို့ပဲ ဖြစ်ပါတယ်။ဟျွန်းဆော (Keum Sae-Rok) နဲ့ ဆူဟို (Noh Sang-Hyun) တို့ဟာတက္ကသိုလ်တုန်းက တီးဝိုင်းအဖွဲ့ရဲ့ အဆိုတော်နဲ့ ကီးဘုတ်တီးခတ်သူအဖြစ်တွေ့ဆုံချစ်ကြိုက်မိခဲ့ကြပါတယ်။နှစ်အတော်ကြာ တွဲခဲ့ပြီး ဘွဲ့ရပြီးနောက်မှာတော့ လောကဓံအခက်အခဲတွေကြောင့်လမ်းခွဲလိုက်ရပါတော့မယ်။နှစ်အနည်းငယ်ကြာတဲ့နောက်မှာ ဟျွန်းဆောက သူ့ရဲ့အိပ်မက်ကို လက်လျှော့ပြီးပီယာနိုနည်းပြဆရာမအဖြစ် လုပ်ကိုင်နေပါပြီ။ဆူဟိုကလည်း အောင်မြင်ချမ်းသာတဲ့ စီအီးအိုဖြစ်နေပြီဆိုပေမဲ့တစ်ဖက်မှာလည်း စိတ်ရောလူပါ ချုံးချုံးကျနေပါတယ်။ဟျွန်းဆောနဲ့ ဆူဟိုတို့ ပြန်လည်ဆုံတွေ့ဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့...စုစုပေါင်း ၆ ပိုင်း ပါဝင်သွားမှာဖြစ်ပြီး CM ကနေ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းနှစ်ပိုင်းစီ တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။  Aired: ...

Soundtrack #2 (2023) [Complete]

2023
Interests of Love (2022)[Complete]
Interests of Love (2022)[Complete] Interests of Love (2022)အပိုင်း( ၁ မှ ၁၆ ) ထိ စ/ဆုံး စိတ်ဝင်စားမှုမတူညီကြတဲ့လူလေးယောက် ဘဏ်မှာအလုပ်လုပ်ရင်းတွေ့ဆုံကြတဲ့အခါ ဖြစ်ပေါ်လာတဲ့ရုံးတွင်းအချစ်ရေးကိုပုံဖော်ထားတဲ့ ရိုမန့်စ်ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။Ha Sang Soo က တည်ငြိမ်ပြီး ထူးခြားမှုမရှိတဲ့ ဘဝကမှ ပျော်ရွှင်ခြင်းရဲ့ သော့ချက်လို့ စွဲစွဲမြဲမြဲ ခံယူထားသူဖြစ်ပါတယ်။ ဒါပေမယ့် အချစ်နဲ့တွေ့တဲ့အချိန်မှာတော့ သူ့ရဲ့တည်ငြိမ်တဲ့ဘဝလေးက မုန်တိုင်းထန်သွားပါတော့တယ်။An Soo Young ကေတာ့ အချစ်က တည်မြဲမှုမရှိဘဲ အချိန်မရွေး ပျောက်ကွယ်သွားနိုင်တယ်လို့ ယုံကြည်နေသူလေးပါ။ ခက်ခဲတဲ့ အခြေအနေတွေကြားမှာ ကိုယ်တိုင်တောင့်ခံကြိုးစားရင်း သူ့ဆီ ချဉ်းကပ်လာတဲ့ ယောကျာ်းတစ်ယောက်ကို ရင်ခုန်စိတ်လှုပ်ရှားလာခဲ့ပါတယ်။Park Mi Kyung ဟာ ချမ်းသာတဲ့မိသားစုကဆင်းသက်လာတဲ့ ယုံကြည်မှုရှိပြီး ခံစားချက်ပွင့်လင်းသူဖြစ်ပါတယ်။ သဘောကျတဲ့သူတွေ့ရင် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် သူ့ဘေးရောက်အောင်လုပ်မယ့်သူပေါ့။ ဒါပေမယ့် သူဖြစ်စေချင်သလိုမဟုတ်တဲ့ ဆက်ဆံရေးတစ်ခုနဲ့သာ တွေ့ကြုံလာရပါတယ်။Jung Jong Hyun ကေတာ့ ရဲအရာရှိဖြစ်ဖို့ ကြိုးစားနေသူပါ။ ...

Interests of Love (2022)[Complete]

2022
The Fiery Priest (2019) 8
The Fiery Priest (2019) The Fiery Priest (2019)စိတ်ထားကောင်းတဲ့ ခရစ်ယန်ဘုန်းတော်ကြီးဆိုပေမဲ့ဒေါသလွယ်ပြီး စိတ်ဆတ်တဲ့အတွက် ပြဿနာဖြစ်ပြီး ဂူဒမ်မြို့ကိုရောက်လာခဲ့တဲ့ ဖာသာဂင်ဟယ်အီးစကားများပြီး ကြောက်တတ်တဲ့ ဂူဒမ်ရဲစခန်း အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့က စုံထောက် ဂူဒယ်ယောင်းရည်မှန်းချက်ကြီးပြီး အထက်လူကြီးတွေနဲ့ ပေါင်းသင်းတတ်တဲ့အပြင် ထက်မြက်တဲ့ အမှုစစ်ပတ်ဂယောင်းဆွန်းဘုရားကျောင်း ဂိုဏ်းအုပ် ဘုန်းတော်ကြီး အသတ်ခံရမှုအတွက် သူတို့တွေ ဘယ်လို အမှုလိုက်ကြမလဲတစ်ယောက် နယ်ပယ်တစ်ခုစီဆိုပေမဲ့ ဘယ်လိုတွေသိကျွမ်းပြီးတော့ဘယ်လိုမျိုးတွေ အမှုလိုက်ကြမလဲဆိုတာ စောင့်မျှော်ကြည့်ပေးကြပါဦးနော်အမျိုးအစားကတော့ Action, Comedy, Crime, Mystery ဖြစ်ပါတယ်ဒီဇာတ်လမ်းတွဲရဲ့ ထူးခြားချက်ကတော့ အေးဆေးတည်ငြိမ်တဲ့ ဘုန်းတော်ကြီးမဟုတ်ဘဲဒေါသလွယ်တဲ့ ဖာသာရဲ့ ကာရိုက်တာဟာတော့ တကယ်စိတ်ဝင်စားစရာပါပဲCasting အနေနဲ့ကတော့ The Pirates ရဲ့ဇာတ်လိုက် Kim Nam Gi,မကြာသေးခင်ကမှ ပြီးသွားတဲ့ One the Woman က Lee Ha Nee နဲ့Reply series တွေဆိုရင် မကျန်ခဲ့စေရမဲ့ Kim Sung ...
8
TMDb: 8/10 11 votes
tv

The Fiery Priest (2019)

2019
Youth of May(2021)
Youth of May(2021) Youth of May(2021)အညွှန်း************************အပိုင်း(၁ မှ ၁၂)ထိ စ/ဆုံးစည်းကမ်းတင်းကြပ်တဲ့ ဖခင်ရဲ့လက်အောက်မှာနေခဲ့ရပြီး မတော်တဆမှုတစ်ခုကြောင့် ဆေးကျောင်းသားဘဝကနေဘွဲ့မရနိုင်သေးတဲ့အပြင် ဆရာဝန်ဘဝကိုပါ စွန့်လွှတ်ရမလိုဖြစ်နေတဲ့ ဟွမ်ဟီထယ်.....ဆင်းရဲပြီးချို့တဲ့ပေမယ့် ဘဝအတွက် ရုန်းကန်ကြိုးစားနေတဲ့ မာနရှင်သူနာပြုဆရာမလေး ဂင်မြောင်ဟီး.....အခြေအနေတစ်ခုကြောင့် နှစ်ယောက်သား  ဆုံတွေ့ဖို့အကြောင်းဖန်လာတဲ့အခါမှာတော့....လူငယ်သဘာဝအငွေ့အသက်လေးတွေနဲ့ရိုးသားကြိုးစားပြီး ကိုယ်ယုံကြည်ရာကိုလျှောက်လှမ်းကြိုးစားကြမယ့်လူငယ်လေးတွေရဲ့ ရိုဆန်ဆန်မြင်ကွင်းလေးတွေပါမြင်တွေ့ခံစားရဦးမှာပါ....18 Again,Sweet Home  တို့နဲ့နာမည်ကြီးလူသိများလာတဲ့ မင်းသားချောလေးကြောင့် ကြည့်ရကျိုးနပ်စေမှာပါနော်.... Melodrama လေး ငတ်နေကြတဲ့သူတွေအတွက် သတင်းကောင်းပါလို့....Episodes: 12Native Title: 오월의 청춘Also Known As: Youth in May , May Youth , Owolui Chungchoon , Owolui Cheongchun , Owoleui CheongchunDirector: Song Min YeopScreenwriter: Lee KangGenres: Historical, Romance, Youth, Drama, MelodramaTranslated by lwin Lwin Aung, Khine Khine Wai ,Ei Phyu Khin & Shoon Thu Thu ChainEncoder – Phyo Pyae  Episode 1(500MB)  UsersDrive ...

Youth of May(2021)

2021
Joseon Exorcist(2021)
Joseon Exorcist(2021) Joseon Exorcist(2021)ဇာတ်လမ်းတွဲအညွှန်း***************************************အပိုင်းသစ်(၂)ဒီဇာတ်ကားလေးကတော့ ဂျိုဆွန်းခေတ် ထယ်ဂျုံးမင်းတရားကြီးလက်ထက်မြို့ရွာအနှံ့ကို ဒုက္ခပေးရုံတင်မက နန်းတွင်းထိပါ ပျံ့နှံ့ဝင်ရောက်လာတဲ့ ဖုတ်ကောင်နတ်ဆိုးတွေနဲ့သူတို့ရဲ့ဘေးရန်ကနေ ပြည်သူတွေကိုကာကွယ်ပေးဖို့ကြိုးစားကြမယ့် မင်းသား၂ပါးရဲ့တိုက်ပွဲကို ရိုက်ကူးထားတဲ့ နန်းတွင်း သည်းထိတ်ရင်ဖိုကားလေးပဲဖြစ်ပါတယ်။သွေးအေးပြီး အာဏာရဖို့ပဲတစိုက်မတ်မတ်ကြိုးစားခဲ့တဲ့ မင်းသားလီဘန်းဝန်ဟာလူများစွာကိုသတ်ဖြတ်ပြီး ထယ်ဂျူံးမင်းကြီးအဖြစ် ထီးနန်းစိုးစံခဲ့ရပြီးနောက်မှာနတ်ဆိုးတွေရဲ့ နှောင့်ယှက်မှုကို နိုင်ငံအဝှမ်းကြုံတွေ့ခဲ့ရပါတယ်။အိမ်ရှေ့စံမင်းသား Yangnyeong ကတော့ ဖခင်ရဲ့အသိအမှတ်ပြုခံရဖို့အမြဲကြိုးစားရင်း ပူပင်သောကများနေရတဲ့မင်းသားတစ်ပါးဖြစ်ပြီးမင်းသား Chungnyeong ကတော့ အေးေဆေးဆေးနေတတ်တဲ့ စာပေလေ့လာသူတစ်ဦးဖြစ်ပါတယ်။စာပေလေ့လာသူတစ်ဦးဖြစ်တဲ့ မင်းသား Chungnyeong တစ်ယောက်နတ်ဆိုးတွေရဲ့တိုက်ပွဲကြားရောက်ခဲ့တဲ့အခါမှာတော့ညီအစ်ကို၂ဦး နတ်ဆိုးတွေရန်ကနေ ပြည်သူတွေကို ဘယ်လိုအကူအညီပေးဖို့ ကြိုးစားသွားမလဲသူတို့ကြားက နန်းတွင်းတိုက်ပွဲတွေကရော ဘယ်လိုဖြစ်လာမလဲ ဆိုတာကို ကြမး်ပေ့ရမ်းပေး အက်ရှင်ခန်းပေါင်းများစွာနဲ့ ရင်တမမ မြင်တွေ့ခံစားရမှာပဲဖြစ်ပါတယ်။ Quality – 720p Duration – 1hr (@Episode) Subtitle – Myanmar HardsubGenres: Action, Historical, Drama, FantasyTranslator – Lwin Lwin Aung,Ei Phyu Khin ,Khine Khine Wai & ...

Joseon Exorcist(2021)

2021