Channel Myanmar

Graham Verchere

The Good Doctor 8.6
The Good Doctor The Good Doctor စီးရီးဟာ နာမည်ကြီးကိုရီးယားစီးရီးကို ပြန်လည်ရိုက်ကူးထားတာပါ။ကိုရီးယားစီးရီးကို မကြည့်ဖြစ်လိုက်ပေမယ့် ဒီအမေရိကန်စီးရီးကိုတော့ စိတ်ဝင်တစားကြည့်ဖြစ်ပါတယ်။ ဆရာဝန်စီးရီးတွေမှာတော့ အမေရိကန်စီးရီးတွေက အများကြီးပီပြင်ပါတယ်။ အသုံးအနှုန်းတွေ လှုပ်ရှားမှုတွေနဲ့ ရောဂါတွေက အတော်လေး သဘာဝကျပါတယ်။ဇာတ်လိုက်ကတော့ Autism အော်တစ်ဇင်ရောဂါရှိတဲ့ ပါရမီရှင် ခွဲစိတ်အလုပ်သင် ဆရာဝန်တစ်ယောက်ပါ။ သူ့ကို ဆေးရုံအုပ်ကြီးက သူ့ရာထူးနဲ့ရင်းပြီး ထောက်ခံပေးကာ အလုပ်ဆင်းခွင့်ပြုခဲ့ပါတယ်။ သူရောက်သွားတဲ့ ခွဲစိတ်ဆရာဝန်အဖွဲ့ခေါင်းဆောင်က အရမ်းတော်ပြီး မာနကြီးတယ်၊ သူ့တွဲဖက်တွေကလည်း လူသန်းဆန်သူ တကိုယ်ကောင်းဆန်သူ စသည်ဖြင့် လူအမျိုးမျိုးနဲ့ ကြုံလာရပါပြီ။သူ့ရဲ့ ထူးဆန်းတဲ့တွေးခေါ်ပုံတွေ လူတွေနဲ့ကသိကအောက် ဟာသတွေ၊ အမှန်နဲ့အမှားကြားက ကျင့်ဝတ်တွေနဲ့ အတော်ကို ဝေဝေဆာဆာရှိတဲ့ ဇာတ်လမ်းပါပဲ။ House MD, Grey Anatomy လိုမျိုးတွေ ကြိုက်တဲ့သူတွေအတွက်တော့ လုံးဝကျေနပ်စေမယ့် ဇာတ်လမ်းဖြစ်ပါတယ်။ အကောင်းဆုံးကြိုးစားပြီး ပြန်ပေးထားပါတယ်။ ဆရာဝန်တွေမှ သိနိင်မယ့်စာလုံးအချို့ ဘာသာပြန်မှားပါလာရင်တော့ နားလည်ပေးလိုက်ကြပါခင်ဗျ။Medical Field ...
8.6
TMDb: 8.6/10 5327 votes
tv

The Good Doctor

2017
Alert: Missing Persons Unit (2023) 9.2
Alert: Missing Persons Unit (2023) Alert: Missing Persons Unit (2023) Completed Series Fox က​နေ အပတ်စဉ်ထုတ်လွှင့်နေတဲ့ Action, Drama စီးရီးအသစ်တစ်ခုကိုတင်ဆက်​ပေးလိုက်ပါတယ်။ Alert: Missing Persons Unit ဆိုတဲ့နာမည်အတိုင်း လူ​ပျောက်တိုင်ကြား​ရေးဌာနနဲ့ သက်ဆိုင်တဲ့ စီးရီးပါ။ ​​​​ဂျေဆင်နဲ့နစ်ကီ လင်မယား၂​ယောက်မှာ ​မွေးစားသားသမီး၂​ယောက်ရှိရာမှာ ကိသ်ဆိုတဲ့ သား​ဖြစ်သူက ၁၁နှစ်ကတည်းက ပြန်​ပေးဆွဲခံခဲ့ရတာပါ။ ၆နှစ်​ကျော်ကြာတဲ့အထိ သားဖြစ်သူကို ပြန်မ​တွေ့ခဲ့သလို နစ်ကီကိုယ်တိုင်လည်း MPU ဌာနရဲ့​ခေါင်း​ဆောင်တစ်​ယောက် ဖြစ်​နေပါပြီ။ သားဖြစ်သူကို ရှာ​ဖို့ ကြိုးစားရင်း တခြားလူ​ပျောက်မှု​တွေကို ရှာ​​ဖွေကယ်ဆယ်ကြပုံ​တွေ၊ စွန့်စားခန်း​တွေကို တစ်ပတ်ကို Story တစ်ခု ပုံစံနဲ့ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ CM က​နေ အပတ်စဉ်ပုံမှန်တင်​ဆက်​ပေးသွားမယ့် 11 ပိုင်းရှိမယ့် စီးရီးအသစ်ပါပဲ။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူတွေကတော့ X, Thar Htet နဲ့ 666 တို့ပဲဖြစ်ပါတယ်) Size ~ ...
9.2
TMDb: 9.2/10 9 votes
tv

Alert: Missing Persons Unit (2023)

2023