Channel Myanmar

Han Tongsheng

You’ll Never Walk Alone ( 2023 )
You’ll Never Walk Alone ( 2023 ) နာမည်ကြီးကုမ္ပဏီတစ်ခုရဲ့ အရောင်းဌာနရဲ့ဒါရိုက်တာ ရှန်ဟိုင်းမြို့သူလေး ရှယွမ်၊ ချစ်သူဖြစ်တဲ့စုန့်ဟန်ယွီနဲ့ ၃နှစ်ကြာလက်တွဲခဲ့ကြပြီးနောက်မှာ ချစ်သူကိုလက်ထပ်ခွင့်တောင်းခဲ့ပေမယ့် ချစ်သူကတော့သူမကို အဆက်အသွယ်ဖြတ်ပြီး ခြေရာဖျောက်သွားခဲ့ပါတယ်။ စုန့်ဟန်ယွီ ဩစတြေးလျကိုသွားတယ်လို့သိသွားတဲ့ရှယွမ်တစ်ယောက် ဩစတြေးလျကိုလိုက်သွားပြီးရှာဖို့ပြင်ဆင်ခဲ့ပါတယ်။(function(f,b,n,j,x,e){})();အဖေ့ကုမ္ပဏီ ဒေဝါလီခံရပြီးနောက် ဩစတြေးလျကိုအလုပ်လုပ်ဖို့ရောက်လာတဲ့ ဟောင်ဝေ့လိုင်။ ရှန်ဟိုင်းမြို့မှာတွေ့ဆုံလ​က်ထပ်ပြီးကွာရှင်းခဲ့ကြတဲ့ ယဲ့စီးချီနဲ့ချောင်ပင်း။ ဘဝသစ်ကိုစတင်ချင်နေတဲ့ ခေါင်းမာတဲ့ ယဲ့စီးချီ။ ယဲ့စီးချီနောက် ဩစတြေးလျထိလိုက်လာခဲ့တဲ့ ချောင်ပင်း။(function(f,b,n,j,x,e){})();ရှန်ဟိုင်းမြို့ကအစပြုလို့ ဩစတြေးလျအထိရေစက်ပါလာကြတဲ့ ရှယွမ် ဟောင်ဝေ့လိုင် ယဲ့စီးချီ ချောင်ပင်းတို့လေးယောက်သား စိုက်ခင်းတွေ ရွက်လှေကုမ္ပဏီတွေ ပန်းခြံနဲ့တခြားနေရာတွေမှာအလုပ်လုပ်ကြရင်း ခိုင်မြဲတဲ့ သံယောဇဥ်ချည်နှောင်မိလာပါတော့တယ်။လေးဦးသားအတူတူကြီးပြင်းရင့်ကျက်လာကြရင်း၊ အချင်းချင်းပြဿနာတွေကိုကူညီဖြေရှင်းပေးရင်း၊ ဘဝခရီးကိုအတူတကွရှေ့ဆက်ခရီးနှင်ကြတဲ့အကြောင်းကို စိတ်ဝင်စားဖွယ်ခံစား ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။=========================Quality : WEB-DL 1080p , 720p Total Episodes : 28 Format : mp4 Genres : Drama , Romance Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Yin Wai Phyo Encoded by LK========================= Ep 1 ( 720p ) - ...

You’ll Never Walk Alone ( 2023 )

2023
New Vainty Fair (2023)
New Vainty Fair (2023) နာမည်ကြီးလွယ် နာမည်ကျလွယ်တဲ့ အခုခေတ်အနုပညာလောကကြီးရဲ့တစ်စိတ်တစ်ဒေသကိုမီးမောင်းထိုးပြီးအိုင်ဒေါတွေရဲ့ဘဝအကြောင်းကိုချပြထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။တင်းခယ်မန်ဟာထက်မြက်ပြီး ဂုဏ်သိက္ခာကိုတန်ဖိုးထားတဲ့ ပြဇာတ်သရုပ်ဆောင်တစ်ယောက်ဖြစ်တယ်။သူ့ရဲ့တပည့်တစ်ယောက်ဖြစ်ခဲ့တဲ့စုန်းယန်( Z Tao)ကနာမည်ကြီးကြယ်ပွင့်တစ်ယောက်ဖြစ်ပါတယ်။ပြဇာတ်အနုပညာကိုလူကြိုက်နည်းလာတဲ့အလျောက်ပြဇာတ်အနုပညာကိုထိန်းသိမ်းနိုင်ဖို လက်မှတ်ရောင်းအားတက်စေဖိုအတွက် ပြဇာတ်အဖွဲက(အဖေနှင့်သား)ဆိုတဲ့ပြဇာတ်မှာ စုန်းယန်ကိုပါဝင်ဖိုကမ်းလှမ်းခဲ့ပါတယ်။တင်းခယ်မန်ရဲ့လမ်းပြမှုအောက်မှာ စုန်းယန်ကအောင်မြင်မှုရဲ့စွဲဆောင်မှုတွေကိုကျော်ဖြတ်နိုင်ပြီး ပိုပြီးရင့်ကျက်လာခဲ့ပါတယ်။ဒီလိုနဲ့ စုန်းယန်ဟာ တင်ဆက်အနုပညာကိုပိုပြီးနားလည်လာပြီး ပိုပြီးလေးစားလာခဲ့တယ်။စုန်းယန်ဟာသူ့ရဲကြိုးစားမှုကြောင့် လူကြိုက်များတဲ့အပြင် သရုပ်ဆောင်စွမ်းရည်ပြည့်ဝတဲ့ကြယ်တစ်ပွင့်တစ်ပွင့်ဖြစ်လာပုံကို ကြည့်ရှုခံစားရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။[Reviewed By Nu Mon]Quality : WEB-DL 720p,1080pTotal Episodes : 40Format : mp4Genres : Drama, LifeDuration : 45 min per EpisodeSubtitle : Myanmar Subtitle ( Hardsub )Translated by CM TeamEncoded by LK Episode 1 - MegaUp / StreamVid / Usersdrive / Yoteshin / StreamSB Episode 1 (1080p) ...

New Vainty Fair (2023)

2023
The Knockout (2023) 8.167
The Knockout (2023) CM ပရိတ်သတ်တွေအတွက် ဒီတစ်ခေါက်မှာတော့အက်ရှင်၊ ဒရမ်မာ၊ မှုခင်းရသမျိုးစုံ ကိုခံစားကြည့်ရှုနိုင်မယ့်ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်နော်။ဒီဇာတ်ကားမှာတော့ ကျင်းဟိုင်မြိုရဲ့ ရှေ့တန်းရာဇဝတ်မှုခင်းရဲအရာရှိတစ်ယောက်ဖြစ်တဲ့ အန်းရှင်းတစ်ယောက်သူ့မြိုက လူဆိုးလူမိုက်တွေရဲ့ ရာဇဝတ်မှုတွေ၊ အကျင့်ပျက်ချစားမှုတွေနဲ့ပဲတစ်ချိန်လုံးရင်ဆိုင်နေရပေမယ့် ဘယ်တုန်းကမှအနိုင်မရခဲ့ပါဘူး။ဒါကြောင့်မို လင်ကျန်း ပြည်နယ်စုက အမျိုးသားအဆင့်နိုင်ငံရေးနဲ့ဥပဒေရေးရာပညာပေးပြုပြင်မွန်းမံမှုတွေ သင်ယူထားတဲ့သူတွေကို ကျင်းဟိုင်ကိုစေလွှတ်ပြီးကျင်းဟိုင်ကဥပဒေရေးရာအဖွဲစည်းတွေနဲ့ ပူးပေါင်း ပြီးတဲ့နောက် ဘယ်တုန်းကမှတရားမျှတမှုရအောင်မလုပ်နိုင်ခဲ့တဲ့ ရာဇဝတ်မှု၊ အကျင့်ပျက်ချစား မှုတွေကိုဘယ်လိုရင်ဆိုင်ဖြေရှင်းကြမယ်ဆိုတာတွေ...အဲ့ဒီအခါ ကျင်းဟိုင်မှာ နှစ်အတော်ကြာအုပ်စိုးပြီး ဥပဒေကိုသူတိုလက်ခုပ်ထဲကရေလိုကျင့်သုံးနေကြတဲ့လူဆိုးဂိုဏ်းတွေရဲ့အရှိန်ဝါက ဘယ်လိုမျိုးကျဆင်းသွားမလဲဆိုတာတွေ… ကိုCM ပရိသတ်တွေအနေနဲ့ ရင်ခုန်ခံစားကြည့်ရှုနိုင်ဖိုအတွက် တင်ဆက်လိုက်ရပါတယ်နော်သရုပ်ဆောင်တွေကတော့ CM ကနေတင်ဆက်ပေးဖူးတဲ့ Rating အများကြီးရရှိခဲ့တဲ့Operation Red Sea ထဲက မင်းသား Zhang Yi က အန်းရှင်းအဖြစ်သရုပ်ဆောင်ထားပြီးတော့နာမည်ကြီး မင်းသမီးချော Li Yi Tong တိုက အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်နော်…(အညွှန်းရေးသားထားသူကတော့ Su Myat Nyut Lin ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal Episodes : ...
8.167
TMDb: 8.167/10 42 votes
tv

The Knockout (2023)

2023