Channel Myanmar

Isha Talwar

Indian Police Force (2023) Complete 9
Indian Police Force (2023) Complete Indian Police Force (2024) "အိန္ဒိယရဲတပ်ဖွဲ့" IMDb - 7.0/10အားလုံးစောင့်မျှော်နေကြတဲ့ အိန္ဒိယရဲတပ်ဖွဲ့ ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါပြီဗျ။ Amazon Prime Videoကနေ ထုတ်လွှင့်ခဲ့ပြီး အပိုင်း၇ပိုင်း ပါဝင်ပါတယ်။ မင်းသားက Shershaah (2021)မှာ ပရိသတ်ကြီးအသဲနှလုံးကို သိမ်းပိုက်သွားခဲ့တဲ့ မင်းသားချော ဆစ်ဒါးမယ်လ်ဟိုတရာပဲဖြစ်ပါတယ်။(function(f,b,n,j,x,e){})();ဒီစီးရီးကို ရိုက်ကူးခဲ့တဲ့ဒါရိုက်တာကတော့ Cop Universe franchiseဖြစ်တဲ့ ဆင်းဂမ်းရုပ်ရှင်တွေနဲ့ ဆင်ဘာရုပ်ရှင်ကိုရိုက်ကူးခဲ့တဲ့ ရိုဟစ်ရှက်တီပဲဖြစ်ပါတယ်။ ဆစ်ဒါးက ဒေလီအထူးတပ်ဖွဲ့က ရဲအရာရှိကဘီးရ်အဖြစ် ပါဝင်ထားပါတယ်။ဒေလီရဲတပ်ဖွဲ့ စတင်တည်ထောင်တဲ့နေ့အတွက် ဂုဏ်ပြုပွဲလုပ်မဲ့နေ့မှာပဲ ဒေလီမြို့တစ်နေရာမှာပေါက်ကွဲမှုဖြစ်ပါတယ်။(function(f,b,n,j,x,e){})();ဆက်တိုက်ဆိုသလိုပဲ တခြားနေရာတွေမှာလည်း ဗုံးတွေ့တဲ့သတင်းတွေ ထွက်ပေါ်လာပါတော့တယ်။ အိန္ဒိယမူဂျာဟီဒင်လို့ သူတို့ကိုယ်သူတို့ခေါ်တဲ့ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုက အဲဒီဖောက်ခွဲမှုတွေက သူတို့လက်ချက်ဖြစ်ကြောင်း တီဗီချန်နယ်လ်တစ်ခုကို အီးမေးလ်ပို့ပါတယ်။ စုစုပေါင်း ပေါက်ကွဲမှု ခြောက်ကြိမ်ဖြစ်မယ်လို့လည်း ဆိုထားပါတယ်။(function(f,b,n,j,x,e){})();ဒီတော့ အထူးရဲတပ်ဖွဲ့ဖြစ်တဲ့ ကဘီးရ်တို့တွေ ဒီဖောက်ခွဲမှုတွေကို လုပ်ဆောင်တဲ့ အကြမ်းဖက်သမားတွေကို လိုက်လံရှာဖွေရပါတော့တယ်။ အထူးရဲတပ်ဖွဲ့နဲ့ အကြမ်းဖက်သမားတို့ ဘတပြန်ကျားတပြန် အားပြိုင်ကြပုံကို ကြည့်ရှုခံစားကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele ...
9
TMDb: 9/10 1 votes
tv

Indian Police Force (2023) Complete

2024
Chamak (2023) 6
Chamak (2023) Chamak (2023) "ကြယ်တစ်ပွင့်" IMDb - 9.1/10(function(f,b,n,j,x,e){})();ဒီစီးရီးမှာ အပိုင်းခြောက်ပိုင်းပါပြီး ဂီတနဲ့ လျှို့ဝှက်သည်းဖို ပေါင်းစပ်ထားတဲ့ အိန္ဒိယရုပ်ရှင်ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။ ဒီဇင်ဘာလမှာ စတင်ထုတ်လွှင့်ခဲ့ပြီး ပထမအပတ်မှာတင်ပဲ IMDb rating ၉.၄အထိရရှိခဲ့တဲ့အပြင် ဝေဖန်ရေးသမားနဲ့ ပရိသတ်တွေကြားမှာလည်း အတော်လေးအောင်မြင်ခဲ့ပါတယ်။ကာလာဆိုတာ မြောက်အမေရိက ကနေဒါမှာနေပြီး အောင်မြင်တဲ့ရပ်ပါတစ်ယောက်ဖြစ်ဖို့ ဆန္ဒရှိတဲ့သူ။ ဆွေမျိုးဆိုလို့ အဖေတစ်ယောက်ပဲရှိပေမဲ့ သူ့အိပ်မက်တွေကို တားဆီးလို့ အဖေ့စကားနားမထောင်တဲ့သားတစ်ယောက်။ ထောင်ကလွတ်တာမှမကြာသေး ရဲမှူးရဲ့သားဖြစ်သူကို အပြင်းအထန်ထိုးကြိတ်ခဲ့မိလို့ ထောင်ထဲပြန်သွားရမှာကြောက်ပြီး ပန်ဂျပ်ကို ပြေးရပါတော့တယ်။ရှောင်ပြေးလာရတဲ့ကြားထဲ ထိန်းလို့မရတဲ့ဂီတပိုးကြောင့် နာမည်ကြီးရပ်ပါတယောက်နဲ့ battle rapပြိုင်ရွတ်ရာကနေ နာမည်ကြီးပြီး သူ ပန်ဂျပ်မှာရှိတာကို သိသွားပါတော့တယ်။ဒီမှာပဲ ပန်ဂျပ်ကနေ ဂျာမန်ကို ရှောင်ပြေးဖို့အလုပ်၊ အစတစ်ခု ဆွဲထုတ်မိလိုက်ရာကနေ ဂန္ဓဝင်အဆိုအကျော်အမော်ကြီး တာရာဆင်းဂ်က သူ့အဖေအရင်းဖြစ်နေတာကို သိလိုက်ရပါတော့တယ်။အဲဒါအပြင် သူ့အဖေသေရတာက သွေးရိုးသားရိုးမဟုတ်တာကို သိလိုက်ရတဲ့အချိန်မှာတော့ လိုက်လံစုံစမ်းပါတော့တယ်။ သူ့ရဲ့စုံစမ်းမှုက အဖြေပေါ်မှာလား။ သူဖြစ်ချင်တဲ့ နာမည်ကြီးရပ်ပါကရော ဖြစ်လာမှာလား။ အဲဒါတွေအပြင် ဂီတနယ်ပယ်က အရှုပ်အထွေး၊ နိုင်ငံရေးအရှုပ်အထွေးတွေပါ ပါဝင်ပတ်သက်လာတဲ့အခါမှာတော့...။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို ...
6
TMDb: 6/10 2 votes
tv

Chamak (2023)

2023
Saas, Bahu Aur Flamingo (2023) 8
Saas, Bahu Aur Flamingo (2023) Saas, Bahu Aur Flamingo (2023) IMDb-8.1/10ပူပူနွေးနွေးထွက်ရှိထားပြီး မှတ်ချက်ကောင်း rating ကောင်းတွေ အများအပြားရရှိထားတဲ့ ဇာတ်လမ်းတွဲလေး တင်ဆက်ပေးလိုက်ပါတယ်။"ယောက္ခမ၊ ချွေးမများနှင့် ကြိုးကြာနီ" တဲ့။ ခပ်ကြမ်းကြမ်းမင်းသမီးကြီးနဲ့ ခပ်လန်းလန်းမင်းသမီးလေးတွေအများကြီး ပါဝင်ထားတဲ့ ခပ်မိုက်မိုက်ဇာတ်လမ်းတွဲတခုပါ။ဇာတ်လမ်းအကျဉ်း ရာနီဘာဆိုတဲ့ အမျိုးသမီးကြီးက အမျိုးသမီးတွေနဲ့ချည်း မူးယစ်ဆေးထုတ်လုပ်တဲ့ ဂိုဏ်းတခုဖွဲ့စည်းထားတယ်။ သားနှစ်ယောက်ရှိပေမဲ့ သားတွေကိုကျ အဝေးမှာပို့ထားပြီး ချွေးမတွေနဲ့သမီးကိုပဲ မူးယစ်ဆေးထုတ်လုပ်တဲ့နေရာမှာ ခိုင်းစေခဲ့တယ်။သူတို့ဆီက ထုတ်တဲ့ မူးယစ်ဆေးကြောင့်ပဲ ဒုဝန်ကြီးရဲ့ သားဖြစ်သူအရေးပေါ်ရောက်သွားတဲ့နောက်မှာတော့ မူးယစ်နှိမ်နှင်းရေးကနေ မူးယစ်ဆေးထုတ်လုပ်နေတဲ့ ပင်မအရင်းအမြစ်ကို စုံစမ်းဖော်ထုတ်ဖို့ ရဲတယောက်ကို အထူးစေလွှတ်လိုက်တယ်။အရှင်ခရစ်သျှဏ မွေးနေ့ပွဲမတိုင်ခင်မှာပဲ... စပိန်ဂိုဏ်းတခုဆီကို သတ်မှတ်ထားတဲ့ဆေးပမာဏပို့ပေးရမှာရယ်၊ နိုင်ငံခြားကနေ ပြန်လာမဲ့သားနှစ်ယောက်ရယ်၊ သူ့ရဲ့ အမွေခံတယောက် ရွေးချယ်ဖို့ကနေ မိသားစုသွေးကွဲကြတာတွေ၊ မူးယစ်နှိမ်နှင်းရေးက အရာရှိက စုံစမ်းစစ်ဆေးမှုလုပ်တာတွေ၊ အဲလိုအရာတွေကြားထဲမှာမှ ဘုရင်မလို့ ခေါ်ဝေါ်ကြတဲ့ ရာနီဘာတယောက် ဘယ်လိုတွေကုလားဖန်ထိုး ဉာဏ်ကစားပြီး ရင်ဆိုင်သွားမလဲဆိုတာ တပိုင်းပြီးတပိုင်း စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပါ။ 18+ နှင့် ခုတ်ထစ်ဖြတ်အခန်းတချို့ပါဝင်တာကြောင့် ကလေးငယ်များနှင့်အသည်းငယ်တတ်သူများ မကြည့်ရှူသင့်ပါ။ (အညွှန်းရေးသားသူကတော့ chiclon3 ဖြစ်ပြီးဘာသာပြန်သူတွေကတော့ chiclon3~Zwe Yan Naing~Thaik San~BpL~Yunni~Aditi~Saii တို့ပဲဖြစ်ပါတယ်)Quality : 1080p  / 720pTotal Episodes :8EpsFormat : mp4Genres : Drama, Action ...
8
TMDb: 8/10 3 votes
tv

Saas, Bahu Aur Flamingo (2023)

2023
Mirzapur(2018/2020)SEASON 1/2 8.4
Mirzapur(2018/2020)SEASON 1/2 Mirzapur(2018/2020)SE1/SE2 အညွှန်း******************************စ/ဆုံး(ဒီစီးရီး တခြားအိန္ဒိယကားတွေနဲ့ ကွဲပြားလိမ့်မယ်လုိ့ထင်ပါတယ်...Overတွေမပါသလို ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်ကာလနဲ့စတင်ပြီးမူးယစ်ဂိုဏ်းတွေ၊လူမိုက်ပေါင်းစုံတွေ ခရိုနီတွေနဲ့ အာဏာရဖို့အရေး နည်းမျိုးစုံနဲ့ကြိုးစားတဲ့သူတွေနဲ့ဖွဲ့စည်းထားပြီးအတော်ကြီးကိုကြမ်းပါတယ်...)တရးဥပဒေစိုးမိုးမှုမရှိတဲ့ မီဇာပူးမြို့မှာမီလျံနာသူဌေးတစ်ဖြစ်လဲ မာဖီယားဂိုဏ်းစတားဖြစ်သူ အခန်ဒနန် ထရီပါသီ ဟာသြဇာအာဏာကြီးမားပြီး တစ်မြို့လုံးကိုချုပ်ကိုင်ထားတယ်...သူ့ရဲ့တစ်ဦးတည်းသောသားဖြစ်သူ မူနာ ထရီပါသီ ကတော့ အရည်အချင်းမရှိဖခင်ဖြစ်သူရဲ့အမွေစရိုက်အရာနဲ့ထိုက်တန်ခြင်းမရှိဘဲ အာဏာပါဝါ မက်မောတမ်းတနေတဲ့လူတစ်ယောက်...သူဟာမင်္ဂလာပွဲတစ်ခုရဲ့အဖြစ်အပျက်တစ်ခုကြောင့် ရိုးဖြောင့်မှန်ကန်တဲ့ရှေ့နေတစ်ဦးဖြစ်သူ ရမခန်ပါဒစ် နှင့်သူ့သားများဖြစ်ကြတဲ့ ဂူဒူနဲ့ဘာလူး တို့မိသားစုနဲ့ရင်ဆိုင်လာရတော့တယ်...ဂူဒူနဲ့ဘာလူးတို့ဟာ သူ့အဖေကိုမီပူဇာမြို့ဘုရင်ရဲ့သားဖြစ်သူရဲ့ အနှောင့်အယှက်အန္တရာယ်ပေးမှုအောက်မှကာကွယ်ဖို့အတွက် မီပူဇာမြို့ဘုရင် အခန်ဒနန်ထရီပါသီရဲ့လက်အောက်မှာ အလုပ်လုပ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်..ဒီလိုလောကမျိုးကြီးဟာ ဝင်ပြီးရင်ပြန်ထွက်မရဘူးဆိုတာသူတို့သိပေမယ့်အဖေကိုလဲကာကွယ်နိုင် ငွေလဲအလွယ်တကူရှာနိုင်မှာဖြစ်တဲ့အတွက် မျက်စိစုံမှိတ်ကာညီအစ်ကိုနှစ်ယောက်ရှေ့ဆက်တိုးခဲ့ကြတဲ့ပြီး မီပူဇာမြို့ဘုရင်ကြီးရဲ့ ခြင်္သေ့များဖြစ်လာကြတဲ့အခါမှာတော့...(၁၉)ပိုင်းထွက်ရှိထားပါတယ်..တစ်ရက်တစ်ပိုင်းတင်ဆက်ပေးသွားပါ့မယ်... Quality – WEB-DL  720pDuration – 60Min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genres- , Action ,Crime ,DramaTranslated by Zwel Zan Aung ,Paing ,& MarTizasEncoder – Phyo Pyae  Season ...
8.4
TMDb: 8.4/10 37 votes
tv

Mirzapur(2018/2020)SEASON 1/2

2018