Channel Myanmar

Jack Farthing

The Serial Killer’s Wife (2023) 7.3
The Serial Killer’s Wife (2023) Series လည်း ကြည့်ချင်တယ် အရှည်ကြီးကြည့်ရမှာလည်း ပျင်းတယ်ဆိုတဲ့သူတွေရှိရင် အပိုင်းနည်းနည်း‌နဲ့(function(f,b,n,j,x,e){})();ကြည့်လို့ကောင်းတဲ့ series တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်က The Serial Killer's Wife ဖြစ်ပြီးတော့ 2023 ခုနှစ် December ကမှ ထွက်ရှိထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ ဘတ်သ်ရဲ့ အမျိုးသား တွန်က ကျေးလက်ဒေသက ဆရာဝန်တစ်ဦးပါ။ တွန်ရဲ့ ဆေးခန်းအကူ ကေတီ သေဆုံးရာကနေ ဇာတ်လမ်းအစပြုပါတယ်။ တစ်နေ့ ဘတ်သ်နဲ့ တွန်တို့ ဧည့်သည်တွေနဲ့အတူ မွေးနေ့ကျင်းပနေတုန်း ရဲတပ်ဖွဲ့က ရောက်လာပြီးတော့ တွန်ကို လူသတ်မှု သံသယတရားခံအဖြစ် ဖမ်းသွားခဲ့တယ်။ အခြေအနေတွေကလည်း ဖရိုဖရဲဖြစ်ပြီး ဧည့်သည်တွေရှေ့မှာ မျက်နှာပျက်စရာတွေ ဖြစ်ကုန်ပါတယ်။ ဘတ်သ်ဟာ အတင်းအဖျင်းတွေကို ရင်ဆိုင်ရင်း ယောက်ျားဖြစ်သူ အပြစ်ကင်းကြောင်း သက်သေပြဖို့ တွန်ရဲ့ ပစ္စည်းတွေကို ရှာဖွေခဲ့တယ်။ မမျှော်လင့်ထားဘဲ တွန်က ကေတီအပါအဝင် တခြားအမျိုးသမီးတွေနဲ့ ဖောက်ပြန်နေတာကို ဘတ်သ်တစ်ယောက် သိလိုက်ရပါတယ်။ ဒီကစလို့ ဇာတ်လမ်းဟာ ပိုမိုရှုပ်ထွေးလာပြီးတော့ ဘတ်သ်နဲ့ တွန်ရဲ့ မရိုးရှင်းတဲ့ အတိတ်အကြောင်းတွေပါ ပါလာမှာပါ။ ရဲတွေကရော လူသတ်မှုကို ဘယ်လိုဖော်ထုတ်မလဲ၊ လူသတ်တရားခံအစစ်က ဘယ်သူလဲ၊ တခြားကွင်းဆက် လူသတ်မှုတွေနဲ့ ဘယ်လိုချိတ်သွားမလဲ၊ ဘတ်သ်နဲ့ ...
7.3
TMDb: 7.3/10 3 votes
tv

The Serial Killer’s Wife (2023)

2023
Rain Dogs (2023) 6.4
Rain Dogs (2023) Rain Dogs (2023) Season 01 Complete ~ IMDb - 6.3/10, Rotten Tomatoes - 100% ~ "A family like no other" Rain Dogs ဟာ HBO ရဲ့ 2023 ထွက် အသစ်စက်စက် British Series တစ်ခုပဲဖြစ်ပါတယ်။ သာမန် လူလတ်တန်းစားတွေ၊ လူကုံထံတွေအကြောင်းကို ရိုက်ထားတဲ့ ဇာတ်ကားတွေကနေ ကွဲထွက်ပြီး စားဖို့သောက်ဖို့၊ နေစရာရှိဖို့အတွက် ရုန်းကန်ကြရတဲ့ လက်လုပ်လက်စား လူတန်းစားတစ်ရပ်အကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ Dark Comedy, Drama စီးရီးလေးတစ်ခုပါပဲ။ ဇာတ်လမ်းရဲ့အစမှာ Single Mother တစ်ဦးဖြစ်တဲ့ Costello Jones ဟာ ခက်ခဲတဲ့အနေအထားတစ်ရပ်နဲ့ရင်ဆိုင်နေရပြီး သူ့ရဲ့ ချစ်စရာသမီးချောလေး Iris ဟာလည်း မိခင်ဖြစ်သူကိုနားလည်ပြီး ဖြစ်သမျှကို စိတ်မညစ်စွာ အတူတူရင်ဆိုင်ရဲတဲ့ ကလေးလေးဖြစ်ပါတယ်။ ...
6.4
TMDb: 6.4/10 8 votes
tv

Rain Dogs (2023)

2023
Chloe (2022) 6.9
Chloe (2022) Chloe (2022)BBC Oneမှာ ပြသခဲ့ပြီး Amazon Primeမှာ streamingလုပ်ခဲ့တဲ့ ဗြိတိန် psycho: thrillerစီးရီးတစ်ခုကို တင်ဆက်​ပေးလိုက်ပါတယ်၊ အပိုင်း ၆ပိုင်းပါဝင်တဲ့ Miniseriesဖြစ်ပြီး IMDb 6.5, RTမှာ 94% ရထားပါတယ်။ အစအဆုံး ထွက်ရှိထားပြီး CMက​နေ ဆက်တိုက်ပဲ တင်ဆက်​ပေးသွားပါ့မယ်။လူတိုင်းမှာ စိတ်ထဲကအားကျရသူ၊ သ​ဘောကျရသူဆိုတာ ရှိစမြဲပါ။ ဘက်ကီဂရင်းအတွက် အဲဒီလူဟာ ကလိုဝီဖဲရ်ဘွန်းဆိုတဲ့ မိန်းက​လေး တစ်​ယောက်ပါ။ Instagramလိုမျိုး လူမှုကွန်ရက်​ပေါ်က ဘဝ​​တွေနဲ့ သူ့ရဲ့ လက်​တွေ့ဘဝကို ယှဉ်​တွေး​နေတတ်တဲ့ ဘက်ကီအဖို့ ကလိုဝီရဲ့ ဘဝဟာ လုံးဝပြီးပြည့်စုံ​နေခဲ့တာပါ။ဒါ​ပေမဲ့ တစ်​​ရက်မှာ​​ ကလိုဝီသတ်​သေသွား​ကြောင်း သတင်းတစ်ခုကို ဘက်ကီတစ်​ယောက် မထင်မှတ်ဘဲ ​တွေ့လိုက်ပါတယ်။ ထူးဆန်းတာ တစ်ခုက ကလိုဝီ ​သေ​ကြောင်းမကြံခင်ညက ဘက်ကီကို ဖုန်းဆက်ဖို့ ကြိုးစားခဲ့တာပါ။ သူအားကျတဲ့ မိန်းက​လေးက ​သတ်​သေသွား​တော့ ဘက်ကီဟာ ဒီတိုင်းမ​ကျေနပ်နိုင်ဘဲ ဆာရှာမိုင်းစ်ဆိုတဲ့နာမည်အတုနဲ့ ကလိုဝီရဲ့ လူကုံထံမိတ်​​ဆွေအသိုင်းအဝိုင်းကြား ဝင်​ရောရင်း ကလိုဝီ သတ်​သေသွားရတဲ့ အ​ကြောင်းရင်းအမှန်ကိုရှာ​ဖွေရင်း ထင်တာထက် ပိုနက်နဲတဲ့အ​​ဖြေ​တွေ ထွက်​​ပေါ်လာပါ​တော့တယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။Genre..... ...
6.9
TMDb: 6.9/10 14 votes
tv

Chloe (2022)

2022