Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jake Johnson
7.9
Minx Season 1 + 2
Season 1HBO Maxက ထွက်ထားတဲ့ ဒီ Minxဆိုတဲ့ seriesဟာ အခုလိုအိုင်ဒီယာခပ်ဆန်းဆန်းနဲ့ ထုတ်ထားတဲ့ Eroticမဂ္ဂဇင်းMinxဟာဒီနေ့ခေတ်လောက် လိင်ကိစ္စအပေါ်ပွင့်လင်းမှုမရှိသေးတဲ့၊ ဖိုဝါဒီအင်မတန်စိုးမိုးနေတဲ့ အမေရိကန်နိုင်ငံမှာ ဘယ်လို ခက်ခက်ခဲခဲရပ်တည်သွားမလဲ၊ Sexနဲ့ Policyတွဲနေတဲ့ မဂ္ဂဇင်းတစ်အုပ်ကနေဂျွိုက်စ်တစ်ယောက် သူချပြချင်တဲ့ မက်ဆေ့ဂျ်ကို အောင်မြင်စွာဖော်ထုတ်ပြနိုင်မလားဆိုတာကို အရွှန်းဖောက်ကြည့်ရှုရမှာပါ၊သတိပေးလိုတာကTV-MA seriesဖြစ်သလို ဇာတ်လမ်းသဘောကိုက18+ ဆန်တာမို့လို့ 18+ပြကွက်တွေကို ဗွင်းဗွင်းရှင်းရှင်း၊ကွက်ကွက်ကွင်းကွင်း မြင်ရကြားရမှာ အသေအချာပါပဲ၊ ဟာသကားဟဲ့လို့ မိသားစုနဲ့အတူသွားကြည့်ရင်တော့ ငါးပါးမှောက်မှာအသေအချာပါပဲ၊ ၁၉၇၀ပြည့်နှစ် မဟာ့မဟာပုရိသဝါဒီတွေ အတော်အမြစ်တွယ်နေသေးတဲ့အချိန် ဂျွိုက်စ်ပရစ်ဂါဆိုတဲ့ ကညာတစ်ယောက်ကကျား/မ အခွင့်အရေးတန်းတူရရှိမှု၊ တန်းတူတန်ဖိုးထားမှုတို့ကိုဖော်ညွှန်းပေးတဲ့ Feminismဝါဒီကို "နှုတ်တစ်ရာ စာတစ်လုံး"ဆိုတဲ့အတိုင်း မဂ္ဂဇင်းထုတ်ကာ ဝါဒရိုက်သွင်းပေးချင်သူပေါ့၊လူ ငယ်ငယ် အကြံကြီးကြီး၊ ရှေးရိုးစွဲနဲ့ လူမျိုးကြီးစိတ် လွန်စွာပြင်းလှတဲ့ အဲဒီခေတ်စာအုပ်ထုတ်ဝေသူ အဘိုးကြီးများအကြားFeminismဆိုတဲ့စကားဟာ ရေခမ်းတည်ထားတဲ့ ဆေးခါးကြီးထဲကြက်ဟင်းခါးမှုန့် ထည့်စပ်ထားသလို အင်မတန်အဝင်ဆိုးလှတာကိုး၊ ဒီလိုမျိုး ဣတ္တိယတို့အဖို့ ဝါဒဖြန့်ဖို့ လမ်းပျောက်နေတဲ့ ဂျွိုက်စ်ဆီဆိုက်မြိုက်မြိုက်ရောက်လာသူက ဒေါ့ဂ်၊ ...
7.9
TMDb:
7.9/10
9 votes
tv
Minx Season 1 + 2
2022