Channel Myanmar

Jean Chertinnara Phongpeeradej

Love in Lies (2023) 8.4
Love in Lies (2023) အကြင်နာမုသားနာဆစ် အဖြစ် Bank Artit ရမ် အဖြစ် Anna Glucks ခနွတ် အဖြစ် Bom Phongsakorn ခနစ်ထာ အဖြစ် Jean Chartinnaraဇာတ်လမ်းအကျဉ်းနာဆစ်က အာဆနပ်မွန်တရီကုမ္ပဏီကြီးရဲ့ ပိုင်ရှင် ခွန်ဆဆစ်နဲ့ ခွန်နေရီတို့ရဲ့တစ်ဦးတည်းသောသားဖြစ်ပါတယ်ခွန်ဆဆစ်က မယားငယ်ရှိနေခဲ့တယ်ဆိုတဲ့သံသယကြောင့် ခွန်နေရီနဲ့ ခွဲနေခဲ့ပေမဲ့ ကုမ္ပဏီရှယ်ယာပိုင်ဆိုင်မှုတွေမှာတော့ ရှင်းလင်းပြတ်သားမှုရှိမနေခဲ့ပါဘူးတစ်နေ့ ခွန်ဆဆစ်ဆီ မယားငယ်ရဲ့သမီးဖြစ်သူလို့ယူဆရတဲ့ ရမ်ရဒါတစ်ယောက်ရောက်ရှိလာခဲ့ပါတယ်ရမ်ရဒါနဲ့နာဆစ်က အရင်ကတည်းက သိကျွမ်းဖူးကြပြီး နာဆစ်တစ်ယောက်သဘောကျနေခဲ့တဲ့မိန်းကလေးလည်းဖြစ်နေခဲ့တယ်ဒါပေမဲ့ သဘောကျရတဲ့မိန်းကလေးက သူအရမ်းမုန်းရတဲ့ သူတို့မိသားစုကိုဖျက်ဆီးခဲ့တဲ့မယားငယ်ရဲ့သမီးလို့ထင်သွားခဲ့တဲ့အခါမှာတော့ နာဆစ်တစ်ယောက် ဘယ်လိုဆက်လုပ်မလဲခွန်ဆဆစ်က တကယ်ရောမယားငယ်ရှိခဲ့တာလား ရမ်ရဒါကရော တကယ်မယားငယ်ရဲ့သမီးဖြစ်နေခဲ့တာလား မိဘတွေရဲ့ အငြိုးတွေ လှည့်စားမှုတွေကြားမှာ နာဆစ်နဲ့ရမ်တို့အချစ်ရေးဘာတွေဆက်ဖြစ်လာမလဲဆိုတာ "အကြင်နာမုသား"ဇာတ်လမ်းတွဲမှာကြည့်ရှုကြရအောင်(အညွှန်းရေးသားသူမှာ Kyi Nue Zin ဖြစ်ပါတယ်)Native Title: รักในรอยลวง Episodes: 17 Aired: Jul 18, 2023 - ? Aired On: Monday, Tuesday Original Network: Channel 7 Duration: 1 hr. 25 ...
8.4
TMDb: 8.4/10 votes
tv

Love in Lies (2023)

2023
Miracle of Love (2022)
Miracle of Love (2022) ဖင်မ်အတိရွတ် အဖြစ် Donut Phattharapon ဖဖျန် အဖြစ် MeiMei Thanyawee ချုတ် အဖြစ် Aun Akrabhakj ရိတာ အဖြစ် Jean Chertinnaraဇာတ်လမ်းအကျဉ်းဖင်မ်နဲ့ ဖဖျန့်တို့က သိပ်ချစ်ကြတဲ့ စုံတွဲလေးဖြစ်ခဲ့ပေမဲ့ အကြောင်းရင်းမျိုးစုံ စိတ်ဝမ်းကွဲစရာမျိုးစုံကြောင့် ဖျန့်ဟာ နိုင်ငံခြားကို ထွက်သွားခဲ့ပါတယ်ဖင်မ်အနေနဲ့ ဖဖျန့်က သူနဲ့ရခဲ့တဲ့ ကိုယ်ဝန်ကိုဖျက်ချ အိမ်ကပေးတဲ့ပိုက်ဆံယူပြီး ထွက်သွားခဲ့တယ်ဆိုပြီး ဖျန့်ကို စိတ်နာနေခဲ့တယ်၆ နှစ်ကြာပြီးနောက်မှာတော့ ဖျန့်ဟာ ဖင်မ်မသိအောင် ၅ နှစ်အရွယ်သမီးလေး တျန်ဝမ်နဲ့ ထိုင်းကို ပြန်ရောက်လာခဲ့ပါတယ်စိတ်နာတယ်လို့ပြောနေပေမဲ့ ဖျန့်ကိုပဲ သတိရနေခဲ့တဲ့ ဖင်မ်တစ်ယောက် ကလေးနဲ့တူတူ ထိုင်းပြန်ရောက်နေတာကို သိလိုက်ရတဲ့ အခါ ဘာတွေဆက်ဖြစ်လာမလဲဖျန်ကရော ကလေးမွေးထားတာကို မပြောနိုင်လောက်အောင်ထိ ဘာတွေကို စိတ်နာနေခဲ့တာလဲအချင်းချင်း အထင်လွဲမှု နာကျည်းမှုတွေနဲ့ ပြည့်နေတဲ့ ဖင်မ်နဲ့ ဖျန်တို့ အရင်လိုပြန်အဆင်ပြေနိုင်ပါ့မလားဆိုတာ “ ဆန်းကြယ်တဲ့ချစ်ခြင်း” ဇာတ်လမ်းတွဲမှာ ကြည့်ရှုရအောင် ။( အညွှန်းရေးသားထားသူကတော့ ...

Miracle of Love (2022)