Channel Myanmar

Jefferson Hall

The Chemistry of Death (2023)
The Chemistry of Death (2023) The Chemistry of Death (2023)Crime,Thriller နဲ့ Forensic seriesတွေကို နှစ်သက်သူတွေအကြိုက်တွေ့စေမဲ့ အသစ်စက်စက် Forensic seriesလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Silent Witness လို Forensicကားတွေကြိုက်တတ်ရင်တော့ ဒီစီးရီးလေးက should tryပါပဲ။Forensic Anthropologist တစ်‌ယောက်ဖြစ်တဲ့အပြင် ပိုးမွှားဗေဒနဲ့ပတ်သက်တဲ့နာမည်ကြီးစာတွေပါ ရေးထားတဲ့ မှုခင်းဆေးလောကမှာ အတော်ကိုနာမည်ကြီးသူဖြစ်တဲ့ ဒေါက်တာဒေးဗစ်ဟန်တာ ဖြစ်ရပ်ဆိုးတစ်ခုနဲ့ ဇနီးဖြစ်သူနဲ့ပါ ခွဲခွာလိုက်ရတာကြောင့် သူ့ရဲ့ဒိတ်ဒိတ်ကြဲမှုခင်းဆရာဝန်ဘဝကိုစွန့်လွှတ်ရင်းနဲ့ မန်ဟမ်ဆိုတဲ့ရွာလေးမှာ ကျေးရွာဆရာဝန်‌လေးအဖြစ် ဇာတ်မြှုပ်နေထိုင်ဖို့ဖြစ်လာပါတော့တယ်။ဒါပေမဲ့ အသက် ၁၀၀ မနေရပေမဲ့ အမှု ၁၀၀ တွေ့ရတတ်တဲ့လောကကြီးမှာ ဒေးဗစ်တစ်ယောက် အမှုတွေရှောင်ရှားဖို့ တောရွာလေးမှာ ဇာတ်မြှုပ်နေပေမဲ့ အမှုကသူ့နောက်လိုက်လာတဲ့အလား တိုက်တိုက်ဆိုင်ဆိုင် ဒီမြို့လေးမှာ အလောင်းတစ်လောင်းတွေ့ရတဲ့အခါ....တစ်ချိန်ကအေးချမ်းပြီး လူသူနည်းတဲ့ဒီမြို့လေးမှာ ရုတ်တရက်ပေါ်လာတဲ့အလောင်းက ဘယ်သူဖြစ်မလဲ။ လူနည်းတဲ့မြို့ပီပီ လူတွေအားလုံး အကြောင်းသိဖြစ်နေတဲ့ကြားက လူသတ်သမားသိုးမည်းလေးက ဘယ်သူဖြစ်မလဲ။ဒေါက်တာဟန်တာကရော အောင်မြင်နေတဲ့မှုခင်းဆရာဝန်ဘဝကို ဘာလို့ထားရစ်ခဲ့တာလဲ။ ဇာတ်မြှုပ်ပြီးပုန်းနေတဲ့ ဒေါက်တာဟန်တာကို ရွက်ပုန်းသီးလေးမှန်း တာဝန်ကျရဲအရာရှိက သိသွားတဲ့အခါ ဒေးဗစ်တစ်ယောက် ဆက်ပြီးတော့ ငြင်းနိုင်ဦးမလား ဒါမှမဟုတ် သူရှောင်ဖယ်နေခဲ့တဲ့မှုခင်းလောကကို ပြန်လာဖို့လမ်းစဖြစ်သွားမလားဆိုတာကတော့ The Chemistry Of Death ဆိုတဲ့ ...

The Chemistry of Death (2023)

2023