Channel Myanmar

Jennifer Winget

Raisinghani vs Raisinghani (2024)
Raisinghani vs Raisinghani (2024) Raisinghani vs Raisinghani (2024) IMDb - 6.3/10အိန္ဒိယရဲ့ ရုပ်သံဇာတ်လမ်းတွဲအနုပညာကြေး အမြင့်ဆုံးထဲက မင်းသမီးတစ်လက်ဖြစ်တဲ့ မင်းသမီးချော ဂျနီဖာဝင်ဂတ် အထူးသရုပ်ဆောင်ထားပြီး Sony Livကနေ တင်ဆက်ပေးသွားတဲ့ အရမ်းမိုက်တဲ့ ရှေ့နေဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးပါရစေ။ရိုင်ဆင်ဂ်ဟာနီဆိုတဲ့မိသားစုက အရမ်းကို နာမည်ကျော်ကြားပြီး ဂုဏ်သိက္ခာကြီးမားတဲ့ ရှေ့နေမိသားစုကြီးပေါ့။ အဘိုးကအစ မြေးအဆုံး ရှေ့နေတွေဖြစ်ပြီး မြေးမလေး အနွတ်ရှ်ကာကတော့ ရဲရင့်ဖျက်လတ်ပြီး နူးညံ့တဲ့နှလုံးသားပိုင်ရှင်လေး တစ်ဦးပေါ့။ဗီရတ်ကတော့ အနွတ်ရှ်ကာတို့ ရှေ့နေကုမ္ပဏီမှာပဲ နာမည်ကြီးတဲ့ ရှေ့နေတစ်ဦးပါ။ သူတို့နှစ်ဦးရဲ့ အတိတ်ကဇာတ်လမ်းတွေကို ပြည်ဖုံးကားချလို့ ကုမ္ပဏီမှာ အမှုတွေကို သူနိုင်ကိုယ်နိုင် ယှဉ်ပြိုင်ရင်း တစ်ယောက်နဲ့တစ်ယောက် ဝေးကွာနေခဲ့ပါတယ်။ဗီရတ်ရဲ့ငယ်သူငယ်ချင်း နာမည်ကျော်ခရစ်ကတ်သမားရဲ့ အမှုကို နှစ်ဦးသား အတူတူလိုက်ပေးဖို့ အကြောင်းဖန်လာရာကစ အန်ကီတာဆိုတဲ့ အမျိုးသမီးလေးတစ်ယောက် လျှို့ဝှက်ချက်တွေနဲ့ အနွတ်ရှ်ကာဆီမှာ လက်ထောက်ရှေ့နေအဖြစ် ဝင်ရောက်လုပ်ကိုင်ချိန်မှာတော့...။သမိုင်းကြောင်းကောင်းလှတဲ့ ရှေ့နေမိသားစုကြီးရဲ့ကြားက သံယောဇဉ်အရှုပ်အရှင်းတွေ၊ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေနဲ့အတူ တရားတဘောင်ရင်ဆိုင်ကြပုံတွေကို မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ခံစားကြည့်ရှုကြရမှာပါ။(အညွှန်းကို V မှ ရေးထားပြီး V ~ Yunni ~ Alex ~ ...

Raisinghani vs Raisinghani (2024)

2024
Code M (2020) S1 + 2 Complete 6.5
Code M (2020) S1 + 2 Complete Code M (2020-2022)"အမှန်တရားရှာပုံတော်" =====================================IMDb 7.5/10 ၂၀၂၀ တုန်းက ထွက် ရှိခဲ့တဲ့ Code M ဆိုတဲ့ ဟင်ဒီစကားပြော မှုခင်းဇာတ်လမ်းတွဲလေးကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။အိန္ဒိယနဲ့ ပါကစ္စတန်နယ်စပ်တစ်နေရာမှာ အကြမ်းဖက်သမားနှစ်ယောက်နဲ့ အိန္ဒိယစစ်သားတွေ ပစ်ခတ်မှုဖြစ်ကြပြီး အကြမ်းဖက်သမားနှစ်ယောက်နဲ့အတူ စစ်တပ်ဘက်က မေဂျာတစ်ယောက်လည်း တိုက်ပွဲကျသွားခဲ့ပါတယ်။ဒါဟာ သာမန်အမှုလိုဖြစ်နေပေမဲ့ သေဆုံးသွားတဲ့ အကြမ်းဖက်သမားရဲ့ မိခင်ဖြစ်သူက သူ့သားဟာ အကြမ်းဖက်သမားမဟုတ်ဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြတာကြောင့် အခြေအနေတွေရှုပ်ထွေးသွားခဲ့တဲ့အတွက် ပစ်ခတ်မှုနောက်ကွယ်က အကြောင်းအရင်းမှန်ကိုစုံစမ်းဖို့ စစ်ဘက်စုံထောက်မလေး မေဂျာမိုနီကာကိုအထက်ကနေ တာဝန်ပေးလိုက်ပါတယ်။မေဂျာ မိုနီကာတစ်ယောက် အဲဒီပစ်ခတ်မှုအကြောင်းကို စုံစမ်းရင်း နောက်ကွယ်က ရှုပ်ထွေးမှုတွေကို တဖြည်းဖြည်း ရှာတွေ့လာပုံကို ဒီဇာတ်လမ်းတွဲထဲမှာ မြင်တွေ့ရမှာပါ။ ဒီဇာတ်လမ်းတွဲဟာ မှုခင်းဒရာမာပီပီသသပဲ ဇာတ်လမ်းကိုဆွဲခေါ်သွားပြီး ဇာတ်လိုက်မင်းသမီးကလည်း ရေလည်လန်းတာမလို့ အိန္ဒိယမှုခင်းပရိသတ်တွေ အကြိုက်တွေ့ကြမယ့်ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်...။( ဒီဇာတ်လမ်းတွဲကို ညွှန်းဆိုပြီး ဘာသာပြန်တင်ဆက်ပေးတာကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။ )( CMရဲ့ ...
6.5
TMDb: 6.5/10 6 votes
tv

Code M (2020) S1 + 2 Complete

2020