Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jerrika Hinton
7.2
Hunters – Season (01),(02)
Hunters - Season (01),(02) =================== IMDb Rating - 7.2/10၁၉၇၀ ခုနှစ်ပတ်ဝန်းကျင်ကိုဇာတ်အိမ်တည်ထားပြီး အကြမ်းဖျဥ်းအားဖြင့် ပြောရရင်တော့ ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်ပြည်ထောင်စုမှာ ဇာတ် မြှုပ်နေတဲ့ နာဇီလက်ကျန်တွေကို၊ နာမည်ကျော်ဂျူးလူမျိုးတုန်းသတ်ဖြတ်မှု ကြီးကနေရှင်ကျန်ခဲ့တဲ့သူတွေကပြန်ကလဲ့စားချေဖို့ စုစည်းကြတဲ့အကြောင်းပါပဲ။ ကလဲ့စားချေတယ်ဆိုပေမယ့်ဂျူးတွေဖက်ကပဲမီးပြန်မွှေးတာမဟုတ်ပဲနဲ့ နာဇီလက်ကျန်တွေနဲ့သူတို့အသိုင်းအဝိုင်းတွေကလည်း ဒီဂျူးလက်ကျန်တွေကို ဆက်လက်မုန်းတီးပြီးအမြစ်ဖြတ်ဖို့ကြံစည်နေကြဆဲပါ။ ဒီတော့ကလဲ့စားချေတယ် ဆိုတာထက်ဦးသူစားစတမ်းဆိုတဲ့ပုံစံနဲ့အပြန်အလှန် ဗျင်းကြတဲ့သဘောပါပဲ။ဒီဇာတ်လမ်းမှာ Conspiracy လို့ခေါ်တဲ့စိတ်ကူးယဥ်သီအိုရီတွေလည်းပါပေမယ့် များသောအားဖြင့် ဖြစ်ရပ်မှန်တွေကိုအခြေခံထားတယ်လို့ဆိုပါတယ်။ ဆိုလိုတာက ဒီဂျူးတွေဖွဲ့စည်းထားတဲ့ Hunters ဆိုတဲ့အဖွဲ့နဲ့ နာဇီလက်ကျန်တွေရဲ့မြေအောက် တိုက်ပွဲက လက်တွေ့မှာတကယ်ရှိခဲ့လားမရှိခဲ့လားဆိုတာမသေချာပါဘူး။ မည်သို့ပင် ဆိုစေကာမူ ဒုတိယကမ္ဘာစစ်ကြီး၊ ဟစ်တလာ၊ နာဇီတွေ လူမျိုးတုန်းသတ်ဖြတ်ခံခဲ့ရတဲ့ ဂျူးခြောက်သန်းကတော့ အမှန်တကယ်ပဲရှိခဲ့ပါတယ်။ သဘောအကျဆုံးအချက်ကို ပြောပါဆိုရင်တော့ ဖြစ်ရပ်မှန်နဲ့ Conspiracy ကိုဟာကွက်မရှိအောင်ပေါင်းစပ်ပြီး ချပြသွားနိုင်တာပါပဲ။ယူတတ်မယ်ဆိုရင်သူတို့ပြောသွားတဲ့ဒိုင်ယာလော့ဂ်တွေ ဇာတ်ဝင်ခန်းတွေကနေ ကိုယ် မသိသေးတဲ့နိုင်ငံရေးနဲ့ပတ်သက်တဲ့အမြင်တွေ ဗဟုသုတတွေအများကြီးရနိုင်ပါတယ်။ Rating/Review တွေလည်းကောင်းတဲ့အပြင် ဆုနှစ်ခုနဲ့ ဇကာတင်ရွေးချယ်ခံရမှုကိုးကြိမ် ထိ ပါဝင်ထားတဲ့စီးရီးဖြစ်တာကြောင့် အများကြီးညွှန်းနေစရာလိုတော့မယ်မထင်ပါဘူး။ နောက်ဆုံးအနေနဲ့ပြောရရင် သမိုင်းကြောင်းတွေကိုအခြေခံတဲ့စီးရီးတွေကို ကြိုက်တတ် ရင်တော့တကယ်ကိုလက်မလွှတ်သင့်တဲ့စီးရီးတစ်ခုပါပဲ။ (ဒီစီးရီးရဲ့ အညွှန်းကို Min Khant Boမှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများ ကတော့ Min Khant Bo, San Thu Aung, Htet Kyaw ...
7.2
TMDb:
7.2/10
38000 votes
tv
Hunters – Season (01),(02)
2020