Channel Myanmar

Jin Ho-eun

Maestra: Strings of Truth(2023) 10
Maestra: Strings of Truth(2023) Maestra: Strings of Truth(2023)******************************အပိုင်း ( ၁ မှ ၁၂) ထိ စ/ဆုံးဒီဇာတ်လမ်းတွဲကြီးဟာThirty Nine က မင်းသား Lee Moo Seang , မင်းသမီးကြီးLee Young Ae နဲ့ မင်းသား Kim YoungJae တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်...Cha Se Eum( Lee Young Ae)ဟာ အရင်က တယောဆရာတစ်​ယောက် ဖြစ်ခဲ့​ပေမဲ့အခုအချိန်မှာ​တော့ သံစုံတီးဝိုင်းရဲ့ဦးဆောင်သူတစ်ဦးဖြစ်ပါတယ်,,,,သူမရဲ့ အသက်မွေးဝမ်းကြောင်းကို သတ္တိရှိရှိနဲ့ စိတ်အားထက်သန်စွာ လျှောက်လှမ်းခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်,,,,ပြောရရင် သူမရဲ့ဘဝဟာ ခက်ခဲကြမ်းတမ်းမှုတွေကြားကပဲအောင်မြင်မှုသရဖူဆောင်းနိုင်ခဲ့သလို  ဘာလုပ်လုပ်တင့်တယ်နေတဲ့ကာလလည်းဖြစ်ပါတယ်...သို့ပေမဲ့ သူမ ဘဝမှာ လုံးဝလူသိမခံရဲတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခုရှိ​နေပါတယ် ....ဒီလျှို့ဝှက်ချက်ကပဲ သူမရဲ့ သံစုံတီးဝိုင်းနဲ့ ဘဝတစ်ခုလုံးကိုဖျက်စီးဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့Cha Se Eumအ​နေနဲ့ အဲဒီကိစ္စ​တွေကိုဘယ်လို​ဖြေရှင်းမလဲဆိုတာကို ​ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရမှာဖြစ်ပါတယ်....ဒီစီးရီး​လေးကို​တော့ အပတ်စဥ် စ​နေ တနင်္ဂ​နွေ​​နေ့​တွေမှာ ထုတ်လွှင့်ပြသ​သွားမှာပဲဖြစ်ပါတယ်....Aired: ...
10
TMDb: 10/10 2 votes
tv

Maestra: Strings of Truth(2023)

2023
Revenge of Others (2022) 2
Revenge of Others (2022) Revenge of Others (2022)အားလုံးစောင့်မျှော်နေကြတဲ့ School Dramaလေးပါ။ ပုံမှန်School Dramaတွေလို ချိုချိုမြိန်မြိန် မဟုတ်တာတော့ Trailerကြည့်ဖူးပြီးသားလူတွေတော့ သိနေကြမှာပါ။မင်းသမီး Shin Ye Eunက ဒီကားထဲမှာ Ok Chan Miဆိုတဲ့ ၁၉နှစ်အရွယ်ကျောင်းသူလေးဖြစ်ပြီးတော့ အထက်တန်းကျောင်းရဲ့ သေနတ်ပစ်အသင်းက ကစားသမားတစ်ဦးအဖြစ် သရုပ်ဆောင်ထားပါတယ်။All of Us are dead ထဲက အားလုံးရဲ့အချစ်တော် Lomonကတော့ မိခင်ဖြစ်သူကို တစ်ကိုယ်တည်းစောင့်ရှောက်နေရတဲ့ အထက်တန်းကျောင်းသားလေး Ji Soo Heonအဖြစ်ပါဝင်ထားပါတယ်။Ok Chan Miဟာ သံသယဖြစ်ဖွယ်ကောင်းတဲ့ အမွှာအစ်ကိုဖြစ်သူရဲ့သေဆုံးမှုရဲ့နောက်ကွယ်က တရားခံနဲ့ အမှန်တရားကို ရှာဖွေဖို့ကြိုးစားနေခဲ့ပြီး Ji Soo Heonကတော့ အနိုင်ကျင့်ခံရတဲ့ကျောင်းသားတွေကိုယ်စား အပြစ်ရှိသူတွေကို ကလဲ့စားချေသွားမှာပါ။ရည်ရွယ်ချက်ချင်းမကွာကြတဲ့ နှစ်ယောက်သားတွေ့ဆုံကြပြီး အမှန်တရားကို ရှာဖွေသွားကြမှာဆိုတော့ သည်းထိပ်ရင်ဖိုဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်လာဦးမှာအသေချာပါပဲ။School Dramaကို Thriller အမျိုးအစားနဲ့ကြည့်ချင်သူတွေအတွက်ကတော့ ကြည့်သင့်တဲ့ဇာတ်လမ်းလေးပါပဲနော်။မျှော်နေတဲ့လူတိုင်းအတွက်လည်း အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပေးသွားမှာမို့လို့ အတူလိုက်ပါစီးမျောဖို့ ဖိတ်ခေါ်လိုက်ပါတယ်။အညွှန်းကိုတော့ Milkeux က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Milkeux, ...
2
TMDb: 2/10 1 votes
tv

Revenge of Others (2022)

2022
Sh**ting Stars (2022)
Sh**ting Stars (2022) Shooting Starsဆော့ဟွန်းလေးနဲ့ ဘုတ်ဂျူးလေးတို့ နှစ်ယောက်ရဲ့ ကြောင်နဲ့ကြွက်အချစ်ဟာသအခွီကားလေး လာပါပြီLee Sung Kyung ဟာ အင်တာတိန်းမန့် ကုမ္ပဏီတစ်ခုရဲ့ PR အဖွဲ့ခေါင်းဆောင်ဖြစ်ပြီးတော့Kim Young Dae ကတော့ အဲ့ကုမ္ပဏီကနေ ပွဲဦးထွက်ထားတဲ့ ထိပ်တန်းနာမည်ကြီးမင်းသားတစ်လက်ဖြစ်ပါတယ်ပရိသတ်တွေကတော့ ချိုသာယဉ်ကျေးတဲ့မင်းသားမို့ သဘောကျကြသလောက် နောက်ကွယ်မှာတော့Kim Young Dae ဟာ ဆတ်ဆတ်ထိမခံတဲ့ ဒေါသအိုးလေး ဖြစ်လို့နေပါတယ်ကုမ္ပဏီကလူတွေအတွက်ကတော့ ဒါဟာ နေ့ရက်တိုင်းမှာ စိန်ခေါ်မှုတွေကို အမြဲကြုံနေရသလိုပါပဲဒီလိုအခြေအနေကို စီမံခန့်ခွဲမှုအရမ်းတော်တဲ့ မမLee Sung Kyung အနေနဲ့ ဘယ်လိုတွေ စီမံခန့်ခွဲသွားမလဲဒေါသအိုးမင်းသားလေးနဲ့ ထက်မြက်တဲ့မမနဲ့ ရိုမန့်တစ်အနေအထားလေးတွေ ဘယ်လိုတွေ ဖြစ်သွားမလဲဆိုတာကို အခွီလေးတွေ အရယ်အမောလေးတွေနဲ့ ကြည့်ရမှာပါPenthouse က ရိုနာ့အဖေလည်းပါပြီးတော့ ဂီတမှူးဆရာလည်းပါပါတယ်Lee Lung Shin ဆိုတဲ့ ကောင်လေးလည်း ပါမှာမို့လို့ အဆင်လေးတွေနဲ့ ကြည့်ပျော်တဲ့စီးရီးလေးဖြစ်မှာသေချာတယ်ဒီဇာတ်ကားလေးကို TVN က ထုတ်လွှင့်မှာဖြစ်ပြီးတော့ ဒါရိုက်တာကတော့ ...

Sh**ting Stars (2022)

2022
All of Us Are Dead (2022) 10
All of Us Are Dead (2022) All of Us Are Dead (2022) ဇာတ်လမ်းတွဲအညွှန်း******************************************အပိုင်း ၁ မှ ၁၂ (အစ-အဆုံး) "ဇွန်ဘီတွေက ရုပ်ရှင်ထဲမှာပဲ ရှိရမှာလေ...ဘာလို့ ငါတို့ကျောင်းမှာလဲ?" သာမန်နေ့တစ်နေ့ကိုပဲ ဖြတ်သန်းနေတဲ့ Hyosan အထက်တန်းကျောင်းက ကျောင်းသားတွေ...ကျောင်းမှာ ဇွန်ဘီဗိုင်းရပ်စ် ကူးစက်လာပြီး သူငယ်ချင်းတွေက ဇွန်ဘီတွေဖြစ်သွားတဲ့ အခိုက်အတန့်...ဒါ့အပြင် ပိတ်မိနေတာတောင် ကူကယ်မယ့်သူမရှိဘဲ ကိုယ့်လွတ်လမ်းကိုရှာဖွေပြီး အသက်ရှင်ဖို့ကြိုးပမ်းရတဲ့အခါမှာတော့...ကျောင်းသားတွေရဲ့စာအံသံ၊ စလိုက်နောက်လိုက် ရန်ဖြစ်သံတွေနဲ့ ပြည့်နေတဲ့ကျောင်းလေးမှာ သွေးသံတရဲရဲ အော်ဟစ်သံတွေက ကြောက်မက်ဖွယ် ဖုံးလွှမ်းသွားပါတော့တယ်။ ဒီကားလေးထဲမှာ မျက်နှာသစ်သရုပ်ဆောင်အများစုကို သုံးထားပြီး လက်တွေ့ဆန်အောင်ရိုက်ကူးထားတဲ့အတွက် ကိုယ့်ကျောင်းမှာ တကယ်ဖြစ်နေသလိုခံစားရစေမှာပါ။ပိုကောင်းကောင်းခံစားချင်ရင် အခန်းမီးမှိန်မှိန်မှာ အသံကျယ်ကျယ်ဖွင့်ကြည့်ဖို့လည်း ဒါရိုက်တာတစ်ယောက်က recommend ပေးထားပါသေးတယ်^^ တစ်ပြိုင်တည်း ၁၂ပိုင်းလုံးထွက်ရှိမှာဖြစ်လို့ သောကြာနေ့ညကို ကုန်ဆုံးဖို့ ဇာတ်လမ်းကောင်းရှာနေတဲ့ CM ပရိသတ်ကြီးအတွက် ဒီကားလေးကို ကြည့်ရှုခံစားကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေနော် ...(အညွှန်းကို Ei Phyu Khin က ရေးသားပေးထားပါတယ်) Aired: January ...
10
TMDb: 10/10 3 votes
tv

All of Us Are Dead (2022)

2022