Channel Myanmar

John Kokken

The Freelancer (2023)
The Freelancer (2023) The Freelancer (2023) IMDb 8.4/10(ဆီးရီးယားစစ်ပွဲထဲ ပါဝင်ခဲ့ရတဲ့ ကြင်စဦးအိမ်ထောင်သည် မိန်းကလေးအကြောင်းဖြစ်ရပ်မှန် ဇာတ်လမ်းတွဲ) မွမ်ဘိုင်း ရဲတပ်ဖွဲ့ကနေ ထုတ်ပယ်ခံခဲ့ရတဲ့ အာဗီနက်ရှ်ဟာ ဆိုးရွားတဲ့အဖြစ်တစ်ခုနဲ့ သားဖြစ်သူကို ဆုံးရှုံးရခဲ့ပြီး သူ့ရဲ့ဇနီးဖြစ်သူဟာလည်း စိတ်ကျန်းမာရေးဆေးရုံကို ရောက်သွားခဲ့ပါတယ်။ အရာရာဆုံးရှုံးလိုက်ရတဲ့အာဗီနက်ရှ်ဟာ အင်္ဂလန်မှာရှိတဲ့ ကြေးစားစစ်တပ်တစ်ခုထဲကို ဝင်ခဲ့ပြီး The Freelancer ဆိုတဲ့နာမည်နဲ့ အလွတ်တန်း ကြေးစားစစ်သားတစ်ယောက်ဖြစ်လာခဲ့တယ်။The Freelancer တဖြစ်လည်း အာဗီနက်ရှ်တစ်ယောက် ဆီးရီးယားမှာရှိတဲ့ အိုင်းစစ်မိသားစုတစ်ခုဆီရောက်နေတဲ့ တူမဖြစ်သူ အာလီယားကို ကယ်တင်ဖို့ကြိုးစားပုံတွေကို ဒီဇာတ်လမ်းထဲမှာ အရသာရှိရှိမြင်တွေ့ရမှာပါ။ဒီဇာတ်လမ်းတွဲမှာ ကြေးစားစစ်သား အာဗီနက်ရှ်အဖြစ် အသောကဇာတ်လမ်းတွဲထဲက လူကြီးအသောကနေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Mohit Raina က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းတွဲဟာဆိုရင် အာလီယားဆိုတဲ့ အမျိုးသမီးအကြောင်း ပြန်ပြောင်းရေးသားထားတဲ့ " A Ticket To Syria" ဆိုတဲ့စာအုပ်ကို ပြန်လည်အသက်သွင်းရိုက်ကူးထားတာဖြစ်ပြီး Disney+Hotstar ကနေ ထုတ်လွှင့်ခဲ့တာပါ။Rating ကောင်းကောင်းနဲ့ အတိုက်အခိုက်စစ်ပွဲကြိုက်သူတွေအဖို့တော့ ဒီစီးရီးက လက်မလွှတ်သင့်တဲ့စီးရီးတစ်ခုပါပဲ။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် ...

The Freelancer (2023)

2023
The Village (2023) 4.6
The Village (2023) The Village 2023 ရွာပျက်ကြီးရဲ့ဒဏ္ဍာရီ IMDb -5.3/10တစ်ခါလာလည်း တစ်ယောက်နဲ့အယောက် ၁၀၀ ချ တစ်ခါလာလည်း သီချင်းလေးဆိုပြီးကနေတဲ့ ဘောလိဝုဒ်ကားတွေ ငြီးငွေ့လှပါပြီဆိုတဲ့ CM ပရိသတ်တို့ တစ်ခါကြည့်မိ တစ်သက်စွဲငြိသွားမယ့် Horror Thriller စီးရီးလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ အိန္ဒိယရဲ့ ပထမဆုံး graphic novelကို အခြေခံပြီး ရိုက်ကူးထားတဲ့စီးရီးလေးဆိုတော့ ဘယ်လိုလာမလဲဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ |အဝေးပြေးလမ်းမကြီးရဲ့ဘေးနားလေးမှာ လူမသိသူမသိ စွန့်ပစ်ရွာလေးတစ်ရွာဖြစ်တဲ့ကတ်တီရယ်ရွာလေး၊ အမြန်လမ်းမကြီးရဲ့ လမ်းအခွဲလေးတစ်ခု‌ဘေးမှာဖြစ်တာကြောင့် လူသူအရောက်အပေါက်နည်းတယ်လို့သာ အပြင်လူတွေက သိထားကြပေမဲ့ ရွာနီးစပ်ချုပ်ကလူတွေကတော့ နာမည်ကြားရုံနဲ့တင် ဖိန့်ဖိန့်တုန်အောင် ကြောက်ကြပါသတဲ့။အကြောင်းကတော့ ဒီရွာမှာ သရဲတစ္တေတွေကျက်စားတယ်ဆိုတဲ့သတင်းစကားနဲ့အတူ ရွာပျက်ကြီးဟာ အဝင်ရှိပေမဲ့ အသက်ရှင်လျက် ပြန်ထွက်လာနိုင်သူမရှိလို့ပါပဲ။ ဒေါက်တာဂေါ်သမ်တစ်ယောက် သမီးလေးနဲ့မိန်းမကိုခေါ်ပြီး ချန်နိုင်းကိုသွားဖို့ အဝေးပြေးလမ်းကနေ ကားနဲ့ထွက်လာတာပေါ့။ ဖြစ်ချင်တော့ လမ်းမှာကားမှောက်ထားလို့ ရဲမှုရဲခင်းစစ်ဆေးနေတာနဲ့ကြုံပြီး လမ်းပိတ်တာနဲ့တိုးပါတော့တယ်။ အမှုစစ်တာကြာဦးမှာကို မစောင့်ချင်တဲ့ဒေါက်တာဂေါ်သမ်တစ်ယောက် သူ့ဘဝအတွက် အိပ်မက်ဆိုးဖြစ်လာမယ့်ဆုံးဖြတ်ချက်ကိုချပြီး ကတ်တီရယ်ရွာကိုဖြတ်သွားရတဲ့ လမ်းခွဲကနေ ချန်နိုင်းကိုခရီးဆက်ဖို့လုပ်ပါတော့တယ်။ လမ်းကသံချောင်းတွေကြောင့် ကားဘီးပေါက်သွားတော့ ဂေါ်သမ်တစ်ယောက် မိန်းမနဲ့သမီးလေးကို ကားပေါ်ထားခဲ့ပြီး အကူအညီတောင်းဖို့ ...
4.6
TMDb: 4.6/10 8 votes
tv

The Village (2023)

2023