Channel Myanmar

Johnny Harris

Great Expectations (2023) 7.4
Great Expectations (2023) Great Expectations (2023) Completed Mini-Series ချားလ်ဒစ်ကင်းရဲ့ Great Expectations ကို ရွှေဥဒေါင်းက ဘာသာပြန်ခဲ့ပြီး ၁၉၅၀ မှာ ဘာသာပြန်စာပေဗိမာန်ဆုရခဲ့တဲ့ " မျှော်တလင့်လင့် " ဆိုတဲ့စာအုပ်ကို စာသမားတော်တော်များများသိကြမှာပါ။ ဒစ်ကင်းဟာ ဒီကလူတွေရော တစ်ကမ္ဘာလုံးကလူတွေပါ ရင်းနီးပြီးသားဖြစ်တဲ့ ခရစ္စမတ်မာစတာပိစ် A Christmas Carol အပြင် Oliver Twist နဲ့ David Copperfield တို့လို စာတွေကို ရေးသားခဲ့တဲ့ ဂန္ထဝင်ကမ္ဘာကျော် စာရေးဆရာဆိုတာ အားလုံးအသိပါပဲ။ Great Expectations ဟာလည်း သူ့ရဲ့အကောင်းဆုံး စာအုပ်ထဲပါပြီး ခဏခဏရုပ်ရှင်ပြန်ရိုက်ခံရတဲ့ ဇာတ်လမ်းဆိုလည်း မမှားပါဘူး။ ဒီတစ်ခါဇာတ်လမ်းကိုတော့ Olivia Colman လို အော်စကာဆုရှင်မင်းသမီးကြီးနဲ့ နိုလန်ရဲ့ Dunkirk လိုကားမျိုးမှာ ဝင်သရုပ်ဆောင်ဖူးခဲ့တဲ့ Fionn Whitehead တို့က သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကတော့ မိဘတွေသေသွားပြီး ...
7.4
TMDb: 7.4/10 5 votes
tv

Great Expectations (2023)

2023
Without Sin (2022) 5.7
Without Sin (2022) IMDB 6.9/10 ရရှိထားတဲ့ Crime/Drama/Thriller အမျိုးအစား British mini series လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ စုံထောက်ကားတွေ အရိုက်များတဲ့ UK မင်းသမီး Vicky Ann McClure (Line of Duty)နဲ့ မင်းသား Johnny Harris (Jawbone)တို့ အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။ ဇာတ်လမ်းအကျဉ်း သမီးဖြစ်သူ အသတ်ခံလိုက်ရတာကြောင့် ဘဝကိုရှေ့ဆက်နိုင်ဖို့ အခက်အခဲဖြစ်နေခဲ့တဲ့ မိခင်ဖြစ်သူစတယ်လာက သူ့သမီးကို သတ်လိုက်တဲ့ ထောင်ကျနေတဲ့ လူသတ်သမားဆီကနေ သူနဲ့လာတွေ့ပေးပါဆိုတဲ့ တောင်းဆိုချက်ကို လက်ခံရခဲ့ပါတယ်။ ကားသော့ခိုးရင်း လူသတ်တယ်ဆိုတာကိုသာ သိပြီး အခင်းနေရာမှာ သမီးရဲ့ဖုန်းရော၊ လူသတ်လက်နက်ရော ရှာမတွေ့ခဲ့တာမို့ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာ အမှန်အတိုင်း သိနိုင်ဖို့၊ လူသတ်သမားချားလ်စ်ဆီကို စတယ်လာက အားတင်းပြီး သွားတွေ့ခဲ့ပါတော့တယ်။ စတွေ့ကာစမှာတော့ ချားလ်စ်က စာနာနားလည်မှုတွေအကြောင်း ပြောခဲ့ပေမယ့် လူသတ်ရတဲ့အကြောင်းအရင်းကို မေးတဲ့အချိန်မှာတော့ ရုတ်တရက်ကြီး သူသတ်ခဲ့တာမဟုတ်ကြောင်း၊ ...
5.7
TMDb: 5.7/10 6 votes
tv

Without Sin (2022)

2022