Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jorge R. Gutierrez
8
Maya and the Three(2021) Complete
Maya and the Three (2021)Netflix က ထွက်ရှိလာတဲ့ animation series တစ်ခု တင်ဆက်ပေးချင်ပါတယ်။Animation ဆိုပေမဲ့ ကလေးကြိုက်ဇာတ်လမ်းမျိုးမဟုတ်ဘဲဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့ ရိုက်ကူးထားတာမို့သေချာပေါက် ကြည့်ရှုခံစားသင့်တဲ့ series လေးပါအညွှန်းလေးကို ဆက်လက်ဖတ်ရှုပေးပါဦး။ရှေးလူကြီးတွေ ထားခဲ့တဲ့ ဗျာဒိတ်တော်အရဧရာမလင်းယုန်ကြီးတစ်ကောင်နဲ့ ရဲရင့်သောဂျာဂွာသုံးကောင်သာလူ့လောကကြီးကို ကယ်တင်ဖို့အတွက် အမှောင်နတ်ဘုရားကိုရှင်းလင်းသုတ်သင်နိုင်ပါလိမ့်မယ်တဲ့။တက်ကာပြည်ကြီးရဲ့ မင်းသမီးတစ်ပါးဖြစ်သူ မာယာဟာထိုလင်းယုန်ကြီးအဖြစ် တိုက်ခိုက်နိုင်ဖို့ စစ်သူရဲကောင်းဖြစ်ချင်နေပါတယ်။မင်းသမီးတစ်ပါးလို မပြုမူနိုင်ဘဲ တိုက်ခိုက်ဖို့ကိုသာ စိတ်ပါနေတဲ့အတွက်မင်းသမီးအဖြစ် နန်းတက်ရမဲ့နေ့မှာပဲ မိခင်ဖြစ်သူ ဘုရင်မကြီးနဲ့ကတောက်ကဆဖြစ်ပြီး မတတ်သာတဲ့အဆုံး နန်းတက်ပွဲကို လက်ခံလိုက်ရတယ်။ပွဲတော်ကျင်းပနေတုန်းမှာပဲ အမှောင်မြေအောက်တိုင်းပြည်ကသံတမန်တစ်ယောက်ရောက်ရှိလာပြီးမင်းသမီးကို ခေါ်ဆောင်သွားဖို့ ကြိုးပမ်းပါတော့တယ်။ဒါကို ဘယ်လိုတားဆီးပြီး ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကိုတော့CM ပရိသတ်ကြီးတို့ကိုယ်တိုင် ဆက်လက်ကြည့်ရှုသင့်ပါတယ်။အပိုင်း ၉ ပိုင်း ပါဝင်ပြီး IMDB 8.5 ရရှိထားပါတယ်။လှပ သစ်ဆန်းလှတဲ့ animation ရိုက်ချက်တွေကြောင့်စိတ်ဝင်တစားကြည့်ရှုရမှာမို့ လက်မလွတ်သင့်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။ဇာတ်လမ်းအညွှန်းကို Thet Hnin Hsu မှ ရေးသားထားပါတယ်။ File Size ...
8
TMDb:
8/10
1 votes
tv
Maya and the Three(2021) Complete
2021