Channel Myanmar

Karishma Singh

Who’s Your Gynac (2023) 5.5
Who’s Your Gynac (2023) Whos your gynac? ( သားဖွားမီးယပ်ဆရာဝန်မလေး ဒေါက်တာဗီဒူရှီ)imdb 7.1/10 ယခုတစ်ခါတင်ဆက်ပေးချင်တာကတော့ Amazon TV ကနေ ထုတ်လွှင့်ပြသ‌ထားတဲ့ အိန္ဒိယ comedy drama serie လေးပဲဖြစ်ပါတယ် IMDb 7.1 တောင်ရရှိထားပြီး Amazon လိုမျိုး Streaming Service ကနေတင်ဆက်ပေးထားတာမို့ ဇာတ်လမ်းဇာတ်အိမ်သဘာဝကျပြီး ကြည့်ကောင်းတဲ့ စီးရီးလေးတစ်ခုပါပဲဒေါက်တာဗီဒူရှီဟာ သားဖွားမီးယပ်ဆရာဝန်တစ်ယောက်ပါ ဆေးခန်းလေးတစ်ခုလဲ ဖွင့်ထားပါတယ် သူ့ဆေးခန်းက လူနာတွေများချက်က လူနာတွေတန်းစီရတာ ရုရှားကနေပါလာပြတဲ့ထိကို ကမ္ဘာကျော်ပါတယ်တဲ့ အမှန်ကတော့ ဒါ ဒေါက်တာဗီဒူရှီရဲ့ နေ့ခင်းဆေးခန်းမှာ လူမရှိလို့ အိပ်ငိုက်ရင်း ရုရှားတွေပါ လူနာအဖြစ်လာပြတယ်လို့ ထည့်မက်ပစ်တာပါအဲဒီလိုမျိုး အတွေ့အကြုံများပြား အလွန်တော်တဲ့ ဒေါက်တာဗီဒူရှီလေးလိုချင်တာက ကလေးတစ်ယောက်လောက် မွေး‌ပေးချင်တာပါပဲ တစ်နေ့မှာတော့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ဆွာရာကဗိုက်ကြီးပါတော့တယ် သူငယ်ချင်းတွေရော အားလုံးက ဒီဗိုက်ကို ဆွာရာအနေနဲ့ အချစ်ဆုံးသားဖွားမီးယပ်အထူးကုကြီး ဒေါက်တာဗီဒူရှီဆီမှာပဲ ဗိုက်အပ်မယ်ထင်ခဲ့ပေမဲ့ ဆွာရာကတော့ စိတ်ချယုံကြည်စွာပဲ မအပ်ခဲ့ပါဘူး အဲဒါကို ဗီဒူရှီတစ်ယောက်သိပြီး စိတ်ထိခိုက်သွားကာ ဘာတွေဆက်ဖြစ်လာမလဲ ဒေါက်တာဗီဒူရှီတစ်ယောက် အောင်မြင်တဲ့ သားဖွားဆရာဝန်တစ်ယောက်ဖြစ်လာမှာလား စသည်ဖြင့် ဟာသလေးလည်းပါ ဒရာမာလေးနဲ့အတူ ...
5.5
TMDb: 5.5/10 3 votes
tv

Who’s Your Gynac (2023)

2023