Channel Myanmar

Kay Kay Menon

The Railway Men – The Untold Story of Bhopal 1984 (2023) 8.1
The Railway Men – The Untold Story of Bhopal 1984 (2023) The Railway Men (2023) "မီးရထားဌာနက သူရဲကောင်းများ" IMDb-8.6/103idiotsရုပ်ရှင်ထဲမှာ ဖာဟန်နေရာကသရုပ်ဆောင်တဲ့ မင်းသားကြီးအာမဒ်ဟတ်ဗန်နဲ့ ဗီလိန်ဇာတ်ရုပ်တွေမှာ ပိုင်နိုင်လှတဲ့မင်းသားကြီးကေကေမီနွန်တို့ ပါဝင်ထားတဲ့ အပိုင်းလေးပိုင်းနဲ့ ဇာတ်လမ်းတွဲတစ်ခုကို Netflixက ထုတ်လွှင့်ခဲ့ပါတယ်။ ၁၉၈၄ခုနှစ်က အိန္ဒိယနိုင်ငံ ဘိုပါလ်အခြေဆိုက် ပိုးသတ်ဆေးကုမ္ပဏီတစ်ခုက ဓာတ်ငွေ့ယိုစိမ့်မှုကနေ ဖြစ်ခဲ့တဲ့ကပ်ဆိုးကြီးမှာ လူ့အသက်ပေါင်းများစွာကိုကယ်ဆယ်ခဲ့တဲ့ မီးရထားအလုပ်သမားတွေအကြောင်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာပါ။ဘိုပါလ်မှာ ယူနီယံကာဗိုက်ဆိုတဲ့ ပိုးသတ်ဆေးထုတ်တဲ့နိုင်ငံခြားကုမ္ပဏီတစ်ခုအခြေဆိုက်ထားတယ်။ အမ်အိုင်စီ(MIC)လို့ခေါ်တဲ့ ကန်ကြီးတွေနဲ့သိုလှောင်ထားတဲ့ မီသိုင်းအိုက်ဆိုဆိုက်ယာနိုက် ဓာတုဆေးရည်တွေကနေ ပိုးသတ်ဆေးထုတ်လုပ်တာပေါ့။တန်ပေါင်း ရာချီအောင်သိုလှောင်ထားတဲ့ကန်ကြီးတွေနဲ့။ အဲဒီဓာတုဆေးရည်က ရေနဲ့ပေါင်းစပ်မိတဲ့အခါမှာ လူတွေရဲ့အသက်ကိုထုတ်ယူနိုင်တဲ့ အဆိပ်ငွေ့အဖြစ်ပြောင်းလဲသွားတတ်တဲ့ ဂုဏ်သတ္တိရှိတယ်။အလုပ်သမားတွေကို ထရိန်နင်ကောင်းကောင်းမပေးတဲ့ စက်ရုံကြီးမှာ လူအင်အားမလုံလောက် လုပ်ငန်းသဘောကို ကောင်းကောင်းမကျွမ်းကျင်တဲ့ အလုပ်သမားတွေနဲ့လည်ပတ်နေပါရော။ ဒီကြားထဲမှာ စက်ပစ္စည်းတွေကလည်းချို့ယွင်းလို့။တစ်နေ့မှာတော့ စက်ချို့ယွင်းတာရယ် အလုပ်သမားတယောက်ရဲ့ပေါ့ဆမှုရယ်ကြောင့် အမ်အိုင်စီကန်ထဲကို ရေယိုစိမ့်မှုဖြစ်တယ်။ အဲဒီကနေ အဆိပ်ငွေ့တွေထွက်လာရာက မီးရထားဌာနက အလုပ်သမားတွေပြည်သူတွေရဲ့ အသက်ကို ကယ်တင်ရဖို့ဖြစ်လာပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)Quality : 1080p WEB DL ...
8.1
TMDb: 8.1/10 15 votes
tv

The Railway Men – The Untold Story of Bhopal 1984 (2023)

2023
Special OPS (2020) Season1 Complete 8.078
Special OPS (2020) Season1 Complete Special OPS (2020)အိန္ဒိယမှာ တကယ်ဖြစ်ခဲ့ဖူးတဲ့ Mumbai 26/11 အကြမ်းဖက်မှု ၊ ၂၀၀၁ ပါလီမန်အိမ်တိုက်ခိုက်ခံရမှုလိုမျိုး တကယ့်အဖြစ်အပျက်တွေကို အခြေခံရိုက်ထားတဲ့စီးရီးဖြစ်ပါတယ် ပါဝင်ထားတဲ့မင်းသားတွေကလည်း Key Key Menon ၊ Karan Tacker တို့လို တောင့်တောင့်ဖြောင့်ဖြောင့် အက်ရှင်မင်းသားတွေချည်းပါပဲဇာတ်လမ်းအညွှန်း၂၀၀၁ ပါလီမန်အိမ်တော်တိုက်ခိုက်ခံရမှုကြောင့် ရဲနဲ့ပြည်သူဘက်ကလည်း နစ်နာမှုကြီးမားခဲ့ရသလို ရဲတွေဘက်က ရတဲ့သတင်းအစအနနဲ့ ဘဏ္ဍာရေးလမ်းကြောင်းတွေ လိုက်လံပိတ်ဆို့ခံတဲ့အတွက် အကြမ်းဖက်အဖွဲ့တွေမှာလည်း အထိနာကုန်ပါတယ်။အကြမ်းဖက်အဖွဲ့ရဲ့ ထိပ်သီးပိုင်းခေါင်းဆောင်တွေက ကိုယ့်အထုပ်ကိုယ်ပိုက်ရင်းနဲ့ ပုန်းအောင်းကြကုန်တော့ လက်အောက်ခံအဖွဲ့ခွဲတွေမှာ ငွေပြတ်လပ်တဲ့ပြဿနာကြုံရပါတော့တယ်။ ဒီတော့ ဇာတ်လိုက်ကျော်ကြီးဟင်းမတ်(Menon)ကလည်း သူရထားတဲ့အချက်အလက်နဲ့ အခြေအ‌နေကို အသုံးချလို့ သူနှစ်ရှည်လများ လိုက်လံရှာဖွေနေခဲ့တဲ့ အီကလက်ခန်းရဲ့ ညာလက်ရုံးဖြစ်တဲ့ ဝါဆင်းကို ငွေထုပ်နဲ့မျှားရင်း သဲလွန်စရချိန်မှာ အမိဖမ်းဖို့ပြင်ဆင်ပါတော့တယ်။ဒီစစ်ဆင်ရေးအတွက် သူ‌ရွေးချယ်ခဲ့သူကတော့ သူကိုယ်တိုင် ၅ နှစ်တိတိ လေ့လာခဲ့တဲ့ ဖာရုအလီ(Karan)ပါပဲ။ ဝါဆင်းကိုရှင်းပြီးတော့ UAEမှာဆက်နေခဲ့တဲ့ ဖာရုတစ်ယောက် ဆက်လက်စုံစမ်းရင်းနဲ့ တစ်ချိန်က ၂၀၀၁ ခုနှစ် ပါလီမန်တိုက်ခိုက်ခံရမှုကစတင်လို့ ပုံစံခပ်ဆင်ဆင်နဲ့ ဖြစ်လာသမျှ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်က ကြိုးကိုင်သူလို့ ဟင်းမတ်သံသယဝင်နေတဲ့ အီကလက်ခန်းရဲ့သတင်းအစအနကို ရလာတဲ့အခါမှာတော့...နှစ်ဆယ်နဲ့ချီ ...
8.078
TMDb: 8.078/10 32 votes
tv

Special OPS (2020) Season1 Complete

2020
Bambai Meri Jaan (2023)
Bambai Meri Jaan (2023) BomBay My Beloved (2023)ဘုံဘေဆိုတဲ့ ပင်လယ်ဆိပ်ကမ်းစီးပွားရေးမြို့ဟာ ဒုစရိုက်မှုတွေ အင်မ‌တန်ပေါများတဲ့မြို့ဆိုလည်းမမှား...ဘုံဘေက လူမိုက်ဂိုဏ်းရာဇဝတ်ဂိုဏ်းတွေကိုထိန်းချုပ်ပြီး ရေလမ်းကလာသမျှအဖိုးတန်ပစ္စည်းတွေ မှောင်ခိုရောင်းချနေကြ ၊ ဒုစရိုက်မှုမှန်သမျှနောက်ကွယ်ကကြိုးကိုင်နေသူ ဟာဂျီဘုံဘေတစ်မြို့လုံးက ကြောက်ရွံ့ကြတဲ့ အနေအထားကနေ တစ်မြို့လုံးလေးစားရတဲ့အခြေအနေထိဖန်တီးလာနိုင်ခဲ့တဲ့သူသူ့အလုပ်သူ့စီးပွားရေးတွေဆိုရင် သူခိုးအသေးစားကအစ အထက်အရာရှိကြီးတွေအထိမထိရဲကြတဲ့အချိန်မှာ သူ့ရဲ့ ဖုံးမနိုင်ဖိမရရာဇဝတ်မှုတွေကို‌ချေမှုန်းဖို့ တာဝန်ကျလာတဲ့သူကတော့ အစ်မေးလ်တို့ ပထာန်အထူးစုံစမ်းရေးအဖွဲ့တစ်မြို့လုံးကိုခြယ်လှယ်နိုင်တဲ့ ရာဇဝတ်ဂိုဏ်းကြီးနဲ့ ရဲစွမ်းသတ္တိရှိတဲ့ သာမန်ရဲအရာရှိတစ်ယောက်ရဲ့ ထိပ်တိုက်တွေ့ဆုံပွဲ လူမိုက်တွေကြားက အချင်းချင်းပတ်ကွက်ကျော်ရိုက်တဲ့အကွက်တွေကို မြင်တွေ့ရမဲ့စီးရီးတစ်ခုဖြစ်ပါတယ်(အညွှန်းနှင့်ဘာသာပြန်ကတော့ BpL ~ V ~ Yunni ~ Zwe ~ Dee ~ Moon ~ Cherry ~ Aditi ~ YH တို့ပဲဖြစ်ပါတယ်)Quality : 1080p WEB DL / 720p Total Episodes : 10EpsFormat : mp4Genres : Crime ~ DramaDuration : 1h Subtitle : Myanmar Subtitle ( ...

Bambai Meri Jaan (2023)

2023
Farzi (2023) 7.286
Farzi (2023) အိန္ဒိယရဲ့နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ မင်းသားရှာဟစ်ကပူ၊ ဗီဂျေးစည်သူပတီ၊ မင်းသမီး ရာရှီးခန်နား ရဂျီနားကက်ဆန်ဒရာ တို့ပါ၀င်ထားပြီး IMDb မှာ 8.7/10 အထိရှယ်ရထားတဲ့ black-comedy, crime drama စီးရီးကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအကျဉ်းငယ်စဉ်ကတည်းက ကံအကြောင်းမလှခဲ့၍ အဘိုးဖြစ်သူနဲ့ ကြီးပြင်းလာခဲ့ရတဲ့ အညတရပန်းချီဆရာလေး ဆန်နီ၊ တစ်နေ့မှာ အဘိုးဖြစ်သူဦးဆောင်တဲ့ ကရန်တီသတင်းစာတိုက်ကြီးက ချေးငွေတွေပြန်မဆပ်နိုင်ဘဲ အကြွေးတင်ပြီး အရှုံးပေါ်တော့မယ့် အနေအထားထိဖြစ်ခဲ့ပါတယ်။ဒီလိုနဲ့ ဆန်နီတစ်ယောက် သတင်းစာတိုက်မှာအလုပ်လုပ်ရင်း အကြံတစ်ခုရသွားပါတယ်၊ ဒီလိုနဲ့ ဆန်နီဟာ သူငယ်ချင်းဖြစ်သူ ဖေရိုဇ်နဲ့ ပူပေါင်းပြီးစီးပွားရေးအသစ်တစ်ခု စလိုက်ပါတော့တယ်၊ အဲ့ဒီစီးပွားရေးဟာ သတင်းစာတိုက်ကြီးကို ပြန်ကယ်တင်နိုင်ရုံမကဘဲ အိန္ဒိယရဲ့ စီးပွားရေးကဏ္ဍကိုပါ ဇောက်ထိုးလုပ်နိုင်တဲ့ အနေအထားထိဖြစ်ခဲ့ပါတယ်။"လောဘကအတောမသတ်နိုင်"ဆိုသလိုပဲ ဆန်နီဟာရသင့်တာထက် ပိုပိုလိုချင်လာမိတဲ့အချိန်မှာ နောက်ဆက်တွဲဆိုးကျိုးတွေဟာ တစ်ခုခုပြီးတစ်ခု လိုက်လာပါတော့တယ်။ ဒီလိုနဲ့ ဆန်နီဟာ စီးပွားရေးအကွက်တွေရွှေ့ရင်း ပြစ်မှုအသေးလေးကနေ ရင်မဆိုင်နိုင်လောက်တဲ့ထိ ပြစ်မှုကြီးသွားတဲ့အခါ...တစ်ပိုင်းပြီးတစ်ပိုင်းဇာတ်ရှိန်အမြင့်ဆုံးအထိဆွဲခေါ်သွားမယ့် ကြည့်ရှုသင့်တဲ့စီးရီးဖြစ်ပါတယ် Quality : 1080p WEB DL / 720p Total Episodes : 8Eps Format : mp4 Genres :Drama, Crime Duration : 57mins Subtitle : Myanmar Subtitle ...
7.286
TMDb: 7.286/10 7 votes
tv

Farzi (2023)

2023