Channel Myanmar

Kazuki Yao

One Piece(1999) 8.712
One Piece(1999)  IMDb 8.9/10 Crunchyroll 4.9/5 MyAnineList 8.7/10 ဂျပန်ကာတွန်း​တွေရဲ့ကြီးသုံးကြီးမှာပါတဲ့ one pieceဟာစထွက်ရာက​နေအခုထိ ပရိသတ်​တွေတိုးပွား​နေဆဲပါ။ဂျပန်ကာတွန်း​တွေထဲမှာ​ berserkတို့၊ AoTတို့ဆိုရင် ဇာတ်လမ်းပိုင်းအ​ကောင်းဆုံး​တွေလို့သတ်မှတ်ကြသလိုပဲ one pieceကိုလည်းအ​ကောင်းဆုံး adventureစီးရီး၊ mangaကို animeအဖြစ်အသက်သွင်းတဲ့​နေရာမှာလည်း one pieceက အ​ကောင်းဆုံးလို့​ပြောရင်မှားမယ်မထင်ပါဘူး။ ပြီး​တော့ ဒီစီးရီးဘယ်​လောက်​တောင်​ကောင်းလဲညွှန်းရမယ်ဆိုရင် အပိုင်း၁​ထောင်​ကျော်​နေပြီဆို​ပေမဲ့ one piece fan​တွေဟာ ဇာတ်လမ်းပြီးမှာ​တောင် စိုးရိမ်မိကြတဲ့အထိ လွှမ်းမိုးနိုင်​နေတာပါ။ဇာတ်လမ်းအကျဥ်းကို​ပြောရရင်​တော့ချမ်းသာမှု၊ ​ကျော်ကြားမှု၊ သြဇာရှိမှု​တွေကို ပိုင်ဆိုင်တဲ့ ​ပင်လယ်ဓါးပြ​ဘုရင်ကြီးကို ​ရေတပ်ကဖမ်းဆီးပြီး ကွပ်မျက်ဖို့လုပ်ခဲ့ပါတယ်။မကွပ်မျက်ခင်မှာ ကွပ်မျက်ပွဲကိုလာကြည့်တဲ့ လူ​တွေထဲက​နေ ​ကျော်ကြီးဟာ ပင်လယ်ဓါးပြဘုရင်ကြီးကို​မေးခွန်းတစ်ခုလှမ်း​မေးခဲ့ပါတယ်။"ဘဲကြီးခင်ဗျားပိုင်တဲ့ရတနာ​တွေဘယ်မှာထားခဲ့လဲ။ one pieceဆိုတာ​​ရောတကယ်ရှိလား""သိပ်ရှိတာ​ပေါ့။ ညိုကီ​ရာငါပိုင်ဆိုင်တဲ့ရတနာ​တွေကိုအဲ့ဒီ​နေရာမှာထားခဲ့ခဲ့....ဗျစ်"ဆိုပြီး​ပြော​နေတုန်းမှာ ​ရေတပ်ကကွပ်မျက်ခဲ့တာ​ကြောင့် စကား​တောင်မဆုံးခဲ့ရှာပါဘူး။ဒါ​ပေမဲ့ one pieceရှိတယ်ဆိုတာကိုအတည်ပြုခဲ့တာ​ကြောင့်ပင်လယ်ထဲကိုလူ​တွေအသီးသီးထွက်ကုန်တာ​ကြောင့် ပင်လယ်ဓါးပြ​ခေတ်ကြီးတ​ခေတ်ထလာခဲ့ပါ​တော့တယ်။ အဲ့ဒီလူ​တွေထဲမှာငဖီဆို​တော့ အ​ရှေ့ပင်လယ်ပြာက ​တောသား​လေးလည်းပါပြီးပင်လယ်ထဲရွက်လွှင့်ကာ ပင်လယ်ဓါးပြအဖွဲ့ဖွဲ့ဖို့ အဖွဲ့သားသစ်​တွေစု​ဆောင်းရာက​နေ one pieceဆိုတဲ့မဟာဇာတ်ထုပ်ကြီးဖြစ်​​ပေါ်လာပါ​တော့တယ်..... File Size –  336MB/173MB  @EpisodeQuality – 720p / 1080pDuration ...
8.712
TMDb: 8.712/10 3524 votes
tv

One Piece(1999)

1999
Berserk: The Golden Age Arc – Memorial Edition(2022)Season 1 8.6
Berserk: The Golden Age Arc – Memorial Edition(2022)Season 1 Berserk : The Golden Age arc 2022 ===========================(သတိပေးချက်- ယခုဇာတ်လမ်း၌ ကိုယ်လုံးတီးအခန်းများ၊ ခေါင်းနှစ်ခြမ်းခွဲ၊ မျက်လုံးဖောက်ထုတ်၊လျှာဖြတ်သော ကြမ်းကြမ်းတမ်းတမ်းသတ်ဖြတ်ခန်းများနှင့် ကြမ်းတမ်းသော စကားလုံးအသုံးအနှုန်းများအပြင် လိင်ဆက်ဆံခန်းများနှင့် မုဒိန်းကျင့်ခန်းများပါသောကြောင့် ကလေးသူငယ်များနှင့် အသက်၁၈ နှစ်အောက် လူငယ်များကြည့်ရန်မသင့်လျော်ပါ။)IMDb - 7.5/10 MyAnimeList - 7.7/10ဒီစီးရီးကတော့ ဂျပန်animeတွေထဲကdark fantasy genreတွေထဲမှာ နံပါတ် ၁ လို့ကိုပြောလို့ရတဲ့ဇာတ်လမ်းဖြစ်ပြီး 1997တုန်းကလည်းanime စီးရီးထွက်ခဲ့ဖူးကာ အရမ်းကိုလည်းအောင်မြင်ခဲ့ပါတယ်။ အခုထွက်လာတဲ့စီးရီးကတော့ remake စီးရီးဖြစ်တာမလို့အရင်ထွက်တာတွေကိုပြန်မကြည့်လည်းရတဲ့အပြင် ရုပ်ထွက်တော်တော်ကိုလှတာမလို့ရုပ်ထွက်ပိုင်းနဲ့ဇာတ်လမ်းပိုင်းဦးစားပေးသူတွေကြည့်ကိုကြည့်သင့်တဲ့စီးရီးပါ။ဒီစီးရီးဟာ အင်္ဂလန်ရဲ့သမိုင်းကြောင်းထဲကTudorတိုင်းပြည်နဲ့Midlandတိုင်းပြည်တို့ရဲ့နှစ်တစ်ရာစစ်ပွဲကိုအခြေခံထားတာပါ။အဲ့ဒီစစ်ပွဲအတွင်းမှာ Griffithဆိုတဲ့သူရဲကောင်းပေါ်လာခဲ့ပြီး တိုက်ပွဲတိုင်းကိုအနိုင်ယူနိုင်ခဲ့ပြီးMidlandဘုရင်ရဲ့သူကောင်းပြုတာကိုပါခံခဲ့ရပါတယ်။ အဲ့လိုလူတိုင်းလေးစားရတဲ့Griffithဆီမှာ ထူးဆန်းတဲ့ Egg of kingဆိုတဲ့ကျောက်တုံးလေးတစ်ခုရှိပါတယ်။ အဲ့လိုနဲ့ကြမ္မာငင်တဲ့တနေ့မှာတော့ စိတ်ကူးနဲ့တောင်တွေးမထင်နိုင်လောက်တဲ့ကိစ္စကြီးဖြစ်လာခဲ့ပြီးအခြေအနေတွေဟာ တဆစ်ချိုးပြောင်းလဲသွားပါတော့တယ်။  Episodes : 13File Size –300MB / 150MB @EpisodeQuality –1080p / 720pDuration – 25 ...
8.6
TMDb: 8.6/10 441 votes
tv

Berserk: The Golden Age Arc – Memorial Edition(2022)Season 1

2022