Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Keshav Deepak
8
Vyooham (2023)
Vyooham (2023) "လူကြီးလူကောင်း" IMDb - 8.0/10(function(f,b,n,j,x,e){})();Political Thrillerကိုမှ နိုင်ငံရေးလှည့်ကွက်တွေကိုဖုံးဖိဖို့လုပ်ရင် ဖြစ်လာတဲ့ရာဇဝတ်မှုတွေအကြောင်း ခပ်ပါးပါးပုတ်ထားတဲ့ Vyoohamဆိုတဲ့ စီးရီးလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ Biography နာမည်တပ်ပြီး အန်ဒရာပရာကက်ရှ်မှာကြီးစိုးနေတဲ့ YSRပါတီရဲ့ ငွေကြေးအလွဲသုံးစားမှုတွေ နိုင်ငံရေးအရှုပ်အရှင်းတွေကို ရိုက်ပြထားတဲ့ဇာတ်လမ်းတွဲဖြစ်နေတာနဲ့အညီ စွပ်စွဲချက်တွေ အငြင်းပွားမှုတွေကြားက ခက်ခက်ခဲခဲ certifiedဖြစ်လာတာမလို့ ပရိသတ်တို့ရှုစားဖို့ တင်ဆက်ပေးလိုက်ပါပြီ။လူတိုင်းက လေးစားချီးကျူးရတဲ့ ဗာနီရာမာချန်ဒရာဟာ သမာသမတ်ကျတဲ့ အမှန်တရားဘက်တော်သားရဲအရာရှိတစ်ယောက်ပီပီ ရာဇဝတ်သားတွေ လောဘသားတွေအတွက်တော့ မဟာရန်သူတော် ဆူးညှောင့်ခလုတ်တစ်ခုပေါ့။ ဒီလိုနဲ့ပဲ ရန်သူတွေများနေတဲ့ဗာနီတစ်ယောက် အကြမ်းဖက်နာဇယ်လ်တွေရဲ့သတ်ဖြတ်ခြင်းကိုခံလိုက်ရပြီး သားဖြစ်တဲ့ အာဂျွန်ကတော့ ဒါကိုကိုယ်တိုင်မြင်လိုက်ရတာပေါ့။ ဒီလိုနဲ့ပဲ အမေတူသားဖြစ်တဲ့အာဂျွန်ဟာလည်း အမေဖြစ်သူလိုပဲ ထက်မြက်ပြီးသမာသမတ်ကျတဲ့ရဲတစ်ယောက်ဖြစ်လာပါတော့တယ်။အန်ဒရာပရာကက်ရှ်ရဲ့ဝန်ကြီးချုပ်ဖြစ်တဲ့ YSRရဲ့သေဆုံးမှုကို စုံစမ်းရင်းနဲ့ ဝန်ကြီးရဲ့ ငွေကြေးအလွဲသုံးစားမှုကို အစဆွဲမိသွားတဲ့အာဂျွန်၊ YSRရဲ့ရာဇဝတ်မှုတွေကိုလိုက်ရှာရင်းနဲ့ တစ်ချိန်က အမေဖြစ်သူ ဗာနီကိုသတ်သွားတဲ့ အကြမ်းဖက်သမားတစ်ယောက် လွတ်မြောက်မှုမှာ ရဲဘက်ကရာထူးအကြီးပိုင်းတွေ ပါဝင်ပတ်သက်နေတာကို အာဂျွန်သဲလွန်စရသွားချိန်မှာတော့...။ဝါဒဖြန့်နေတဲ့ အလိမ်အညာရုပ်ရှင်ပါလို့ စွဲချက်တင်ခံရပြီး အချိန်အတော်ကြာ ဆိုင်းငံ့ခံထားရတဲ့ရုပ်ရှင်ဖြစ်တာမလို့ ဖြစ်ရပ်မှန်နိုင်ငံရေးဇာတ်ရှုပ်တွေကို စိတ်ဝင်စားတဲ့သူတွေအနေနဲ့ ကြည့်ရှုသင့်တဲ့ဇာတ်လမ်းတွဲလေးအဖြစ် ညွှန်းပေးလိုက်ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲ ဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ ...
8
TMDb:
8/10
1 votes
tv
Vyooham (2023)
2023
6
Dayaa (2023) Complete
Dayaa (2023) ============ ဘောလိဝုဒ်ရဲ့ မှုခင်း သည်းထိတ်ရင်ဖိုစီးရီးကြိုက်နှစ်သက်သူတွေဖို့ Disney+Hosterက စီးရီးကောင်းတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်....အညွန်းအအေးခန်းကားမောင်းသမားက မီးဖွားတော့မယ်ဇနီးအတွက် အလုပ်ကို ပုံမှန်ထက် ပိုပြီးကြိုးစားကာ ပိုက်ဆံရှာနေတဲ့ ဒရိုင်ဘာတစ်ယောက်ပါ နေ့မအိပ်ညမအိပ်ကားမောင်းပြီး အိမ်တောင် မပြန်နိုင်ရှာတဲ့ သူဟာ စိတ်သဘောထားလဲပြည့်ဝသူဖြစ်ပြီး အလုပ်ကိုလဲ သေသေချာချာစီစီစစ်စစ် လုပ်နိုင်သူဆိုလဲ မမှားပါဘူး....ဒါပေမဲ့ သူသတိလက်လွတ်နဲ့ ပြီးစလွယ်လက်ခံလိုက်မိတဲ့ ကုန်ပို့လက်ခံမှုတခုမှာ မထင်မှတ်ထားတဲ့ ပြဿနာတခုနဲ့ကြုံလိုက်ရတဲ့အခါ...ပြဿနာကတော့ သူ့ကားရဲ့အအေးခန်းထဲမှာ ဘယ်သူဘယ်ဝါမှန်းမသိတဲ့ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ မိန်းကလေးတဦးရဲ့အလောင်းပါလာတာပဲဖြစ်ပါတယ်....ဒီအလောင်းကို ဘယ်သူလာထည့်သွားတာလဲ...ဒီအလောင်းက ဘယ်သူများလဲ ဘာအတွက်ကြောင့် သေဆုံးရတာလဲ ဘယ်သူသတ်တာလဲ နောက်ကွယ်မှာဒီအလောင်းကို လာတင်သွားသူကရော ဘယ်သူလဲ စတဲ့ အတွေးတွေး မေးခွန်းပေါင်းများစွာနဲ့ တပိုင်းပြီးတပိုင်း plot twistတွေ စီးမျောသွားအောင် ဆွဲဆောင်နိုင်မယ့် စီးရီးကောင်းတခုမလို့ တင်ဆက်ပေးလိုက်ရပါတယ်File Size – 500MB / 250MBQuality – 1080p / 720pDuration – 25minsTotal Episodes: 8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Crime~Thriller~MysteryTranslator ...
6
TMDb:
6/10
1 votes
tv
Dayaa (2023) Complete
2023
8
11th Hour (2021)
11th hour 2022KGF 1 Baahubali2 တို့မှာ အားလုံးနဲရင်းနှီးနေတဲ့မင်းသမီးချောလေး Tamannaah ပါဝင်ထားပြီး အပိုင်း ၈ပိုင်းပါဝင်တဲ့စီးရီးလေးပဲ ဖြစ်ပါတယ် မူရင်းအနေနဲ့ 8 hours ဆိုတဲ့စာအုပ်ကို အခြေခံပြီး ခံစားသက်ဝင်ရိုက်ကူးခဲ့တာပါ ။၂၀၂၁ ဇန်နဝါရီမှာ ထုတ်လွှင့်ဖို့ စီစဉ်ခဲ့ပေမယ့်လည်း ကိုဗစ်ကြောင့် နောက်ကျထုတ်လွှင့်ခဲ့ရတဲ့ စီးရီးလေးတစ်ခုဆိုလည်း မမှားပါဘူး ။စီးရီးမှာတော့ အဓိက ဇာတ်ဆောင်အနေနဲ့ ငယ်စဥ်ကတည်းက အမေဖြစ်သူကိုနှိပ်စက်ပြီး မိန်းကလေးဆို အထင်သေးတဲ့ ဖခင်ဖြစ်သူနဲ့နေခဲ့ရတဲ့ အာရီထရစ်ကာ ဆိုသူ အမျိုးသမီးတစ်ဦးရဲ့ ဘ၀ဇာတ်ကြောင်းကို ရသစုံလင်စွာနဲ့ crime thriller ပုံစံမျိုး ရိုက်ကူးပုံဖော်ထားတာပါ' ဦးတည်ချက် မှန်မှန် ခြေလှမ်းတွေ လှမ်းလိုက်ပေမယ့်လည်း ပြဿနာတွေဆီ ရောက်သွားတတ်တယ် ။ အဲဒီပြဿနာတွေကို နောက်မဆုတ်ဘဲ ရဲရဲဝံ့ဝံ့ ရှေ့ဆက်လှမ်းပြီး ဖြေရှင်းမှ အောင်မြင်မှု ရလိမ့်မယ် ' ဆိုတဲ့ အာရီထရစ်ကာရဲ့ ရဲရင့်တဲ့ ခံယူချက် ....ဒီလိုခံယူချက်တွေနဲ့ အမျိုးသမီးတစ်ဦးက ငယ်စဉ်ကတည်းကယောက်ျားလေးဖြစ်တဲ့ မောင်ဖြစ်သူကိုသာ ဦးစားပေးတဲ့ ဖခင်နဲ့ ကြီးပြင်းလာရပြီး ကံကြမ္မာအလှည့်အပြောင်းကြောင့် ...
8
TMDb:
8/10
1 votes
tv
11th Hour (2021)
2021