Channel Myanmar

Kirati Puangmalee

Only Friends (2023) 9
Only Friends (2023) Only Friends (2023)အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေရှိလား????? ထိုင်း BL ထဲမှာ တော်တော်လေး ဟော့တဲ့ စီးရီးလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေအကြောင်း တင်ဆက်ထားတဲ့ စီးရီးလေးမို့ မြည်းစမ်းကြည့်သင့်ပါတယ်နော်။ဒီဇာတ်လမ်းမှာ မြူ၊ ရေး၊ ဘော်စတန် နဲ့ ချီအမ်တို့က Business ကျောင်းသားတွေဖြစ်ပြီး အရမ်းခင်ကြတဲ့ ဘော်ဒါတွေပါ။ သူတို့ဟာ ဘွဲ့စာတမ်းအတွက် အဖွဲ့လိုက် Hostel Project လုပ်နေကြတဲ့သူတွေလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ ပရောဂျက်မှာ ကူညီဖို့ ဘော်စတန်က တော့ပ် ဆိုတဲ့သူကို အဖွဲ့ထဲ ခေါ်လာခဲ့ပါတယ်။ အဲဒီမှာပဲ တော့ပ်ဟာ မြူကို စိတ်ဝင်စားသွားပြီး မြူကို ရဖို့ ကြံစည်ပါတော့တယ်။ မြူကတော့ စာကိုပဲ အလေးပေးပြီး သူ့ဘဝမှာ sex တို့ ရည်းစားတို့အတွက် အချိန်မပေးထားတဲ့သူပါ။ တော့ပ်က မြူကို စိတ်ဝင်စားလာတဲ့အပေါ် ဘော်စတန်ကလည်း သဘောမကျနေသလို ရေးကလည်း သဘောမကျနေခဲ့ပါဘူး။ မြူက တကယ်ပဲ တော့ပ်ကို စိတ်ဝင်စားသွားမလား၊ အကြောင်းပြချက်ကိုယ်စီနဲ့ သဘောမကျနေတဲ့ သူငယ်ချင်းနှစ်ယောက်ကရော မြူ့အပေါ် ...
9
TMDb: 9/10 3 votes
tv

Only Friends (2023)

2023
Hidden Agenda (2023) 10
Hidden Agenda (2023) Hidden Agenda (2023)အခုတစ်ခါ တင်ဆက်ပေးသွားမှာကတော့ Hidden agenda ဆိုတဲ့ BLကားလေးပဲဖြစ်ပါတယ်။ ဇာတ်လိုက်နှစ်ယောက်က Star In My Mind မှာကတည်းက လိုက်ဖက်ညီကြတာမလို့ ပရိသတ်အတော်များများက Hidden agenda ကိုလည်း အတော်လေးမျှော်လင့်ထားကြပါတယ်။ဒီကားထဲမှာတော့ ဇို ဆိုတဲ့တက္ကသိုလ်ကျောင်းသားလေးက သူအချိန်အကြာကြီး crush ခဲ့ရတဲ့ နိတာ ကိုလိုက်ဖို့အတွက်ကြိုးစားရာမှာ မအောင်မြင်ခဲ့တာမလို့ နောက်ဆုံးမှာ သူငယ်ချင်းရဲ့အကြံအတိုင်း နိတာရဲ့ ရည်းစားဟောင်းလည်းဖြစ်ပြီး အခုအချိန်မှာ နိတာ အကြောင်းအသိဆုံးသူဖြစ်တဲ့ ဂျုပ်ဆိုတဲ့သူကို အကူအညီတောင်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဂျုပ်ကလည်း အပြန်အလှန်အနေနဲ့ နိတာနဲ့ ဇိုတို့ရှိ‌နေတဲ့ စကားရည်လု clubကို သူဝင်ခွင့်ရအောင် ကူညီရမယ်ဆိုပြီးပြောခဲ့ပါတယ်။ ဇို ဆိုတဲ့ကောင်လေး နိတာကိုလိုက်တာကရော အောင်မြင်ပါ့မလား? ဂျုပ် ကို club ထဲဝင်နိုင်ဖို့ ကူညီပေးရင်း သူတို့နီးစပ်သွားကြမှာလားဆိုတာတွေကို အသည်းတယားယားနဲ့ကြည့်ရှုရမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။အညွှန်းကိုတော့ Kim က ရေၕးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ May, Kim, Su Myat တို့ပဲ ...
10
TMDb: 10/10 2 votes
tv

Hidden Agenda (2023)

2023
To the Moon and Back (2023) 8.3
To the Moon and Back (2023) မာတာလဒါ အဖြစ် Toey Jarinporn ပူရင်မ်/ ပိန်နိန် အဖြစ် James Jirayuဇာတ်လမ်းအကျဉ်းပူရင်မ်က နာမည်ကြီးနှလုံးခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်ပြီး ပြီးပြည့်စုံတဲ့ အသိုင်းအဝိုင်းက ပြစ်ချက်မရှိတဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်ပူရင်မ်ဟာ ဖခင်ဖြစ်သူရဲ့စည်းမျဥ်းအတိုင်း ငယ်ကတည်းကနေခဲ့ရပြီး သွေးအေးလွန်းတာမို့ "နှလုံးသားမရှိတဲ့ နှလုံးအထူးကု"လို့တောင်ခေါ်ခံရပါတယ်မာတာလဒါကတော့ ဂေးဖခင်တစ်ဦးရဲ့သမီးဖြစ်ပြီး ဘဝကို ဖြူစင်စွာ ကလေးဆန်ဆန်ဖြတ်သန်းလာသူတစ်ယောက်ပေါ့လွတ်လပ်တဲ့ပတ်ဝန်းကျင်မှာကြီးပြင်းလာရပြီး အလိုလိုက်ခံရသူပီပီ မာတာကတော့ ပူရင်မ်နဲ့ဆန့်ကျင်ဘက် စိတ်စေရာအတိုင်းဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေခဲ့တယ်ဒီလိုမတူညီတဲ့ဘဝတွေရှိတဲ့ မာတာနဲ့ပူရင်မ်တို့ ဘဝအချိူးအကွေ့တစ်ခုမှာ ရင်းနှီးလာရချိန်မှာတော့ မာတာ့အပေါ်ခံစားချက်တွေရှိလာခဲ့တဲ့ ပူရင်မ်တစ်ယောက် သူ့အပေါ်ထိန်းချုပ်လာခဲ့တဲ့ဖခင်ကို ဆန့်ကျင်နိုင်ပါ့မလားအပူအပင်မရှိပျော်ရွှင်လာခဲ့တဲ့ မာတာကရော ဘဝထဲ အချစ်ဆိုတဲ့အရာဝင်ရောက်လာချိန်မှာ ဘာတွေပြောင်းလဲလာမလဲ အခက်အခဲတွေနဲ့ သူတို့နှစ်ဦးရဲ့ အချစ်ရေးဖြောင့်ဖြူးနိုင်မလားဆိုတာ ကြည့်ရှုရအောင်( အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ပါ ) Native Title: มาตาลดา Episodes: 16 Aired: Jun 6, 2023 - ? Aired On: Monday, Tuesday Original Network: Channel 3 Duration: ...
8.3
TMDb: 8.3/10 votes
tv

To the Moon and Back (2023)

2023