Channel Myanmar

Kubbra Sait

Shehar Lakhot (2023) Complete 5
Shehar Lakhot (2023) Complete Shehar Lakhot 2023 (8eps)(function(f,b,n,j,x,e){})();အခုတစ်ခါ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးချင်တာကတော့ အပိုင်းရှစ်ပိုင်းပါ Drama Crime စီးရီးကောင်းလေးတစ်ခုပါပဲဘောလီးဝုဒ်တို့ထုံးစံအတိုင်း ဇာတ်အိမ်မခိုင်မာမှာ သရုပ်ဆောင်မကောင်းမှာတော့ ပူစရာမလိုပါဘူး အပိုင်းတစ်ကစ ဇာတ်သိမ်းထိလျှိုကွက် မြှပ်ကွက်ပေါင်းများစွာ သပွတ်အူကြီးကို ပြေသွားအောင် ကိုယ်တိုင်ကြည့်ရှုခံစားကြရမှာပါပဲဒေ့ဗ်က လာခိုးသ်မြို့ဇာတိပါ အမှုတစ်ခုနဲ့ထောင်ကျပြီးတော့ ခုတော့ဇာတိမြို့ရဲ့အဝေးမှာ လူမိုက်လိုလိုဘာလိုလို အလုပ်လုပ်နေတာပါ သူ့ဆရာက အလုပ်ကိစ္စတစ်ခုနဲ့ လာခိုးသ်မြို့ကို ပြန်လွှတ်လိုက်တဲ့အခါမှာတော့ ဒေ့ဗ်ရဲ့ မိသားစုဟောင်းတွေ မိတ်ဆွေဟောင်းတွေနဲ့ ပြန်ဆက်ဆံရဖို့ဖြစ်လာပြီး သူ့အတိတ်ကကိစ္စတွေက ဘာတွေဖြစ်ခဲ့တာလဲ အခုရောဘာတွေဆက်ဖြစ်မှာလဲဆိုတာ ပရိသတ်ကြီးတို့ ကြည့်ရှုခံစားရမှာပါပဲ..... အရှုပ်တွေ‌များပြီး ရှင်းအောင် ဇာတ်အိမ်ဇာတ်ကွက်ကောင်းကောင်းနဲ့ ဖြေပြထားတာမို့ ‌ပရိသတ်ကြီးတို့ ခံစားကြည့်ရှုနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပါပဲ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)File Size – 1GB / 500MB (Appx;) @EpisodeQuality – 1080p ...
5
TMDb: 5/10 2 votes
tv

Shehar Lakhot (2023) Complete

2023
The Trial (2023) 7
The Trial (2023) The Trial (TV Series)(2023)တခေတ်တခါက ရိုမန့်တွေနဲ့အသည်းစွဲခဲ့ရတဲ့ မမကာဂျိုး၊အခုတော့ အန်တီကာဂျိုးပေါ့။ မင်းသမီးချောကာဂျိုးကို ဝဘ်စီးရီးအနေနဲ့ ရှားရှားပါးပါးမြင်တွေ့ရမှာပါ။"အချစ်ဆိုတဲ့ တရားရုံးမှာကျွန်မပျော်ရွှင်မှုသေဒဏ်ကျခံရမယ်လို့ တခါမှမတွေးခဲ့မိဘူး" ရှေ့နေနီယိုနိုကာတဖြစ်လဲ ကာဂျိုး။ကာဂျိုးက ဒီဇာတ်လမ်းထဲမှာ သမီးနှစ်ယောက်ရဲ့အမေ ခုံရုံးတရားသူကြီးရဲ့ဇနီးတယောက်အနေနဲ့အဓိကပါဝင်ထားပါတယ်။ သူ့ခင်ပွန်းဖြစ်တဲ့ ခုံရုံးတရားသူကြီးက လာဘ်ပေးလာဘ်ယူအနေနဲ့ လိင်အမြတ်ထုတ်မှုကျူးလွန်မှုကြောင့် ထောင်ကျသွားပါတယ်။ဒီကိစ္စကြောင့်ပဲ ပတ်ဝန်းကျင်အသိုင်းအဝိုင်းက ပစ်ပယ်လာတဲ့အခါ ကာဂျိုးတယောက် သူတတ်ကျွမ်းခဲ့တဲ့ ရှေ့နေအလုပ်ကိုပြန်လုပ်ဆောင်ဖို့အကြောင်းဖန်လာပါတော့တယ်။သူ့ရဲ့အလုပ်အပေါ်ကြိုးစားအားထုတ်မှုတွေကြောင့် တစထက်တစအောင်မြင်လာပြီးနောက်ပိုင်းမှာ သူ့ခင်ပွန်းဖြစ်သူ တရားသူကြီးကို ရှေ့နေလိုက်ပေးဖို့ဖြစ်လာပါတော့တယ်။"စိတ်ရဲ့အသိနဲ့ သက်သေ" အဲဒီနှစ်ခုအကြား ရွေးချယ်ဖို့ကြုံလာခဲ့ရင် သက်သေကိုပဲအဓိကထားမယ်ဆိုတဲ့ ဥပဒေကျောင်းကသင်ပေးလိုက်တဲ့အတိုင်း ခံယူထားတဲ့ ကာဂျိုးတယောက် ခင်ပွန်းဖြစ်သူအပေါ်ရော ဘယ်လိုသက်သေတွေရှာပြီး အမှန်တရားနောက်လိုက်မလဲ။အမှုဆိုတာ ကိုယ့်ကိုလာမပတ်သရွေ့ ခေါင်းအေးအေးထားရှင်းလို့ရပေမယ့် ရွံစရာအကောင်းဆုံးအမှုကိုမှ ပတ်သက်တဲ့လင်ယောကျ်ားနဲ့ မိသားစုပျော်ရွှင်မှု၊ ဂုဏ်သိက္ခာ ဒါတွေအားလုံးကို တပြိုင်တည်းပုခုံးထမ်းပြီး ရင်ဆိုင်ရမယ့် အမျိုးသမီးတယောက် ဘယ်လိုတွေစွမ်းဆောင်ပြမလဲဆိုတာကိုတော့.... (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Moon~BpL~Cherry~Zwe~YH တို့ပဲဖြစ်ပါတယ်)Quality : 1080p DSNP WEB DL / 720p DSNP WEB DL Total Episodes : 8EpsFormat : mp4Genres :Drama, Crime, MysteryDuration ...
7
TMDb: 7/10 1 votes
tv

The Trial (2023)

2023
Farzi (2023) 7.286
Farzi (2023) အိန္ဒိယရဲ့နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ မင်းသားရှာဟစ်ကပူ၊ ဗီဂျေးစည်သူပတီ၊ မင်းသမီး ရာရှီးခန်နား ရဂျီနားကက်ဆန်ဒရာ တို့ပါ၀င်ထားပြီး IMDb မှာ 8.7/10 အထိရှယ်ရထားတဲ့ black-comedy, crime drama စီးရီးကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအကျဉ်းငယ်စဉ်ကတည်းက ကံအကြောင်းမလှခဲ့၍ အဘိုးဖြစ်သူနဲ့ ကြီးပြင်းလာခဲ့ရတဲ့ အညတရပန်းချီဆရာလေး ဆန်နီ၊ တစ်နေ့မှာ အဘိုးဖြစ်သူဦးဆောင်တဲ့ ကရန်တီသတင်းစာတိုက်ကြီးက ချေးငွေတွေပြန်မဆပ်နိုင်ဘဲ အကြွေးတင်ပြီး အရှုံးပေါ်တော့မယ့် အနေအထားထိဖြစ်ခဲ့ပါတယ်။ဒီလိုနဲ့ ဆန်နီတစ်ယောက် သတင်းစာတိုက်မှာအလုပ်လုပ်ရင်း အကြံတစ်ခုရသွားပါတယ်၊ ဒီလိုနဲ့ ဆန်နီဟာ သူငယ်ချင်းဖြစ်သူ ဖေရိုဇ်နဲ့ ပူပေါင်းပြီးစီးပွားရေးအသစ်တစ်ခု စလိုက်ပါတော့တယ်၊ အဲ့ဒီစီးပွားရေးဟာ သတင်းစာတိုက်ကြီးကို ပြန်ကယ်တင်နိုင်ရုံမကဘဲ အိန္ဒိယရဲ့ စီးပွားရေးကဏ္ဍကိုပါ ဇောက်ထိုးလုပ်နိုင်တဲ့ အနေအထားထိဖြစ်ခဲ့ပါတယ်။"လောဘကအတောမသတ်နိုင်"ဆိုသလိုပဲ ဆန်နီဟာရသင့်တာထက် ပိုပိုလိုချင်လာမိတဲ့အချိန်မှာ နောက်ဆက်တွဲဆိုးကျိုးတွေဟာ တစ်ခုခုပြီးတစ်ခု လိုက်လာပါတော့တယ်။ ဒီလိုနဲ့ ဆန်နီဟာ စီးပွားရေးအကွက်တွေရွှေ့ရင်း ပြစ်မှုအသေးလေးကနေ ရင်မဆိုင်နိုင်လောက်တဲ့ထိ ပြစ်မှုကြီးသွားတဲ့အခါ...တစ်ပိုင်းပြီးတစ်ပိုင်းဇာတ်ရှိန်အမြင့်ဆုံးအထိဆွဲခေါ်သွားမယ့် ကြည့်ရှုသင့်တဲ့စီးရီးဖြစ်ပါတယ် Quality : 1080p WEB DL / 720p Total Episodes : 8Eps Format : mp4 Genres :Drama, Crime Duration : 57mins Subtitle : Myanmar Subtitle ...
7.286
TMDb: 7.286/10 7 votes
tv

Farzi (2023)

2023