Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lali Espósito
7.6
The End of Love (2022)
The End of Love (2022)ဝတ္ထုတစ်ပုဒ်ရဲ့အသွားအလာဟာ ဟင်းတစ်ခွက်ဆိုရင်တော့ ဟင်းအရသာနဲ့တူတဲ့ ဝတ္ထုရဲ့သဘောတရားကိုချုပ်ကိုင်ထားတာဟာ ဆားနဲ့တူတဲ့ စာရေးဆရာရဲ့ရှုထောင့်အမြင်ပါပဲ။ဒီတော့ အစွန်းရောက်Feministတစ်ယောက်ဖြစ်တဲ့ တမ်မီရေးတဲ့စာအုပ် နဲ့ သူ့ရဲ့ဟောပြောပွဲတွေအားလုံးမှာ အမျိုးသမီးဝါဒကြီးစိုးရေးက တော်တော်များများပါဝင်နေပါတယ်။ ယခုခေတ်စကားနဲ့ပြောရမယ်ဆိုရင်တော့ တမ်မီဟာ ထက်မြက်တဲ့မိန်းမတစ်ယောက်ပေါ့။တမ်မီဟာ ဖေ့ဘုတ်ပေါ်မှာ မကြာခဏရေးတင်နေကြဖြစ်တဲ့ ထက်မြက်တဲ့မိန်းမဆိုတဲ့စရိုက်လက္ခဏာတွေအကုန်ပြည့်စုံနေတယ်ဆိုပါတော့။ ယောက်ျားတွေဆို အထင်မကြီးတာတို့ ဖိုဝါဒီမုန်းတီးရေးတို့ ကိုယ့်အားကိုယ်ပဲကိုးရမယ်တို့အပြင်ကို နည်းနည်းလေးအစွန်းရောက်နေတဲ့ သူကတော့ လက်ထပ်ခြင်းတို့ အိမ်ထောင်ရေးတို့ကို အယုံအကြည်ရှိသူမဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ရဲ့အတွေးအမြင်တွေနဲ့ အင်မတန်ကိုဆန့်ကျင်နေတဲ့အချက်ကတော့ သူဟာ အမျိုးသမီးတွေကိုဖိနှိပ်ရာမှာ အလွန်နာမည်ကြီးတဲ့ ဂျူးလူမျိုးဖြစ်နေတာပါပဲ။ သူ လက်ခံထားတဲ့အရာတွေကြောင့် သူဟာ ဆွေမျိုးတွေကြားမှာ အရှုပ်ထုပ်ဖြစ်နေကိုတော့ ပြောစရာလိုမယ်မထင်ပါဘူး။ဒါပေမဲ့ ငယ်သူငယ်ချင်းဖြစ်သူဆာရီတာရဲ့ မင်္ဂလာဆောင်ဖိတ်စာနဲ့အတူ ဂျူးလူမျိုးတွေရဲ့ impurity lawဆိုတာနဲ့ပတ်သက်ပြီး စာရေးဖို့အကြံရသွားတဲ့အခါမှာတော့ သူ တစ်သက်လုံးမျက်ကွယ်ပြုလာခဲ့တဲ့ ဖိုဝါဒီကြီးစိုးတဲ့ ဂျူးလူမျိုး ဂျူးဘာသာရဲ့ အတွေးအမြင်တွေကို လေ့လာရဖို့ဖြစ်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆို အားလုံးအတူကြည့်ရှုရမှာဖြစ်ပါတယ်။(Ps. Impurity lawဆိုတာကတော့ အမျိုးသမီးတွေဓမ္မတာလာနေချိန်မှာ မသန့်စင်ဘူးလို့သတ်မှတ်တဲ့အတွက် ခင်ပွန်းဖြစ်သူနဲ့ထိတွေ့ခြင်းကိုရှောင်ရမယ်တို့ဘာတို့ကိုပြောတာပါ)စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ ဒီစီးရီးလေးထဲမှာ အခုခေတ်မှာ လူတွေစိတ်ဝင်စားမှုမြင့်တက်နေတဲ့ Feminism နောက်ကွယ်က လက်မည်းကြီးတွေရယ်၊ လူငယ်တွေကြားမှာဖြစ်နေတဲ့ sexual orientation ပျောက်ဆုံးနေတာတွေနဲ့အတူ love ...
7.6
TMDb:
7.6/10
31 votes
tv
The End of Love (2022)
2022