Channel Myanmar
Lee Sung-min
A Bloody Lucky Day (2023) [Complete]
A Bloody Lucky Day (2023) [Complete] A Bloody Lucky Day (2023) ***************************** အပိုင်းသစ် (၁ မှ ၁၀) စ/ဆုံး တက္ကစီဒရိုင်ဘာအဖြစ် လုပ်ကိုင်နေတဲ့ Oh Taek တစ်ယောက် တစ်နေ့မှာတော့ ကိုးရီးယားလူမျိုးတွေ အယူအရ ကံကောင်းပြီး ငွေဝင်တယ်ဆိုတဲ့ ဝက်အိပ်မက်ကိုမက်ပါတယ်။ အိပ်မက်အတိုင်း လူတစ်ယောက်က သူ့ကို မို့ဖိုဆိပ်ကမ်းမြို့ကို ပို့ပေးရင် ငွေ(၁) မီလီယံဝမ်ပေးမယ်ဆိုပြီး ကမ်းလှမ်းခံရပါတော့တယ်။ Oh Taek ကတော့ ပျော်ပြီး ကမ်းလှမ်းချက်ကို လက်ခံလိုက်ပေမဲ့ သူ့ကားကို လာငှားတဲ့သူက လူတွေကို ရက်ရက်စက်စက် သတ်ပြီး လှေနဲ့ထွက်ပြေးဖို့ ကြံနေတဲ့ ကွင်းဆက်လူသတ်သမား Hyuk Soo ဖြစ်နေပါတော့တယ်။ Hyuk Soo တစ်ယောက် သူ့အကြံအတိုင်း ထွက်ပြေးလွတ်‌မြောက်သွားနိုင်မလား...။ Oh Taek ကရော Hyuk Soo က လူသတ်သမားဆိုတာကို ရိပ်မိသွားမှာလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အဓိက Cast တွေအနေနဲ့ Hospital Playlist ထဲက ဘုန်းကြီးဝတ်ချင်တဲ့လူရိုးလေး Yoo Yeon Seok ကို ဇာတ်ကောင်သစ်ဖြစ်တဲ့ ကွင်းဆက်လူသတ်သမားအဖြစ် ...
A Bloody Lucky Day (2023) [Complete]
2023
Shadow Detective S2(2023)[Complete] 5.778
Shadow Detective S2(2023)[Complete] Shadow Detective S2(2023)*************************အပိုင်း (၁ မှ ၈) ထိ စ/ဆုံးကိုင်း Season 2 ထွက်ရှိလာပါပြီ...ပင်စင်ယူခါနီးပြီဖြစ်တဲ့ စုံထောက်ဟောင်း ထက်ရိုဟာ ခြိမ်းခြောက်တဲ့ဖုန်းကောလ်တစ်ခုရခဲ့ပြီးနောက်မှာလူသတ်မှုနဲ့ အစွပ်စွဲခံလိုက်ရပါတယ်။ ခြိမ်းခြောက်တဲ့သူက သူ့ကိုယ်သူ ထက်ရိုရဲ့သူငယ်ချင်းလို့ပြောပြီးဂိမ်းတစ်ခုကစားမယ်လို့ ပြောခဲ့ပါတယ်။ ပြီးတော့ သူက သူလိုက်နေတဲ့အမှုတွေကိုထက်ရိုကို စုံစမ်းခိုင်းခဲ့ပါတယ်။ အဲဒီလိုနဲ့ စုံထောက်ဟောင်း ထက်ရိုဟာ သူ့ရဲ့အတိတ်ကိုတူးဖော်ဖို့ဖြစ်လာခဲ့ပြီးတော့ သူ့ကိုခြိမ်းခြောက်တဲ့သူကို လိုက်ရှာခဲ့ပါတယ်။ နောက်ဆုံးမှာ ထက်ရိုဟာ ဂိမ်းကို နိုင်သွားမလား?ပထမအတွဲကိုတော့ ၂၀၂၂ ခုနှစ်မှာ အပိုင်း ၈ ပိုင်းအနေနဲ့ ထုတ်လွှင့်ခဲ့ပြီးတော့သူငယ်ချင်းဖြစ်သူ ဂျင်ဟန်သေသွားပြီးနောက် နောင်တတွေနဲ့ ကျန်ခဲ့ရတဲ့ ထက်ရိုဟာဂျင်ဟန်ကိုသတ်ခဲ့တဲ့တရားခံ ဥက္ကဌဂျန်ကို လက်စားပြန်ချေမလား၊ ဂျင်ဟန်က‌ရောတကယ်ပဲသေသွားတာလားဆိုတာကို ဒုတိယအတွဲမှာ ကြည့်ရမှာပါ။စုံထောက်ဇာတ်လမ်း၊ အက်ရှင်ခပ်ကြမ်းကြမ်းကိုကြိုက်တဲ့ CM fan တွေမလွတ်တမ်းကြည့်သင့်တဲ့ ဇာတ်လမ်းတစ်ခုပါပဲခင်ဗျ....Aired: Jul 5, 2023 - Aired On:Wednesday Genres: Crime , ...
5.778
TMDb: 5.778/10 9 votes
tv
Shadow Detective S2(2023)[Complete]
2022
Super Junior: The Last Man Standing (2023) 10
Super Junior: The Last Man Standing (2023) Super Junior : The Last Man Standing (2023)မရေတွက်နိုင်တဲ့‌ အောင်မြင်မှုသမိုင်းတွေရေး‌ဆွဲခဲ့ကြတဲ့ Super Junior နဲ့အတူတူ E.L.F တွေအနေနဲ့ အမှတ်တရခရီးတွေဆီကို နယ်ချဲ့နိုင်ပြီး အမျိုးမျိုးသောခံစားချက်တွေကိုယူ‌ဆောင်လာမယ့် The Last Man Standing documentary လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။အချိန်အကြာကြီးအတူတူရှိလာခဲ့ကြတဲ့ Super Junior အဖွဲ့ဝင်တွေကြားက ခိုင်မာတဲ့သံယောဇဉ်တွေ၊ ယုံကြည်မှုတွေကို သေချာကြီးမြင်တွေ့ရမှာဖြစ်ပြီးတော့ အမှတ်တရတွေကို ပြန်လည်‌သတိရမိစေနိုင်မှာလည်းဖြစ်ပါတယ်။Super Junior စတင်ရာက‌နေ အခုအချိန်အထိ အတူတူ ကျော်ဖြတ်ခဲ့ကြတာတွေ ၊ ပျော်ရွှင်မှုတွေ ၊ အောင်မြင်မှုတွေ၊ ဝမ်းနည်းမှုတွေ ၊ အခက်အခဲတွေကို မျှဝေခံစားနိုင်မယ့် Documentary ကောင်းလေးတစ်ခုမို့ ကြည့်ကြဖို့တိုက်တွန်းလိုက်ပါတယ်နော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Shin and Cali ပဲ ဖြစ်ပါတယ်။Genre..... Documentary Quality…. 720p | 480p File size… 1.1GB | 525MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle ...
10
TMDb: 10/10 1 votes
tv
Super Junior: The Last Man Standing (2023)
2023
Reborn Rich(2022)[Complete]
Reborn Rich(2022)[Complete] Reborn Rich(2022)*******************အပိုင်း( ၁ မှ ၁၆)ထိ စ/ဆုံး Yoon Hyun Woo (Song Joong Ki)က အင်အားကြီးလုပ်ငန်းစုကြီးဖြစ်တဲ့Soonyang Group မှာ သူဌေးမိသားစုရဲ့ လူယုံအတွင်းရေးမှူးအဖြစ် ၁၀ နှစ်ကြာအလုပ်ကျွေးပြုခဲ့ပါတယ်ဒီမိသားစုဆီမှာပဲ အစေခံတစ်ယောက်လို အလုပ်ကြိုးစားခဲ့ပေမဲ့ တစ်နေ့မှာတော့အလွဲသုံးစားမှုနဲ့စွပ်စွဲခံရပြီး အသတ်ခံခဲ့ရတယ် .. သေဆုံးသွားပေမဲ့ အံ့ဩဖို့ကောင်းစွာနဲ့ပဲ သူ့ဝိညာဥ်ဟာSoonyang Group CEO Jin Yang Cheol (Lee Sung Min) ရဲ့အငယ်ဆုံးသားလေးJin Do Joon ခန္ဓာကိုယ်ထဲကနေ နောက်တစ်ကြိမ်ပြန်နိုးလာတဲ့အခါမှာတော့ ..အဖြစ်အပျက်တွေအားလုံးကို မှတ်မိနေတဲ့ Jin Do Joon တစ်ယောက် ..သူ့ကိုသတ်ခဲ့တဲ့ ဂျင်မိသားစုကို ဘယ်လိုလက်စားပြန်ချေမလဲ ..“Soonyang Group Grim Reaper”လို့ လူသိများတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ကအမှုစစ် Seo Min Young (Shin Hyun Bin) နဲ့ ...
Reborn Rich(2022)[Complete]
2022
The King 2 Hearts (2012) [Complete] 7.4
The King 2 Hearts (2012) [Complete] The King 2 Hearts (2012) [အစ-အဆုံး]အပိုင်း (၁၆ မှ ၂၀) (ဇာတ်သိမ်းပိုင်း)လီဂျယ်ဟာကတော့ တောင်ကိုရီးယားတော်ဝင်မျိုးနွယ်ရဲ့ ဒုတိယ‌မြောက်သားအဖြစ် မင်းသားအရိုက်အရာကို ဆက်ခံထားရသူဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်လို့ စိတ်ဝင်စားမှုမရှိတဲ့ လီဂျယ်ဟာကို မင်းကြီးလီဂျယ်ဂန်က ကမ္ဘာ့ထိပ်တန်းအရာရှိပြိုင်ပွဲမှာ မြောက်ကိုရီးယားနဲ့ ပူပေါင်းယှဉ်ပြိုင်ဖို့ တာဝန်ပေးစေလွှတ်ခဲ့ပါတယ်။တစ်ဖက်မှာတော့ မြောက်ကိုရီးယားစစ်အာဏာပိုင်အဖွဲ့ဝင်တစ်ဦးရဲ့ သမီးဖြစ်တဲ့ ဂင်ဟန်အာက မြောက်ပိုင်းကိုယ်စားပြု အနေနဲ့ပါဝင်လာခဲ့ပါတယ်။ ယောက်ျားသားတွေထက်တောင် ပိုကြမ်းလို့ အသက်၃၀အရွယ်အထိ ချစ်သူမရှိ၊ အိမ်ထောင်မရှိအောင် ယင်ဖိုတောင်မသန်းရဲလောက်တဲ့ ဂင်ဟန်အာနဲ့ လူ့ပေါ်ကြော့မင်းသား လီဂျယ်ဟာတို့ တာဝန်အတူထမ်း‌ဆောင်တဲ့အခါမှာတော့ အလွဲလေးတွေ တသီသီ စတင်လာပါတော့တယ်။တောင်မြောက်ချစ်ကြည်ရေးကို ဖော်ဆောင်ကြမယ့်သူတို့နဲ့ လက်နက်ရောင်းဝယ်ပြီး အမြတ်ထုတ်ကြမယ့် နောက်ကွယ်က အဖွဲ့အစည်းတွေရဲ့ အဖျက်အမှောက်နှောက်ယှက်မှုတွေကို ရင်တလှပ်လှပ်နဲ့ ကြည့်ရှုရမှာဖြစ်တဲ့အပြင် Ha Ji Won ရဲ့ မြောက်ပိုင်းသူဆန်ဆန် အက်ရှင်တွေကိုလည်း ချစ်ချင်စရာမြင်တွေ့ရဦးမှာမို့ လက်မလွှတ်တမ်း စောင့်မျှော်ကြည့်ရှုဖို့ရာ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။ဟာဂျီဝန်း နဲ့ လီဆောင်ဂီတို့ရဲ့ ...
7.4
TMDb: 7.4/10 15 votes
tv
The King 2 Hearts (2012) [Complete]
2012
Shadow Detective (2022) 7.8
Shadow Detective (2022) Shadow Detective (2022) ==================ဒီတစ်ခေါက်မှာတော့ နာမည်ကြီးမင်းသားကြီးတွေ အဓိက ပါဝင်ရိုက်ကူးထားတဲ့ စုံထောက်ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ခပ်ကြမ်းကြမ်းအက်ရှင် ဇာတ်လမ်းလေးမို့လို့ အက်ရှင်ကြိုက်တဲ့ ပရိတ်သတ်တွေအနေနဲ့ မလွတ်တမ်းကြည့်ရှု သင့်တဲ့ ဇာတ်လမ်းလေးတစ်ခုပါပဲနော်။ဇာတ်လမ်းအကျဉ်း --------------------------- ဂင်ထက်ရို့ဟာ ဂူမိုရဲစခန်းက ပင်စင်ယူဖို့နီးနေပြီဖြစ်တဲ့ စုံထောက်ဟောင်းတစ်ယောက် ဖြစ်ပါတယ်။ အသက်ကြီးလို့ အနားယူချင်ပေမယ့် ပင်စင်လစာကိုမျှော်မှန်းပြီးတော့ စုံထောက်အလုပ်ကို ဆက်လက်လုပ်ကိုင်နေတဲ့လူတစ်ယောက်၊ အတွေ့အကြုံရှိပြီး ကျွမ်းကျင်တဲ့စုံထောက်တစ်ယောက်ဖြစ်ပေမယ့် အကြီးတန်းစုံထောက်ထက် ရာထူး ပိုတိုးမလာခဲ့ပါဘူး။ဂူမိုမြို့က ဆိပ်ကမ်းမြို့ဖြစ်တဲ့အတွက် မူးယစ်ဆေးဝါးမှုတွေနဲ့ အခြားသော ရာဇဝတ်မှု တွေများပြားတဲ့ မြို့တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဂူမိုမြို့ရဲ့ ရဲမှူးဆောဂွမ်ဆူဟာ ဂူမိုမြို့နေ ပြည်သူတွေရဲ့ လုံခြုံရေးအတွက်ရည်ရွယ်ပြီးတော့ အထူးစုံစမ်းရေးအဖွဲ့တစ်ခုကို ဖွဲ့စည်း ပေးခဲ့တယ်။ တစ်ရက်မှာတော့ စုံထောက်ကြီးဂင်ထက်ရို့ဆီကို အမည်မသိဖုန်းတစ်ခုဝင် လာပြီးတော့ ငါက မင်းရဲ့သူငယ်ချင်းဟောင်းတစ်ယောက်ပါလို့ပြောခဲ့ပြီး။ နောက်ထပ် ဖုန်းထပ်ခေါ်တဲ့အခါမှာတော့ မင်းရဲ့ လုပ်ဖော်ကိုင်ဖက် အူဟျွန်ဆော့ကို ငါသတ်လိုက်တယ် ဆိုပြီးပြောလာခဲ့ပါတယ်။ အဲဒီနောက်မှာပဲ ဂင်ထက်ရို့ဟာ အူဟျွန်ဆော့ကို သတ်တဲ့အမှုရဲ့ သံသယရှိသူအဖြစ်ကိုရောက်သွားခဲ့တယ်။စုံထောက်အူဟျွန်ဆော့သေဆုံးမှုမှာ ဘယ်လို ထူးခြားမှုတွေရှိနေမလဲ၊ ဖုန်းဆက်တဲ့လူကရော ဘယ်သူလဲ၊ စုံထောက်ကြီးဂင်ထက်ရို့တစ်ယောက် သံသယရှိသူအဖြစ်ကနေ လွတ်မြောက်နိုင် ဖို့နဲ့ အမှန်တရားကိုဖော်ထုတ်ဖို့ ဘယ်လိုကြိုးစားမလဲဆိုတာကို ဒီဇာတ်လမ်းမှာဆက်လက် ကြည့်ရှုနိုင်ပါပြီ။(၁ပတ်ကို ၂ ပိုင်းနှုန်းဖြင့် အပတ်စဥ် ...
7.8
TMDb: 7.8/10 2300 votes
tv
Shadow Detective (2022)
2022
Juvenile Justice (2022)
Juvenile Justice (2022) Juvenile Justice (2022) ဇာတ်လမ်းတွဲအညွှန်း**************************************အပိုင်းသစ် -၁၀ (ဇာတ်သိမ်းပိုင်း)(အစ/အဆုံး ရပါပြီနော်) ကိုရီးယား ဇာတ်လမ်းတွဲကောင်းကောင်းလေးကြိုက်သူများအတွက် Netflix ရဲ့ နောက်ထပ် ကိုးရီးယားဒရမ်မာအသစ်လေးတစ်ခု လာပါပြီနော်။ ဒီဇာတ်လမ်းတွဲလေးကတော့ အသက်မပြည့်သေးတဲ့ လူငယ်တွေ ကျူးလွန်ထားတဲ့ ပြစ်မှုကို စီရင်ချက်ချပေးရတဲ့ ကိုရီးယားနိုင်ငံ "လူငယ်တရားရုံး" အကြောင်းရိုက်ကူးထားတာပါ။ ကျောင်းပြဿနာ၊ ငွေကြေးပြဿနာ၊ အိမ်တွင်းရေးပြဿနာတွေ ရှိလာတဲ့အခါ လူငယ်တွေက စိတ်ပျော်ရာနောက် ပါသွားကြပြီး ပြစ်မှုတွေကို ကျူးလွန်မိကြပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ ဥပဒေအရ အသက်မပြည့်သေးဘဲ ပြစ်မှုကျူးလွန်တဲ့ ရာဇဝတ်သားတွေကို ထောင်ချခွင့်မရှိဘဲ "လူငယ်ကာကွယ်ရေးအမှု" ဆိုတဲ့အမှုခေါင်းစဉ်နဲ့ တရားရုံးက စီရင်ချက်ချပေးရပါတယ်။ လူငယ်ရာဇဝတ်သားတွေကို ထောင်မချဘဲ နောက်တစ်ကြိမ် ဒီလိုကျူးလွန်မှုမျိုးမရှိ‌စေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လူငယ်ပြုပြင်ရေးစခန်းကိုသာ ပို့ပါတယ်။ ဒီဥပဒေအကြောင်းကို သိတဲ့ လူငယ်တွေက လူသတ်မှု၊ လိင်အကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ ပြည့်တန်ဆာလုပ်ရန်အတင်းအကျပ်စေခိုင်းမှု စတဲ့ ကြီးလေးတဲ့ ပြစ်မှုတွေကို ကျူးလွန်ကြပြီး လူငယ် ရာဇဝတ်သားတွေက များသထက်များလာခဲ့ပါတယ်။ဒီဖြစ်ရပ်ကို လုံးဝ သဘောမကျတဲ့ ...
Juvenile Justice (2022)
2022
Money Game(2020)[စ/ဆုံး] 8
8
TMDb: 8/10 votes
tv
Money Game(2020)[စ/ဆုံး]
2020