Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Leonie Benesch
6.736
The Swarm (2023)
The Swarm (2023)Ecological sci-fi thriller seriesတွေကို နှစ်သက်သူတွေအကြိုက်ဖြစ်မဲ့ စီးရီးတစ်ခုဖြစ်တဲ့ The Swarmဆိုတဲ့စီးရီးလေးနဲ့ မိတ်ဆက်ပေးပါရစေ။ German နာမည်ကျော် စာရေးဆရာကြီး Frank Schätzingရဲ့ Best sellerစာအုပ်The swarmကို အခြေတည်ရိုက်ကူးထားတာဆိုတော့ စိတ်ဝင်စားဖို့ကောင်းမဲ့စီးရီးတစ်ခုအဖြစ် ညွှန်းပေးလိုက်ရပါတယ်။မိုးပြာရောင်ကောင်းကင်ကြီးအောက်မှာရှိတဲ့ ပြာလဲ့လဲ့ပင်လယ်ပြင်ကြီးကို မလှဘူးလို့ပြောနိုင်တဲ့လူရယ်လို့ ရှိမယ်မထင်ပါဘူး။ ဒါပေမဲ့ မာယာများလွန်းတဲ့ဒီပင်လယ်ကြီးဟာ အလှတရားတွေနဲ့အတူ အန္တရာယ်တွေ ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတာကိုတော့ အားလုံးလက်ခံရမှာပါ။ဒီဇာတ်ကားလေးထဲမှာတော့ အဏ္ဏဝါဗေဒ PhD ကျောင်းသူလေးဖြစ်တဲ့ ကိုယ်ထင်ရာလုပ်တတ်ပြီး စည်းမျဉ်းတွေကို သိပ်ဂရုမစိုက်တတ်တဲ့ ချာလီဝက်ဂ်နာတစ်ယောက် ဌာနချုပ်မှာ ပြဿနာဖြစ်ခဲ့တာကြောင့် ဝေးလံခေါင်ဖျားတဲ့ကျွန်းတစ်ကျွန်းကိုပို့ခံလိုက်ပါတယ်။ လူသူသိပ်မရှိတဲ့ကျွန်းဆိုတော့ ချာလီတစ်ယောက် ပျင်းခြောက်ခြောက် ကုန်ဆုံးရမဲ့ နွေရာသီကာလကိုကြိုတွေးရင် စိတ်ပျက်နေတာပေါ့။ ဒါပေမဲ့ မာယာတွေပြည့်နှက်နေတဲ့ ပင်လယ်ကြီးက ချာလီကို စိန်ခေါ်မှုတွေနဲ့ စောင့်ကြိုနေတာကိုတော့ သူမသိခဲ့ပါဘူး။ချာလီတစ်ယောက် ပင်လယ်အခြေအနေကို စူးစမ်းဖို့သွားရင်းနဲ့ သာမန်ထက်များပြားနေတဲ့ မီးတောက်ရေခဲလို့တင်စားကြတဲ့ မီသိန်းခဲတွေ အများအပြားတွေ့ရတာကတစ်ကြောင်း၊ လူတွေကိုအန္တရာယ်မပြုတတ်တဲ့ ဝေလငါးတွေ ပင်လယ်ကဏန်းတွေလိုပင်လယ်သတ္တဝါကြီးတွေက လူတွေကိုရန်ပြုနေတဲ့ ထူးဆန်းတဲ့ဖြစ်ရပ်တွေ ...
6.736
TMDb:
6.736/10
36 votes
tv
The Swarm (2023)
2023
8.4
Around the World in 80 Days (2021) (Season 1 Complete)
Around The World In 80 Days (2021) မြေအောက်ခရီး (Journey to the Center of The Earth) နဲ့ ပင်လယ်ရေအောက်ခရီး (Twenty Thousands Leagues Under the Sea)၊ ဆန်းကြယ်ကျွန်း (The Mysterious Island) ဆိုတဲ့ စာအုပ်တွေနဲ့အတူ တွဲသိကြမှာ သိပ္ပံစာရေးဆရာကြီး ဂျူးလ်ဗန်းစ် (Jules Verne) (1828-1905) ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာပတ်လည် ရက်ရှစ်ဆယ် ဆိုပြီး ကင်ပွန်းတပ်ကြတဲ့ Around The World in 80 Days ကိုတော့ သူ့ရဲ့လက်ရာလို့ သိတဲ့သူ နည်းကြပါလိမ့်မယ်။ ဒဂုန်ရွှေမျှား၊ သခင်ဘသောင်းနဲ့ နတ်နွယ်တို့ရဲ့ ဘာသာပြန်စာအုပ်တွေလည်း ဖတ်ဖူးရင် ဖတ်ကြပါလိမ့်မယ်။ ဒီနိုင်ငံမှာတော့ Around the World in ...
8.4
TMDb:
8.4/10
11 votes
tv
Around the World in 80 Days (2021) (Season 1 Complete)
2021