Channel Myanmar

Liao Jinfeng

Song of the Moon (2022)
Song of the Moon (2022) ရှန်းရှဇာတ်လမ်းတွဲတွေကိုမျှော်နေတဲ့ CM ပရိသတ်တွေအတွက်အသစ်ထွက်ရှိလာတဲ့ ရှန်းရှဇာတ်ကားလေးကိုရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။Main Cast တွေကတော့ မကြာသေးခင်ကမှဇာတ်သိမ်းသွားတဲ့ A romance of little forest ထဲကမင်းသား Jiang Bin Bin နဲ့ Love Scenery ထဲကမင်းသမီး Xu Lu တိုပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့Liu Shao က ဘဝကိုအပူအပင်ကင်းကင်းဖြတ်သန်းနေတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာသူမဟာ ထူးဆန်းပြီးလျှိဝှက်ဆန်းကြယ်တဲ့လူတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီး သူမရဲ့အနာဂတ်ကိုသုံးရက်တာပျော်ရွှင်မှုနဲ့လဲလှယ်ခဲ့ပါတယ်။ထိုသူဟာ လျှိဝှက်တဲ့နတ်ဘုရား Lu Li ဖြစ်ပြီးသူမဟာ ထိုသူနဲ့ပတ်သက်မိရာကနေ နတ်ဘုရားနဲ့မိစ္ဆာတွေရဲ့ အရှုပ်အထွေးတိုက်ပွဲတွေကြားကိုကျရောက်သွားခဲ့ရပါတယ်။ သူမဟာ အခက်အခဲမျိုးစုံကိုကြုံတွေ့ဖြတ်သန်းရပါတော့တယ်။ ဒီလိုနဲ့ Liu Shao နဲ့နတ်ဘုရား Lu Li ကြားသံယောဇဥ်တွေရစ်ပတ်ပြီးအချစ်တစ်ခုပေါက်ဖွားလာတဲ့အခါ...ချစ်ရတဲ့သူတွေကိုကာကွယ်ဖို အခက်အခဲဒုက္ခမျိုးစုံကို ဖြတ်သန်းရပြီး ၊မိမိနှလုံးသားဆန္ဒများကိုဘေးဖယ်ထားပြီး၊လောကရဲ့ဘေးကင်းအေးချမ်းမှုကို ဦးစားပေးရချိန်မှာတော့...သူတို ကံကြမ္မာကိုပြောင်းလဲနိုင်မလား။ရှန်းရှကားတိုရဲ့ထုံးစံအတိုင်း အချို အရို အငို ရသမျိုးစုံခံစားကြည့်ရှုရမှာမိုမလွတ်တမ်းစောင့်မျှော်ကြည့်ရှုလိုက်ကြပါဦးနော်။(အညွှန်းရေးသားထားသူကတော့ Yin Wai Phyo ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal ...

Song of the Moon (2022)

2022