Channel Myanmar

Liu Mengrui

Shining Just For You (2022)
Shining Just For You (2022) CM ကနေမှ ကားကောင်းလေးတစ်ကားဖြစ်တဲ့Shining Just For You ဆိုတဲ့ရှေးခေတ်ကားလေးတစ်ကားကို ညွှန်းပေးချင်ပါတယ်...ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်.....ယဲ့လင်စွမ်းနဲ့ ချီဟိုင်‌ရွေတိုဟာ ယဲ့ပေပြည်ရဲ့မြက်ခင်းလွင်ပြင်မှာအတူတူကြီးပြင်းခဲ့ကြပြီး မျိုးနွယ်စုကလူတွေရဲ့ ပစ်ပယ်မှုကိုခံနေရတဲ့ယဲ့လင်စွမ်းအပေါ်မှာ ယဲ့ပေရဲ့မင်းသမီး(၇) ဖြစ်တဲ့ ချီဟိုင်ရွေကတော့အမြဲဖေးမကူညီပေးခဲ့ပါတယ် အဲ့ဒါကြောင့်လည်းလင်စွမ်းတစ်ယောက် မင်းသမီးအပေါ်မှာ တစ်သက်လုံးသစ္စာခံသွားမယ်လို ဆုံးဖြတ်ထားခဲ့ပါတယ်.....ယဲ့ပေကို သိမ်းပိုက်ချင်တဲ့ တချောင်ပြည်ရဲ့ ဧကရာဇ်ကောင်း ယွိရှိးမင်ကတော့ထိမ်းမြားလက်ထပ်ပွဲကို ငြင်းပယ်မှာ သေချာနေတဲ့ ချီဟိုင်ရွေကိုတောင်းရမ်းခဲ့ပါတယ် ဘာလိုဒီလိုလုပ်ရတာလဲဆိုရင်နှစ်ပြည်စစ်ဖြစ်ပွားတော့မှ ယဲ့ပေကို သိမ်းပိုက်နိုင်မှာမိုလိုပါပဲ....တိုင်းပြည်နဲ့ ပြည်သူတွေကို ဒုက္ခမရောက်စေချင်တဲ့မင်းသမီးလေးရဲ့ ဆုံးဖြတ်ချက်ကတော့ကိုယ့်ကိုယ်ကိုယ် ချောက်ကမ်းပါးပေါ်ကနေ ခုန်ချပြီးအဆုံးစီရင်သွားခြင်းပဲဖြစ်ပါတယ်...ယဲ့ပေပြည်လည်း ပြိုလဲပြီး အချစ်ရဆုံးသူငယ်ချင်းကိုလည်းဆုံးရှုးလိုက်ရတဲ့ ယဲ့လင်စွမ်း တစ်ယောက်ပိုင်လုဆိုတဲ့ နာမည်ကိုပြောင်းပြီးနောက်မှာတော့တချောင်ရဲ့ နန်းတွင်းထဲကိုဝင်ရောက်ပြီးဧကရာဇ်ကောင်းကို လုပ်ကြံဖို တချောင်ပြည်ကိုရောက်ရှိလာခဲ့ပါတယ်....အဲ့ဒီနောက်မှာတော့ လက်စားချေဖိုရောက်လာတဲ့ ပိုင်လုနဲ့ ယွိရှိးမင်တိုမေတ္တာရှိသွားခဲ့ပြီးနောက်ပိုင်းမှာ အချစ်က လူတွေကိုထုံထိုင်းသွားစေနိုင်တာကြောင့် ယဲ့လင်စွမ်းတစ်‌ယောက်ကလဲ့စားချေမယ့်အစီစဉ်ကို ဆက်လုပ်ဖြစ်သွားမှာလား........ဒီကားလေးရဲ့ Casts တွေအနေနဲ့ကတော့-Prince of Lanling ,The story of Minglan ထဲကမင်းသားFeng Shaofeng ...

Shining Just For You (2022)

2022