Channel Myanmar

Lu Xiaolin

Fantastic Doctors ( 2023 )
Fantastic Doctors ( 2023 ) ဒီဇာတ်လမ်းတွဲလေးကတော့ ကိုရီးယားမှာ တစ်ခေတ်တစ်ခါက အရမ်းကို နာမည်ကြီးခဲ့တဲ့ The Good Doctor ဆိုတဲ့ဇာတ်ကားလေးကို remake ပြန်ရိုက်ထားတာဖြစ်ပါတယ် ။ main lead အနေနဲ့ ဟိုတလောလေးကမှ lost you forever နဲ့ အရမ်း hit ဖြစ်ထားတဲ့ မင်းသား Zhang Wang Yi ပါဝင်ထားပြီး တခြားနာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီးတွေလည်း အများကြီးပါဝင်ထားတော့ ကြည့်ရတာ ရှယ်ပဲနေမှာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ - Asperger's Syndrome လို့ခေါ်တဲ့ ပေါင်းသင်းဆက်ဆံရေးအခက်အခဲရှိတဲ့ရောဂါရှိနေတဲ့ ချန်ဟွေးတစ်ယောက် ဆေးကျောင်းကနေဘွဲ့ရခဲ့ပါတယ် ။ သူက အဲဒီရောဂါရှိနေပေမဲ့ တစ်ဖက်မှာလည်း ဉာဏ်ကြီးရှင်ဖြစ်နေပြန်ပါတယ် ။အဲဒီလိုနဲ့ ဘယ်ဆေးရုံကမှသူ့ကိုလက်မခံခဲ့ပေမဲ့ စုန့်ကျားဆေးရုံက ဆေးရုံအုပ်က သူကပါရမီရှင်ဖြစ်ပြီးလက်မလွှတ်ချင်တာကြောင့် အားလုံးဝိုင်းတားနေတဲ့ကြားက ဆေးရုံမှာ house ဆင်းဖို့အလုပ်ခန့်လိုက်ပါတော့တယ် ။Asperger's Syndrome ရှိနေတဲ့ချန်ဟွေးတစ်ယောက် ဆေးရုံမှာ မကြာခနဆိုသလို လူနာရှင်တွေနဲ့ပြဿနာတတ်ရ ပြန်အတိုင်ခံရနဲ့ ဖြစ်လာခဲ့ပါတော့တယ် ။ ဆေးရုံကလည်း house ဆင်းနေတဲ့ဆရာဝန်တွေထဲကမှ နှစ်ယောက်ကိုပဲ ဆေးရုံမှာ ဆက်ပြီးအလုပ်လုပ်ခွင့်ပေးမယ်ဆိုလာသောအခါ..ချန်ဟွေးတစ်ယောက် သူရဲ့ရည်မှန်းချက်ဖြစ်တဲ့ ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်ချင်တဲ့ အိပ်မက်ကိုလက်လျှော့လိုက်ရမလား ? ဘယ်လိုတွေကြိုးစားသွားမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ ...

Fantastic Doctors ( 2023 )

2023