Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ludwig Trepte
8
1864 (2014)
စစ်ပွဲတွေဆိုတာ အကျည်းတန်ပါတယ်။စစ်တိုက်ရသူ၊ ရှုံးရသူ၊ နိုင်သွားသူ ဘယ်ဘက်မှာမဆိုအပျက်အစီး၊ အဆုံးအရှုံးဆိုတာတော့ ရှိစမြဲပါပဲ။ ဒီ 1864 ဆိုတဲ့ War, Drama မီနီစီးရီးက Dano-Prussian War လို့ခေါ်တဲ့ဒုတိယရှလေးရှ်ဝစ်စစ်ပွဲကို အခြေခံထားပါတယ်။Ole Bornedal က ဖန်တီး ရိုက်ကူးပေးထားပြီးဒန်းနစ်ရှ်စကားပြော စီးရီးဖြစ်ပါတယ်။ ပထမရှလေးရှ်ဝစ်စစ်ပွဲကြီး ပြီးသွားတဲ့နောက် စစ်သားအသီးသီးလည်းကိုယ့်နေရပ်ဆီ ပြန်လာခဲ့ကြပြီ။ မြို့စားကြီးရဲ့သားဖြစ်သူ ဒစ်ခဟစ်ရယ် ပီတာတို့၊ လောက်စ်တို့ရဲ့ ဖခင်တို့ရယ်ကလည်းကိုယ့်ရွာလေးဆီကို ပြန်လာခဲ့ကြတယ်။ တစ်ယောက်က စစ်ပွဲက ပေးခဲ့တဲ့ စိတ်ဒဏ်ရာ၊ တစ်ယောက်ကစစ်ပွဲကြောင့်ရခဲ့တဲ့ ခြေထောက်ဒဏ်ရာ အသီးသီးနဲ့ပေါ့။ ပီတာတို့အဖေ ဖြစ်သူက အဲဒီဒဏ်ရာနဲ့ပဲ ကွယ်လွန်သွားခဲ့ပြီးစိတ်ဒဏ်ရာရခဲ့တဲ့ ဒစ်ခဟစ်ကတော့ စိတ်က သိပ်မမှန်ချင်သလိုဒေါသတွေ ကြီးတတ်လာပြီး မဟုတ်မဟတ်တွေလည်းသိပ်လုပ်လာပါတယ်။ပီတာနဲ့ လောက်စ်တို့ကလည်း အိမ်ရာမြေ အကျိုးဆောင်မန်နေဂျာရဲ့သမီး အင့်ဂ်နဲ့ သူငယ်ချင်း ဖြစ်လာကြတယ်။ နိုင်ငံရေး အင်အားစုတွေရဲ့ အတ္တတွေ၊ မာနတွေနဲ့အလိမ်အညာစကားတွေကြောင့် ဒုတိယရှလေးရှ်ဝစ်စစ်ပွဲကြီးဖြစ်ဖို့ တာဆူလာပြန်ပါပြီ။ ဒီတစ်ချိန်မှာတော့ ပီတာတို့ လောက်စ်တို့က အရွယ်ရောက်လာပြီဖြစ်တဲ့အတွက် စစ်ထဲဝင်ဖို့ ထွက်သွားကြတယ်။တောရွာလေးမှာပဲ တစ်သက်လုံး ...
8
TMDb:
8/10
33 votes
tv
1864 (2014)
2014