Channel Myanmar

Mary Elizabeth Winstead

A Gentleman in Moscow (2024) 9
A Gentleman in Moscow (2024) A Gentleman in Moscow (2024) Genre – Drama, History, Thriller IMDB – 6.4/10Obi-wan နေရာက သရုပ်ဆောင် အင်္ဂလိပ်မင်းသားကြီး Ewan McGregor ခေါင်းဆောင်ပါဝင်ထားတဲ့ ၈ ပိုင်း ပါဝင်တဲ့ မီနီစီးရီးအသစ် ဖြစ်ပါတယ်။ တကယ့်အပြင်မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ကြီးပေါ် မူတည်ပြီး ဇာတ်လမ်းဆင် ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကြောင်း မပြောခင် ဒီ အဖြစ်အပျက်အကြောင်း အရင်ရှင်းပြချင်ပါတယ်။၁၉၁၇ ခုနှစ် ရုရှားနိုင်ငံမှာ အောက်တိုဘာတော်လှန်ရေး၊ ဘော်ရှီဗစ်တော်လှန်ရေး စသဖြင့်အမည်တွေနဲ့ လူသိများကြတဲ့ ကွန်မြူနစ် အစိုးရကို ဖြစ်လာစေတဲ့ လူထုတော်လှန်ရေးကြီးတစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ အစာရေဆာတွေ ရှားပါးပြီး ဆင်းရဲချမ်းသာ ကွာဟမှု အလွန်ကြီးမားနေတဲ့အချိန် လီနင်ဦးဆောင်တဲ့ ကွန်မြူနစ်ပါတီက ပြည်သူနဲ့ စစ်တပ်ပူးပေါင်းပြီး ဇာဘုရင်အုပ်ချုပ်ရေးကို နန်းချကာ ပထမဆုံး ကွန်မြူနစ်အစိုးရ ဖြစ်လာခဲ့ပါတော့တယ်။အခု ဒီဇာတ်လမ်းလေးထဲမှာတော့ ဒီတော်လှန်ရေးကြီးအပြီးမှာ ကွန်မြူနစ်ပါတီက အထက်တန်းလွှာ လူကုံထံတွေကို ကွပ်မျက်ဖိနှိပ်သုတ်သင်နေတဲ့အချိန်ပေါ့ဗျာ။ မြို့စားမင်း အလက်ဇန္ဒား ...
9
TMDb: 9/10 2 votes
tv

A Gentleman in Moscow (2024)

2024
Scott Pilgrim Takes Off (2023) 8.2
Scott Pilgrim Takes Off (2023)  Netflixကနေပြီးတော့ ကြည့်လို့ကောင်းတဲ့ နောက်ထပ်spin off seriesလေးတစ်ခုတင်ဆက်လိုက်ပြန်ပါပြီ။မူရင်း Scott Pilgrim Comicကိုအခြေခံကာ adventureaction animationစီးရီးအဖြစ်ထွက်ရှိလာတာဖြစ်ပြီးအသံသရုပ်ဆောင်ပေးထားတဲ့ actorsတွေကလည်း၂၀၁၀ခုနှစ်က Scott Pilgrim vs. the Worldဇာတ်ကားထဲကသရုပ်ဆောင်တွေပါပဲ။ဆိုတော့ကပ္ပတိန်အမေရိကChris Evans၊ကပ္ပတိန်မာဗယ်Brie Larsonစတဲ့ ပရိသတ်အကြိုက် သရုပ်ဆောင်တွေလည်းပါတာပေါ့။ဇာတ်လမ်းအကျဥ်းကို ဆက်ကြပါစို့...။Scott Pilgrimဆိုတာကတော့ Ramona Flowersဆိုတဲ့ကောင်မလေးကို ကြိုက်မိတဲ့ အလုပ်အကိုင်မရှိနဲ့ဂစ်တာတီးဝိုင်းကကောင်လေးတစ်ယောက်ပါ။ဘယ်လောက်ကြိုက်မိလဲဆိုရင် အိပ်မက်ထဲအထိတောင်ထည့်မက်ရအောင်ကြိုက်ပါတယ်။သူအဲ့လောက်ကြိုက်မယ်ဆိုရင်လည်း ကြိုက်ချင်စရာပဲဗျ...ဘာလို့ဆို anmiatedပုံစံနဲ့ Ramonaလေးက အတော်ကိုချစ်စရာကောင်းတဲ့ပုံစံလေးပါ။သို့ပေမယ့် ဒီကောင်မလေးကို‌ လွယ်လွယ်နဲ့ကြိုက်ချင်တိုင်းကြိုက်လို့မရအောင် လိုက်နှောင့်ယှက်တဲ့သူတွေရှိနေပါတယ်...။သူတို့တွေကတော့ Ramonaရဲ့ ရည်းစားဟောင်း ဇိုး၇ယောက်နဲ့ဖွဲ့စည်းထားပြီး ရှေ့လူထက်နောက်လူ လက်စွမ်းထက်တဲ့ရည်းစားဟောင်းဇိုးများအဖွဲ့ပဲဖြစ်ပါတယ်။Ramonaကို ကြိုက်ချင်ရင် ဒီရည်းစားဟောင်း ဇိုး၇ယောက်ကိုအနိုင်ယူပြီးမှ ကြိုက်လို့ရပါမယ်...။ဒီတော့ Scott Pilgrimတစ်ယောက် Ramonaနဲ့လက်တွဲနိုင်ဖို့အတွက်ရည်းစားဟောင်းဇိုးများအဖွဲ့ကို အနိုင်ယူနိုင်ပါ့မလား...။အကယ်၍များ အနိုင်မယူနိုင်ဘဲ အသက်သေဆုံးသွားခဲ့ရင်ရောဇာတ်လမ်းကဘယ်လိုဆက်မလဲ...စတာတွေကို action ဆန်ဆန်မြင်တွေ့ရမှာမို့ ကြည့်ဖြစ်အောင်ကြည့်သင့်တဲ့ စီးရီးလေးပါပဲ...။၂၀၁၀ထွက်ဇာတ်ကားလေးကလည်း အတော်ကောင်းတဲ့ကားလေးမို့မကြည့်ရသေးရင်CMမှာ ရှာကြည့်နိုင်တာမို့ ထပ်မံညွှန်းပေးလိုက်ပါတယ်ဗျ။  File Size –  727 MB ...
8.2
TMDb: 8.2/10 196 votes
tv

Scott Pilgrim Takes Off (2023)

2023
Ahsoka (2023) 8.333
Ahsoka (2023) စတားဝေါစီးရီးအသစ်တစ်ခု ဒစ္စနေးကနေ ထွက်ရှိလာပါပြီ။ ဒီတစ်ခါကတော့ ဂျဒိုင်းတစ်ယောက်ဖြစ်တဲ့ အာဆိုးကာ တာနိုရဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။ အာဆိုးကာ တာနာဟာ ကလုန်းစစ်ပွဲကာလမှ နာမည်ကြီးလာတဲ့ ဂျဒိုင်းသူရဲကောင်းဖြစ်ပြီး၊ စွမ်းအားအကြီးဆုံး ဂျဒိုင်းတွေထဲက တစ်ယောက်ဖြစ်တဲ့ အနာကင်စကိုင်းဝေါ်ကာ (ဒါ့ဗိတ်ဒါ)ရဲ့ လက်ထောက်တပည့်ရင်းလည်းဖြစ်ခဲ့ပါတယ်။ အာဆိုးကာဟာ ဂျဒိုင်း ကာရိုက်တာတွေထဲမှာ လူကြိုက်အများဆုံးထဲက တစ်ယောက်ဖြစ်ပြီး တူဂရူတာ မုဆိုးဂြိုလ်သားမျိုးနွယ်ဝင်လည်း ဖြစ်ပါတယ်။ ဆစ်သ်တွေထဲက နာမည်ကြီး ဒါ့သ်မောကိုလည်း ကလုန်းစစ်ပွဲကာလအတွင်း အနိုင်တိုက် ဖမ်းဆီးနိုင်ခဲ့ပြီး ဂျဒိုင်းတွေနဲ့ မန်ဒါလိုရီရန်တွေကြားက အငြိုးတွေကို ကျေလည်စေခဲ့ပြီး မန်ဒါလိုရီရန်သူတစ်ယောက်ဖြစ်တဲ့ ဆဘင်းဝရန်ကိုလည်း လက်ထောက်အဖြစ် လက်ခံသင်ကြားပေးခဲ့ပါတယ်။ကလုန်းစစ်ပွဲအစမှာ အာဆိုးကာဟာ အလင်းဓားအဖြူတစ်ချောင်းနဲ့ ထူးထူးခြားခြားစတင်ခဲ့ပေမဲ့ တဖြည်းဖြည်းနဲ့ အလင်းဓားနှစ်ချောင်းနဲ့တိုက်ခဲ့တဲ့သူ ဖြစ်လာခဲ့ပါတယ်။ ရန်သူရဲ့အလင်းဓားတွေကိုပါ ပိတ်ပစ်နိုင်တဲ့ အစွမ်းရှိတဲ့လူသုံးယောက်ထဲမှာ တစ်ယောက်အပါအဝင်ဖြစ်လာပါတယ်။ ကျန်တဲ့နှစ်ယောက်က မာစတာယိုးဒါးနဲ့ The Son ပါ။ ဒီဇာတ်လမ်းမှာတော့ အင်ပါယာကျဆုံးပြီး ပြည်ထောင်စုသစ် ဖြစ်ခါစ ...
8.333
TMDb: 8.333/10 9 votes
tv

Ahsoka (2023)

2023