Channel Myanmar

Matthew Waterson

X-Men ’97 (2024) 9
X-Men ’97 (2024) 1992 ကနေ စပြီး နာမည်ကြီးခဲ့တဲ့ X-Men: The Animated Series ရဲ့အဆက်အဖြစ် ထွက်ရှိလာတဲ့ ကာတွန်းစီးရီးအသစ်ပါ။အရင်ဇာတ်လမ်းနဲ့ ဆက်စပ်တာလေးတွေပါပေမဲ့ ဇာတ်လမ်းထဲကဒိုင်ယာလော့တွေနဲ့ ရှင်းပြသွားတာမို့ အဟောင်းတွေကိုမကြည့်ဘဲ ကြည့်လို့ရပါတယ်။ဇာတ်လမ်းကောင်းကောင်း ရုပ်ထွက်ကောင်းကောင်းမို့စူပါဟီးရိုးဖန်တွေ အကြိုက်တွေ့မှာပါ ဇာတ်လမ်းအကျဉ်းရုပ်ရှင်တွေထဲကအတိုင်းပါပဲ လူတွေထဲမှာ သန္ဓေပြောင်းလူသားတွေကိုကြောက်လန့်ပြီး ရှင်းပစ်ချင်နေကြတာတွေရှိကြတယ်။သန္ဓေပြောင်းတွေထဲမှာလို မဂ္ဂနီတိုတို့လို လူတွေကိုအနိုင်ယူချင်တာတွေရှိတယ်။ ဒါပေမဲ့ ချားစ် ဇေးဗီးရားရဲ့ X-Men အဖွဲ့တွေဟာလူတွေနဲ့ သန္ဓေပြောင်းလူသားတွေကြား ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ဖို့ တိုက်ခိုက်ကြိုးစားပေးနေကြဆဲပါပဲ။ဒီ စီးရီးကတော့ ချားစ် ဇေးဗီးယားကို လုပ်ကြံခံရပြီးနောက်ပိုင်းဆိုက်ကလော့ က X-Men တွေကို ဦးဆောင်ပြီးစစ်ဆင်ရေးတွေ ဆက်လုပ်နေချိန်မှာ ချားစ်ဟာမသေခင် X-Menတွေကို ဦးဆောင်ဖို့ ဘယ်သူမှမထင်ထားတဲ့ မဂ္ဂနီတိုကို တာဝန်ပေးခဲ့တာကို သိခဲ့ရပါတယ်။လူ့ဂွစာ ရန်သူ/မိတ်ဆွေဟောင်း မဂ္ဂနီတိုနဲ့ X-Men တွေဘာ အန္တရာယ် အသစ်တွေကို ရင်ဆိုင်ကြမလဲ ဒီစီးရီးမှာတွေ့ရမှာပါ။အပိုင်းဆယ်ပိုင်းရှိမှာဖြစ်ပြီး အပတ်စဉ် တင်ဆက်သွားမှာပါ။ File size…    800 MB ...
9
TMDb: 9/10 32 votes
tv

X-Men ’97 (2024)

2024
A Tale Dark & Grimm (2021) 7.7
A Tale Dark & Grimm (2021) A Tale Dark And Grimm (2021)====================== IMDb Rating - 7.3/10Rating အလန်းစားလေးနဲ့ရတဲ့နောက်ထပ် aminated series လေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ အိပ်ရာဝင်ပုံပြင်တွေ နတ်သမီးပုံပြင်တွေဟာ ချစ်စရာအကောင်လေးတွေ နတ်သမီးလေးတွေရဲ့အ‌‌ေကြာင်းကို ဇာတ်လမ်း လေးတွေရေးဖွဲ့ကြတာဆိုပေမယ့်။ ဒီဇာတ်လေးကတော့ တစ်မျိုးတစ်ဖုံကို ကွဲထွက်နေပါတယ်။  ဇာတ်လမ်းရှည်ဖြစ်တာနဲ့အညီ တစ်ပိုင်းပြီးတစ်ပိုင်း မြှုပ်ကွက်တွေ လှည့်ကွက်တွေနဲ့ ဆွဲဆောင်သွားတာအတော်ကိုကြည့်လို့ ကောင်းတဲ့ adventure ဆန်ဆန် series လေးပါ။ဇာတ်လမ်းအကျဉ်းကိုပြောပြရရင် ဂရင်းဆိုတဲ့တိုင်းပြည်မှာ ဟန်ဆယ်နဲ့ ဂရေတယ်ဆိုတဲ့ ဘုရင့်သားတော်နဲ့သမီးတော်ရှိပါတယ်။ ဒီအမွှာနှစ်ယောက်ပဲ ရှိတဲ့အတွက် ဘုရင်ကြီးနဲ့ ဘုရင်မကြီးဟာသည်းသည်းလှုပ်ချစ်တာပေါ့။ ဒီလိုနဲ့ တစ်နေ့မှာဘုရင်နဲ့ဘုရင်မကြီးဟာ အကြောင်းတစ်စုံတစ်ရာမရှိပဲနဲ့ ဒီကလေးနှစ်ယောက်ကိုခေါင်းဖြတ်သတ်လိုက်တယ်။ ပြီးတော့မှကလေး နှစ်ယောက် ကိုမှော်အစွမ်းရှိတဲ့ကြိုးနဲ့ သူတို့ခေါင်းကိုပြန်ချုပ်ပေးလိုက်တယ်။ ကလေးနှစ်ယောက်လုံးပြန်အသက်ရှင်လာတယ်ဆိုပေမယ့် သေရွာကနေ ပြန်ရှင်လာတဲ့ ဟန်ဆယ်နဲ့ဂရေတယ်တို့ ဟာ သူတို့မိဘတွေကိုအရမ်းကြောက် သွားတယ်။ ကိုယ့်ကလေးနှစ်ယောက်လုံးခေါင်းဖြတ်ပြီးမှ ပြန်အသက်ရှင်စေတဲ့ ဒီမိဘတွေဟာ သူတို့ကိုတကယ်မချစ်လို့လား နောက်ထပ်ရောခေါင်းဖြတ်ခံရဦး မှာလားဆိုပြီး စိုးရိမ်စိတ်တွေနဲ့ နန်းတော်ကနေနှစ်ယောက်လုံးထွက်ပြေးကြတယ်။ ဟန်ဆယ်နဲ့ဂရေတယ်တို့သူတို့ကိုချစ်မယ့်ပြီးပြည့်စုံတဲ့မိသားစုကိုရှာဖွေရင်း သူမတူတဲ့ အခက်အခဲတွေကြုံရပါတော့တယ်။ ဘုရင်ကြီးနဲ့ ဘုရင်မကြီးဟာကိုယ့်ကလေးကို ခေါင်းဖြတ်သတ်လိုက်ရတဲ့အထိ ဘာအကြောင်းတွေများရှိနေလို့လဲ ၊ ဟန်ဆယ်နဲ့ ဂရေတယ်ကရော သူတို့ကိုတကယ်ချစ်တဲ့ပြီးပြည့်စုံတဲ့မိသာစုကိုရှာဖွေရင်းနဲ့ ဘယ်လိုအခက်အခဲတွေကြုံတွေရမလဲဆိုတာကြည့်ရှုပေးပါဦး ‌။(ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo ...
7.7
TMDb: 7.7/10 10 votes
tv

A Tale Dark & Grimm (2021)

2021