Channel Myanmar

Mikala Gibson

First Kill (2022) 8.316
First Kill (2022) ကျွန်မနာမည် ဂျူလီယက် ။ ရှင်တို့သိတဲ့ ဇာတ်လမ်းထဲက ဂျူလီယက်တော့မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်မအဖြစ်က ဒီဇာတ်လမ်းနဲ့ ခပ်ဆင်ဆင်ရယ်။ကျွန်မတို့တွေကို ရှင်တို့လူသားတွေက တစ်မျိုးခေါ်ကြပါသေးတယ်။ မကောင်းဆိုဝါး‌ကောင်တွေ မိစ္ဆာတွေတဲ့။ အတိအကျပြောရရင် ကျွန်မက သွေးစုပ်ဖုတ်ကောင်ပါ။ ဒါပေမယ့် ကျွန်မတို့က တခြားသွေးစုပ်ဖုတ်ကောင်တွေနဲ့ မတူဘူး။ နေ့အလင်းရောင်မှာ သွားလာနိုင်တယ် ။ လူသားအစားအသောက်တွေကို ပုံမပျက်စားပြီး ကျန်းမာစွာနေနိုင်တယ်။ နေ့ရက်တိုင်းမှာ ညဘက်ကျမှ ခိုးကြောင်ခိုးဝှက်ထွက်ပြီး လူသားသွေးကို အငမ်းမရလိုက်ရှာသောက်စရာမလိုဘူး။ အင်း…ဒါပေမယ့် တခါတရံတော့ ကျွန်မတို့ သွေးလိုက်စုပ်ကြတာပေါ့။ ဘာလို့လဲဆိုတော့ ကျွန်မတို့ ကိုယ်တွင်းက ပင်ကိုယ်ဗီဇလေ သိတယ်မဟုတ်လား။ ‌ကျွန်မကတော့ အဲဒီဗီဇကို ငြင်းဆန်တယ် ကျွန်မ သွေးမစုပ်ချင်ဘူး။ကျွန်မ မကောင်းဆိုးဝါးမဖြစ်ချင်ဘူး။ ကျွန်မက Legacy လို့ခေါ်တဲ့ အမွေခံသွေးစုပ်ကောင်အဆက်အနွယ်ကနေ မွေးဖွားလာတာပါ။ မွေးဖွားလာတာနော် ။ အကိုက်ခံရလို့ ဖြစ်တဲ့သွေးစုပ်ဖုတ်ကောင်မျိုးမဟုတ်ဘူး။ ပြီးတော့ ဒီအဆက်အနွယ်ထဲမှာမှ ကျွန်မအဘွားက ဩဇာအရှိဆုံးသူလေ။ ...
8.316
TMDb: 8.316/10 95 votes
tv

First Kill (2022)

2022