Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Morgan Taylor Campbell
6.0
The Imperfects (2022)
The Imperfects (2022)================ဒီစီးရီးကတော့ Netflix ကနေ လောလောလတ်လတ်ထွက်ထားတဲ့ စီးရီးသစ်တစ်ခုဖြစ်ပြီး Season(1) အနေနဲ့ဆယ်ပိုင်းတစ်ပြိုင်ထဲထွက် ရှိထားတာဖြစ်ပါတယ်။Action, Adventure, Drama အမျိုးအစားဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ မျိုးဗီဇချို့ယွင်းမှုတွေနဲ့မွေးဖွားလာတဲ့ လူငယ်တွေကို ဒေါက်တာဆာကော့ဗ်ဆိုတဲ့ဆရာဝန်နဲ့သူ့လက်ထောက်က ကုသဖို့ကြိုးစားရင်း၊ စမ်းသပ်ချက်တွေလုပ်ရင်း မထင်မှတ်ထားတဲ့ ရလဒ်တွေဖြစ်လာတဲ့နောက် ဒီလူငယ်တွေမှာအစွမ်းလို့ခေါ်လို့လည်းရသလို ထိန်းချုပ်မရနိုင်တဲ့အကျိုးဆက်တွေဖြစ်လာခဲ့ပါတယ်။ အကြမ်းဖျဥ်းအားဖြင့် ပြောရရင် Xmen တွေနဲ့သဘောတရားချင်းဆင်တူပြီး Character တည် ဆောက်ထားပုံတွေလည်းခိုင်မာကျစ်လစ်တယ်လို့ပြောလို့ရပါတယ်။ချူပါကာဘရာလို့ခေါ်တဲ့ဒဏ္ဍာရီလာသမန်းဝံပုလွေတစ်ပိုင်း၊ရုပ်ပြဝတ္ထုစာရေး ဆရာလူငယ်လေးဟွမ်ရူဝိစ်၊ အသံနဲ့ခြောက်လှန့်တတ်တဲ့အိုင်းရစ်ရှ်ဒဏ္ဍာရီလာ မကောင်းဆိုးဝါးမဘန်ရှီးလို အကြားအာရုံနဲ့အသံပါဝါတွေရလိုက်တဲ့ အညတရ တီးဝိုင်းတစ်ခုကအဆိုတော်မလေး တေလ်ဒါ၊ အိပ်ပျော်နေတဲ့ယောကျ်ားတွေဆီက ကာမဂုဏ်ကိုစားသုံးတတ်တယ်ဆိုတဲ့ဒဏ္ဍာရီလာနတ်ဆိုးမ ဆက္ကူဘတ်စ်လို သူ့ရဲ့ကိုယ်သင်းနံ့နဲ့ ကျား၊မ မရွေးကိုလိင်စိတ်အလွန်အမင်းကြွလာအောင် လှုံ့ဆော် နိုင်စွမ်းရှိသူ ဇီဝသိပ္ပံကျောင်းသူလေးအက်ဘီဆင်းဂ်၊ သူတို့ရဲ့ထိန်းချုပ်မရတဲ့ အစွမ်း တွေက ကောင်းခြင်းတွေကိုဦးတည်လာမလား၊ လက်ရှိကျိန်စာတစ်ခုလိုခံစားနေရ တာကနေ ဘယ်လိုရုန်းထွက်မှာလဲဆိုတာတွေအပြင် သူတို့ရဲ့စွန့်စားခန်းတွေကို စိတ်ဝင်တစားကြည့်ရှုရမှာပါ။(ဒီစီးရီးရဲ့ အညွှန်းကို Min Khant Bo မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသား ပေးသူများကတော့ Min Khant Bo, Alias, San Thu Aung, Htet Kyaw Myo တို့ ဖြစ်ပါတယ်။)File Size.............(350 MB) / (800 MB) Quality...............WEB-DL ...
6.0
TMDb:
6.0/10
1500 votes
tv
The Imperfects (2022)
2022