Channel Myanmar

Nadech Kugimiya

Doctor Detective (2023)
Doctor Detective (2023) Doctor Detective / အထောက်တော် ဆရာဝန် (2023)ခွန်ခေါင် အဖြစ် Nadech Kugimiya ကျိန်ကျီရာ အဖြစ် Kimmy Kimberly ထီထတ် အဖြစ် Alex Rendell မင်တရာ အဖြစ် Namwhan Phulitaဇာတ်လမ်းအကျဥ်း၂၀၀၀ ခုနှစ်အတွင်း GMP ဆေးသုတေသနဓာတ်ခွဲခန်းကြောင့် ရွာသားတွေ အဆိပ်မိမှုဖြစ်ပွားခဲ့တာမို့ ကူးစက်ရောဂါအထူးကုဒေါက်တာက အမိန့်စာနဲ့ ဓာတ်ခွဲခန်းကိုပိတ်ဖို့ကြိုးစားခဲ့ပါတယ် ဒီအချိန်မှာပဲ ဓာတ်ခွဲခန်းပေါက်ကွဲခဲ့ပြီး အထူးကုရော သူရဲ့ဇနီးဖြစ်သူ သုတေသနဆရာဝန်ပါမီးလောင်မှုမှာသေဆုံးခဲ့ရတယ်နှစ်၂၀ ကျော်ကြာပြီးနောက် ဆရာဝန်နှစ်ဦးရဲ့သားဖြစ်သူ ခွန်ခေါင်ဟာ အဖေဖြစ်သူလို ကူးစက်ရောဂါအထူးကုဆရာဝန်တစ်ယောက်ဖြစ်လာခဲ့ပြီး အာဖရိကနိုင်ငံတွေမှာကူးစက်နေတဲ့ အီဘိုလာရောဂါကို ထိုင်းနိုင်ငံမှာ ပထမဆုံးတွေ့ရှိခဲ့တယ်ကျိန်ကျီရာကတော့ နာမည်ကြီးသတင်းထောက်ပျိုလေးဖြစ်ပြီး ဒေါက်တာခွန်ခေါင့်ကို ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အင်တာဗျူးချင်နေတဲ့သူတစ်ယောက်ပေါ့ လက္ခဏာဆန်းတွေနဲ့သေဆုံးသူတွေ နောက်ထပ်ရှိလာချိန်မှာတော့ ဒေါက်တာခွန်ခေါင်ဟာ နောက်ကွယ်ကအကြောင်းအရာကိုရှာဖွေဖို့ကြိုးစားပါတော့တယ် သတင်းလိုချင်နေတဲ့ ကျိန်ကျီရာကလည်း ခွန်ခေါင်နောက်လိုက်ခဲ့ရင်း သူတို့နှစ်ယောက် ဒီဖြစ်ရပ်တွေနောက်မှာ ဘာအန္တရာယ်တွေရင်ဆိုင်လာရမလဲရောဂါဆန်းရှာဖွေရေးခရီးစဥ်မှာ နှလုံးသားရေးရာလေးတွေ ပါဝင်လာချိန်မှာတော့ ကျိန်ကျီရာ ၊ခွန်ခေါင်၊ မင်တရာ၊ ထီထတ်တို့ကြား ဘာတွေဆက်ဖြစ်လာမလဲ ရောဂါတွေရဲ့အကြောင်းအရင်းကိုရော ရှာနိုင်ပါ့မလားဆိုတာ ကြည့်ရှူရမှာပဲဖြစ်ပါတယ်အညွှန်းကိုတော့ Nue Nue က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Nue Nue, Nang ...

Doctor Detective (2023)

2023
The Kinnaree Conspiracy (2022) 8.5
The Kinnaree Conspiracy (2022) လုန်အင်း အဖြစ် Nadech Kugimiya ဖွတ်စွမ်းန် အဖြစ် Yaya urassaya ရိုဘတ် အဖြစ် New Chaiyapolဇာတ်လမ်းအကျဉ်းနရိုင်မင်းတရားကြီးလက်ထက် အယုဒ္ဓယပြည်ကြီးဟာ သာယာဝပြောခဲ့သလို အနောက်တိုင်းသားတွေနဲ့ ကုန်ကူးသန်းရောင်းဝယ်မှုတွေရှိနေပြီး နေရာတိုင်းဟာ နိုင်ငံခြားသား ကုန်သည်၊သံတမန်၊စစ်ရေးအရာရှိတွေနဲ့ ပြည့်နေပါတယ်မယ့်ယင်းဖွတ်စွမ်းန်က ဆုံးပါးသွားပြီဖြစ်တဲ့ နာမည်ကြီးသမားတော်တစ်ဦးရဲ့သမီးဖြစ်ပြီး ဖခင်ဖြစ်သူဆီက ဆေးပညာဗဟုသုတတွေကိုရယူကာ အစ်ကိုဖြစ်သူနောက်ကွယ်ကနေ ကုသပေးနေသူဖြစ်ပါတယ်လုန်အင်းထရာဖတ်ခ်ဒီကတော့ မြို့သူမြို့သားတွေရဲ့ ဘေးကင်းလုံခြုံမှုကိုတာဝန်ယူရတဲ့ တပ်ရင်းမှူးတစ်ယောက်ပါရိုဘတ်ကတော့ နရိုင်မင်းတရားကြီး ပြင်သစ်ဘုရင်ဆီကခေါ်ယူထားတဲ့ ပြင်သစ်သံတမန်အရာရှိနဲ့ရင်းနှီးသူ အရာရှိတစ်ယောက်ပဲဖြစ်ပါတယ်တစ်ရက် ရေနစ်သေသူအလောင်းပေါ်လာခဲ့ပြီး သေသူက ပြင်သစ်အရာရှိတစ်ဦးဖြစ်နေတဲ့အခါအရာရှိက ရေနစ်သေဆုံးသွားရုံမဟုတ်တဲ့အပြင် နန်းတွင်းထဲကမိန်းမပျိုတွေသာဝတ်တဲ့ ကိန္နရီဝတ်စုံကိုပါဝတ်ထားခဲ့တဲ့အခါ...ပြင်သစ်နဲ့အယုဒ္ဓယ နှစ်နိုင်ငံကြား ပဋိပက္ခတွေဖြစ်လာရပြီး ပြင်သစ်ဘက်က အကြောင်းပြကာ နိုင်ငံသိမ်းဖို့ ကြံလာပါတော့တယ်လုန်အင်း ၊ဖွတ်စွမ်းန်နဲ့ရိုဘယ်တို့က ဒီဖြစ်ရပ်ကြီးဖြစ်မလာအောင် အမှုမှန်ကို စုံစမ်းစစ်ဆေးပါတော့တယ်လုန်အင်းနဲ့ရိုဘယ်တို့ ဖွတ်စွမ်းန်အပေါ် ခံစားချက်တွေရှိလာတဲ့အခါ ဖွတ်စွမ်းန်တစ်ယောက် ဘယ်သူ့ကိုရွေးမလဲကိန္နရီအဆင်နောက်ကွယ်က လူသတ်သမားရောဖမ်းဆီးနိုင်ပါ့မလားဆိုတာ "ကိန္နရီဆင်နောက်ကွယ်က အမှန်တရား"ဇာတ်လမ်းတွဲမှာ ကြည့်ရမှာပဲဖြစ်ပါတယ် ။( အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ...
8.5
TMDb: 8.5/10 votes
tv

The Kinnaree Conspiracy (2022)

Finding Love (2015)
Finding Love (2015) Finding Love (2015)  စ / ဆုံးသမုဒယရိပ်မြုံ -------------------------------- နူနာ(နာရာ) ဆိုတဲ့ ဘဏ်သူဠေးကြီးရဲ့မြေးမလေးကမိခင်မေတ္တာငတ်ကာ ငယ်ငယ်ကတည်းက ဖခင်ဖြစ်သူနဲ့ ကွဲကွာခဲ့ရပါတယ်မိခင်ဖြစ်သူမှာ မိမိအတွက်ကိုသာ ကြည့်တတ်သူဖြစ်သောကြောင့်အဘိုး၏စောင့်ရှောင့်မှုနှင့်သာ ကြီးပျင်းလာခဲ့ရသူဖြစ်ပါတယ်။ဖခင်ဖြစ်သူကို လွမ်းဆွတ်တမ်းတနေသော နူနာ သည် ဖခင်ဖြစ်သူသက်ရှိထင်ရှားရှိနေမှန်း သိလိုက်ရသောအခါဖခင်ရှိရာ ဘိုခေါင်ခြံသို့ ဖခင်နှင့်တွေ့ဆုံဖို့ လိုက်လာခဲ့ပါတော့တယ်။ခြံသို့ ရောက်တဲ့အခါမှတော့ မိမိတွေးထားသလိုဖြစ်မလာပဲ အကြောင်းအမျိုးမျိုးကြောင့်မိမိဘဝအမှန်ကိုဖုံးကွယ်ကာ ခြံအလုပ်သမားလေး နူနာအဖြစ် နေထိုင်ခဲ့ရပါတယ်။ဖခင်နှင့် ရင်းနှီးခွင့်ရအောင် ကြိုးစားရင်း ခြံပိုင်ရှင် ခွန်စင် နှင့် အချစ်ဇာတ်လမ်း အစပျိုးလာပါတော့တယ်။နူနာ သည် ယာခင်းအလုပ်ကို မလုပ်ကိုင်ဖူးတဲ့အတွက် အလွဲလွဲ အချော်ချော်သာဖြစ်ခဲ့ရပါတယ်။ခွန်စင် မှာ စည်းကမ်း တင်ကျပ်သူဖြစ်သော်လည်း နူနာ့(နာရာ)အပေါ် ချစ်ခင်နှစ်သက်သောစိတ်ကြောင့်အရာရာကိုခွင့်လွှတ်နားလည်ပေးခဲ့ပါတော့တယ်။ခွန်စင် သည် နူနာ တစ်ခုခုဖုံးကွယ်ထားသည်ကိုသိသော်လည်းချစ်စိတ်နှင့်သာ အလုပ်တစ်ခုပြီးတစ်ခုပြောင်းပေးခဲ့ပါတော့တယ်။ခွန်စင် မှာ နိုင်ငံတော်ပိုင်သစ်တောတွေကိုကာကွယ်ရင်း ရန်သူတွေရှိလာပါတော့တယ်။နောက်ဆုံးတော့ နူနာ အလုပ်နေရာ အမှန်ကို ရောက်လာချိန်မှာတော့ ထင်မှတ်မထားတဲ့အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေကြားခွန်စင် နဲ့ နူနာ ...

Finding Love (2015)

2015
To Me, It’s Simply you (2021) 7.8
To Me, It’s Simply you (2021) "ရေသရက်ပင်အောက်က ချစ်ရိပ်ငယ်"Castsခရို / ထွန် အဖြစ် Nadech Kugimiya ချုမ်ဖူ့အဖြစ် Bow Maylada ဇာတ်လမ်းအကျဉ်းနောင့်ဖက်(ဂ်)ကယန်ရွာသားတစ်ယောက်ဖြစ်တဲ့ ခရိုဟာ ​ဘန်ကောက်မြို့မှာ အလုပ်လုပ်ရင်း သရုပ်ဆောင်မင်းသမီးတစ်ယောက်ကို ချစ်မိသွားခဲ့တယ်သူ့ရဲ့ယုံကြည်မှုကို အလွဲသုံးစားလုပ် လိမ်လည်ခံရပြီး ရွာကို ပြန်ခဲ့ရာက သူ့သူငယ်ချင်းဖြစ်သူ မဟုတ်မခံ စွာတေးလန်လေး ချုမ်ဖူ့နဲ့ ပြန်လည်တွေ့ဆုံခဲ့တယ်ရွာဓလေ့နဲ့ နေသားမကျတဲ့ ခရိုတစ်ယောက် အဖွားပိုင်လယ်မြေကို ရောင်းဖို့ ကြိုးစားရင်း ချူမ်ဖူ့နဲ့ တကျက်ကျက် ရန်ဖြစ်နေခဲ့ရတာပေါ့အချိန်တွေကြာလာပြီးနောက် ခရိုတစ်ယောက် ချုမ်ဖူ့ရဲ့ ဖြူစင်တဲ့စိတ်ထားကို မြင်လာပြီး သူတို့နှစ်ယောက် ခံစားချက်တွေ ပေါက်ဖွားလာနိုင်မလား ဆိုတာကို " ရေသရက်ပင်အောက်က ချစ်ရိပ်ငယ်" ဆိုတဲ့ အချစ်ဟာသဇာတ်လမ်းတွဲလေးမှာ ကြည့်ရှုကြရအောင်အိုးခိုင်မော့လို့ သိကြတဲ့ Bow Maylada ရဲ့ Channel 3 မှာ ပထမဆုံး ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲ တစ်ပုဒ်လည်းဖြစ်ပါတယ်( အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ပါ ...
7.8
TMDb: 7.8/10 votes
tv

To Me, It’s Simply you (2021)