Channel Myanmar

Nalla Sreedhar Reddy Gabbar

Vyooham (2023) 8
Vyooham (2023) Vyooham (2023) "လူကြီးလူကောင်း" IMDb - 8.0/10(function(f,b,n,j,x,e){})();Political Thrillerကိုမှ နိုင်ငံရေးလှည့်ကွက်တွေကိုဖုံးဖိဖို့လုပ်ရင် ဖြစ်လာတဲ့ရာဇဝတ်မှုတွေအကြောင်း ခပ်ပါးပါးပုတ်ထားတဲ့ Vyoohamဆိုတဲ့ စီးရီးလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ Biography နာမည်တပ်ပြီး အန်ဒရာပရာကက်ရှ်မှာကြီးစိုးနေတဲ့ YSRပါတီရဲ့ ငွေကြေးအလွဲသုံးစားမှုတွေ နိုင်ငံရေးအရှုပ်အရှင်းတွေကို ရိုက်ပြထားတဲ့ဇာတ်လမ်းတွဲဖြစ်နေတာနဲ့အညီ စွပ်စွဲချက်တွေ အငြင်းပွားမှုတွေကြားက ခက်ခက်ခဲခဲ certifiedဖြစ်လာတာမလို့ ပရိသတ်တို့ရှုစားဖို့ တင်ဆက်ပေးလိုက်ပါပြီ။လူတိုင်းက လေးစားချီးကျူးရတဲ့ ဗာနီရာမာချန်ဒရာဟာ သမာသမတ်ကျတဲ့ အမှန်တရားဘက်‌တော်သားရဲအရာရှိတစ်ယောက်ပီပီ ရာဇဝတ်သားတွေ လောဘသားတွေအတွက်တော့ မဟာရန်သူတော် ဆူးညှောင့်ခလုတ်တစ်ခုပေါ့။ ဒီလိုနဲ့ပဲ ရန်သူတွေများနေတဲ့ဗာနီတစ်ယောက် အကြမ်းဖက်နာဇယ်လ်တွေရဲ့သတ်ဖြတ်ခြင်းကိုခံလိုက်ရပြီး သားဖြစ်တဲ့ အာဂျွန်ကတော့ ဒါကိုကိုယ်တိုင်မြင်လိုက်ရတာပေါ့။ ဒီလိုနဲ့ပဲ အမေတူသားဖြစ်တဲ့အာဂျွန်ဟာလည်း အမေဖြစ်သူလိုပဲ ထက်မြက်ပြီးသမာသမတ်ကျတဲ့ရဲတစ်ယောက်ဖြစ်လာပါတော့တယ်။အန်ဒရာပရာကက်ရှ်ရဲ့ဝန်ကြီးချုပ်ဖြစ်တဲ့ YSRရဲ့သေဆုံးမှုကို စုံစမ်းရင်းနဲ့ ဝန်ကြီးရဲ့ ငွေကြေးအလွဲသုံးစားမှုကို အစဆွဲမိသွားတဲ့အာဂျွန်၊ YSRရဲ့ရာဇဝတ်မှုတွေကိုလိုက်ရှာရင်းနဲ့ တစ်ချိန်က အမေဖြစ်သူ ဗာနီကိုသတ်သွားတဲ့ အကြမ်းဖက်သမားတစ်ယောက် လွတ်မြောက်မှုမှာ ရဲဘက်ကရာထူးအကြီးပိုင်းတွေ ပါဝင်ပတ်သက်နေတာကို အာဂျွန်သဲလွန်စရသွားချိန်မှာတော့...။ဝါဒဖြန့်နေတဲ့ အလိမ်အညာရုပ်ရှင်ပါလို့ စွဲချက်တင်ခံရပြီး အချိန်အတော်ကြာ ဆိုင်းငံ့ခံထားရတဲ့ရုပ်ရှင်ဖြစ်တာမလို့ ဖြစ်ရပ်မှန်နိုင်ငံရေးဇာတ်ရှုပ်တွေကို စိတ်ဝင်စားတဲ့သူတွေအနေနဲ့ ကြည့်ရှုသင့်တဲ့ဇာတ်လမ်းတွဲလေးအဖြစ် ညွှန်းပေးလိုက်ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲ ဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ ...
8
TMDb: 8/10 1 votes
tv

Vyooham (2023)

2023
Vadhuvu (2023) 5.5
Vadhuvu (2023) Vadhuvu (TV Series 2023) "သတို့သမီး" IMDb - 8.0/101920: Horrors of the Heart(2023) ဟော်ရာကားထဲက မင်းသမီးချောလေး အေဗီကာဂေါ်ရ် အဓိကပါဝင်ထားပြီး Hotstar Specialကနေ အပိုင်း၇ခုနဲ့ ထုတ်လွှင့်ခဲ့ပါတယ်။ Hotstarကနေပဲထုတ်လွှင့်ခဲ့တဲ့ Indu(2021) web seriesကို ပြန်လည်ရိုက်ကူးထားတာမို့ စိတ်ဝင်စားစရာ ဇာတ်ကွက်တွေနဲ့ ထိတ်လန့်ဖွယ်မြင်တွေ့ကြရဦးမှာပါ။အင်ဒူဆိုတဲ့ မိန်းမပျိုလေးဟာ အကြောင်းအမျိုးမျိုးကြောင့် မင်္ဂလာပွဲကို သုံးကြိမ်တိုင်တိုင် ဖျက်သိမ်းခံထားရတဲ့ ကံဆိုးသူ သတို့သမီးလေးတစ်ယောက်။မင်္ဂလာပွဲနေ့ရက်ကျမှ ဂြိုဟ်ဆိုးဝင်ဝင်လာပြီး မင်္ဂလာပွဲကို ဖျက်သိမ်းလိုက်ရတာချည်း။ သူလိုပဲ မင်္ဂလာပွဲတွေဖျက်သိမ်းခံရတဲ့ သတို့သားတစ်ဦးနဲ့ နောက်ဆုံးမှာတော့ အကြောင်းပါပြီး အဖျက်အမှောင့်တွေကြားကပဲ မင်္ဂလာပွဲဖြစ်မြောက်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုမင်္ဂလာပွဲတွေဖျက်သိမ်းရတဲ့အကြောင်းအရင်းကပဲ သူတို့ဘ၀တွေမှာ အနှောင့်အယှက်တွေဖြစ်လာတဲ့အခါ...။လျောင်နောက်ဆံတုံးပါဆိုသလို အင်ဒူတစ်ယောက် ခင်ပွန်းသည်နောက်လိုက်သွားခဲ့ပြီးတဲ့နောက် ခင်ပွန်းသည်ရဲ့မိသားစုရဲ့ နောက်ကြောင်းအရှုပ်အထွေးတွေကြားမှာ ပါဝင်ပတ်သက်မိတဲ့အခါ...။ အရင် အင်ဒူစီးရီးမှာလိုပဲ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရင်တဖိုဖိုနဲ့ ခံစားကြည့်ရှုရမှာမို့ တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> ...
5.5
TMDb: 5.5/10 2 votes
tv

Vadhuvu (2023)

2023
Dhootha (2023) 7.2
Dhootha (2023) Dhootha 2023 IMDb 7.8/10 Horror "Dhootha " ဆိုတာ အစိုးရနဲ့ပြည်သူကြားကို အမှန်တရားတွေပို့ဆောင်ဆက်သွယ်ပေးသူ "Messenger" ဆိုပြီး ဂျာနယ်လစ်တွေကိုရည်ညွှန်းထားတဲ့ ဝေါဟာရတစ်ခုပါ ဂျာနယ်လစ်တစ်ယောက်အတွက်တော့ ဖောင်တိန်တစ်ချောင်းက အင်အားအကြီးဆုံးလက်နက်ပါပဲ ...(function(f,b,n,j,x,e){})();ဇာတ်လမ်းအစကတော့ ဆာဂါဗာရ်မာအဗူဒူရီကို အယ်ဒီတာချုပ်ရာထူးပေးအပ်ပွဲကစတယ်လို့ဆိုရမှာပေါ့ သူဒီရာထူးကိုရခဲ့တာတော့နည်းနည်းလေးကလိမ်ကျတယ်ဗျ ဒီရာထူးအတွက်လူကြီးတွေမှန်းထားတဲ့ ချားစ်ဆိုတဲ့လူက ရူးနေတာပါလို့လူကြီးတွေကိုပြောလိုက်လို့ ချားစ်အစား သူရလာခဲ့တဲ့ရာထူးတစ်ခု ဒီရာထူးနဲ့အတူ သူ့ဆီကိုရောက်လာမဲ့ ကံကြမ္မာဆိုးကိုတော့ သူကြိုတင်မြင်နိုင်စွမ်းမရှိခဲ့ဘူးပေါ့ရာထူးအပ်နှင်းပွဲပြီးလို့ အိမ်အပြန်လမ်းမှာဆီပြတ်လို့ စားသောက်ဆိုင်လေးထဲဝင်ထိုင်ရင်း ဆီစွန်းနေတဲ့သတင်းစာစာရွက်ပိုင်းလေးကို ယူဖတ်ကြည့်လိုက်တော့" 9-11-2022 ည 10:45:33 အချိန် နာမည်ကျော်အယ်ဒီတာချုပ် ဆာဂါရ်ဗာရ်မာအဗူဒူရီတို့ ကားအက်ဆီးဒင့်ဖြစ်ရာမှ ခွေးသေဆုံး "ဆိုတဲ့သတင်းခေါင်းစဉ်တစ်ခုကိုတွေ့လိုက်ရတယ်လက်ရှိအချိန်ကလည်း သတင်းစာပိုင်းထဲကအချိန်နဲ့ကွက်တိကျနေလို့ တွေဝေနေတုန်း ရပ်ထားခဲ့တဲ့ကားက တကယ်ကားတိုက်မှုထဖြစ်ပြီး ဒီကံကြမ္မာဆိုးကို လက်ဆင့်ကမ်းယူလိုက်မိသွားရာက...နောက်ထပ် ဘယ်လိုသတင်းစာပိုင်းတွေထပ်ရဦးမလဲ ဒီ‌ကျော့ကွင်းထဲက သူဘယ်လိုလွတ်အောင်ရုန်းနိုင်မလဲ အနာဂတ်ကိုကြိုသိရပေမဲ့ ရေးဆွဲပြီးသားကံကြမ္မာကို ပြောင်းလဲနိုင်စွမ်းရှိပါ့မလားဆိုတာကိုတော့....(အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး CM Bollywood Team မှဘာသာပြန်ဆိုပေးထားပါတယ် )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele ...
7.2
TMDb: 7.2/10 6 votes
tv

Dhootha (2023)

2023